Your cart is currently empty!
ကိုရီးယားနိုင်ငံရဲ့ ပိတ်ရက်များအကြောင်းပြောရရင်တော့ အစိုးရက အနီရက် (빨간날) အဖြစ်သတ်မှတ်ထားတဲ့ရက်တွေတော့ များစွာရှိနေတတ်ပြီး ထူးခြားတဲ့ ပိတ်ရက်ရှည်ကတော့
– 추석လို့ခေါ်တဲ့ ကိုရီးယားရိုးရာ ကောက်သစ်စားပွဲ ပိတ်ရက်ရယ်
– 설날လို့ ခေါ်တဲ့ နှစ်သစ်ကူး ပိတ်ရက်တွေဖြစ်ပြီး (တရုတ်နှစ်ကူး နဲ့လည်း) တူတူပါပဲ။
추석 (ချူဆော့)ပိတ်ရက်အနေနဲ့ကတော့ ၉လပိုင်း ထဲမှာ ပိတ်လေ့ ရှိပြီး ၃ရက်လောက်ပျှမ်းမျှရှိတတ်ပြီး 설날 (ဆောလား)နှစ်သစ်ကူးပိတ်ရက်ကတော့ ၁၂လပိုင်းထဲမှာ ဖြစ်ပြီး ၃-၄-၅ရက်စသဖြင့် ပိတ်လေ့ရှိပါတယ်။ ဒီရက်တွေမှာ အလုပ်ဆင်းရင် ၂ဆခွဲ ရရှိပြီး နားရင်လည်း အခြေခံလစာ ၈နာရီစာ ရတာမို့ စိတ်ကြိုက် ရွေးချယ်ရုံပါပဲဗျ။
여름휴가 (နွေရာသီပိတ်ရက်)ကတော့ အစိုးရက သတ်မှတ်ထားတာမျိုး မရှိပါဘူး စက်ရုံကနေပြီးတော့ ပိတ်ပေးတာမျိုးဖြစ်ပြီး စက်ရုံပေါ်မူတည်ပြီး ကွာခြားချက်အများကြီး ရှိပါတယ်၊ ၇လပိုင်းနဲ့ ၈လပိုင်း အရမ်းပူတဲ့ ကာလတွေမှာ ပိတ်ပေးလေ့ရှိပြီး ၃ရက်နေ့ စက်ရုံပေါ်မူတည်ပြီး ပိုနိုင်ပါတယ်။
တခြားပိတ်ရက်တွေကတော့ Christmas တို့ ဗုဒ္ဓဖွားမြင်တဲ့ နေ့၊ New Year စတဲ့ များစွာသောနေ့တွေ ရှိနေပါကြောင်း ပြောပြလိုပါတယ်ဗျ။







Leave a Reply
You must be logged in to post a comment.