Your cart is currently empty!
ဒီတခါမှာတော့ ကိုရီးယားနိုင်မှာ ကျောင်းလာတက်ကျမယ့် D-2 ဗီဇာလေးအကြောင်း ပြောပြပေးသွားပါ့မယ်။
D-2 ဗီဇာကိုတော့ ကိုရီးယားလို 유학 လို့ အတိုကောက် သတ်မှတ်ပြီး အလွယ်မှတ်ရင် ကျောင်းသားဗီဇာလို့ ပြောနိုင်ပါတယ်။ ဒီနေရာမှာ စာလေးနည်းနည်း သင်ရရင် 유학하다 ဆိုတဲ့ အဓိပ္ပါယ်က မိမိနိုင်ငံကနေ တခြားနိုင်ငံကို ကျောင်းသွားတက်တဲ့အခါမှာ သုံးတဲ့ အသုံးအနှုန်းလေးပဲ ဖြစ်ပါတယ်။
ကိုရီးယား နိုင်ငံသားတွေ တခြားနိုင်ငံကို ကျောင်းသွားတက်တဲ့ အခါမှာလည်း 유학하다 လို့ သုံးပါတယ်။ ကိုရီးယား အာဂျူးမားတွေ အချင်းချင်း ကြွားလုံးထုတ်တဲ့အခါမှာလည်း သုံးကြတယ်ဗျ၊ ဥပမာအနေနဲ့ 우리아들 미국으로 유학 갔어, 보냈어~ စသဖြင့် “ငါ့သားလေး US ကို ကျောင်းသွားတက်တယ် ကျောင်းနဲ့ ပို့လိုက်တယ်” စသဖြင့် ပြောတတ်ကြပါတယ်ပေါ့လေ။ ဒါက ကြုံတုန်း ရှင်းပြတာပါ 😁
D-2ဗီဇာ နဲ့ ဘယ်လောက်ထိနေနိုင်လဲဆိုရင်တော့ မိမိ တက်တဲ့ မေဂျာပေါ်မူတည်ပြီး ၂နှစ်သင်ကျောင်းဆို ၂နှစ်ရမှာဖြစ်ပြီး ၃နှစ်သင်မေဂျာဆို ၃နှစ် ၄နှစ်သင်မေဂျာဆို ၄နှစ်ရမှာဖြစ်ပါတယ်။
ဗီဇာ သက်တမ်းအနေနဲ့ကတော့ ၁နှစ်စီ ရမှာဖြစ်ပြီး အလွယ်ပြောရရင် Semester ၂ဖြတ်စာ ဖြစ်ပါတယ်။ တနှစ်တခါပဲ သက်တမ်းတိုးရမှာဖြစ်လို့ D-4 လောက်တော့ အလုပ်မရှုပ်တော့ပါဘူး၊ ဘွဲ့ရပြီးရင်တော့ အလုပ်ရှာဗီဇာ ဖြစ်တဲ့ D-10 ကို ပြောင်းနေရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆို ကျောင်းသားဗီဇာ D-2 အကြောင်း နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။ ဒီလိုစိတ်၀င်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ပြီးသိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal Edu Page ကို Like & Follow လေးလုပ်သွားခဲ့လို့ရပါတယ်။
#MyanGoalEdu #Education #Myanmar #Korea #D2visa #VisaSuccess







Leave a Reply
You must be logged in to post a comment.