ကိုရီးယားဘာသာစကား လေ့လာနေသူတွေအတွက် အကောင်းဆုံး Application (10 ခု) episode-1

ကိုရီးယားဘာသာစကား လေ့လာနေသူတွေအတွက် အကောင်းဆုံး Application (10 ခု) ကိုဖော်ပြပေးလိုက်ပါတယ်။

☑️ Naver Dictionary – ကိုယ်မသိတဲ့ စကားလုံးတွေကို ရှာချင်လို့ ဘယ် Dictionary သုံးရင်ကောင်းမလဲ စဥ်စားနေပါသလား? Naver Dictionary ကတော့ စကားလုံးတစ်လုံးကို ရှာကြည့်တဲ့အခါမှာ ဥပမာဝါကျတွေပါတာကြောင့် စကားလုံးကို ဘယ်အကြောင်းအရာတွေမှာ အသုံးပြုထားတာကိုပါ သိနိုင်ပါတယ်။ ဒီ app ထဲမှာပါတဲ့ Accentia ကလဲ native speaker တွေရဲ့ စကားလုံး အသံထွက်ကိုလဲ နားထောင်နိုင်တဲ့အပြင် ကိုယ့်ရဲ့ အသံထွက်ကို ပိုမိုတိုးတက်အောင်လဲ ကူညီပေးနိုင်ပါတယ်။ Papago ကလဲ ယုံကြည်စိတ်ချရတဲ့ ဘာသာပြန်ဆိုမှုတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

Features:
TOPIK Wordbook
Daily Korean-English Conversation
Accentia
Papago
Learn Korean with drama clips
Today’s word
Audio clips
Today’s Korean clip
Dictionary
Wordbook
Hanja Dictionary

Korean level : For all levels
Google Play Store – https://shorturl.at/exHBL
Apple App Store – https://shorturl.at/9Gsf5

☑️ HelloTalk – HelloTalk ကတော့ ဘာသာစကားလေ့လာသူတွေကြားမှာ ရေပန်းစား လူသိများပါတယ်။ ဒီ ‌app ကို ဘာသာစကား လေ့လာသူတွေအတွက် ဆိုရှယ်မီဒီယာအဖြစ် လို့လဲ သတ်မှတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ app ကို Facebook န့ Instagram လိုမျိုး လူကြိုက်များတဲ့ ဆိုရှယ်မီဒီယာပုံစံ ပြုလုပ်ထားတာကြောင့် ဖြစ်ပါတယ်။ app ရဲ့ ရည်ရွယ်ချက်ကတော့ ဘာသာစကားတစ်ခုနဲ့ တစ်ခုကို သင်ယူလိုသူတွေကြား ချိတ်ဆက်မှုတွေ ဖန်တီးပေးပြီး ဘာသာစကား ဖလှယ်မှုတွေကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ကိုရီးယားလူမျိုးတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ကိုရီးယားစာ လေ့ကျင့်ချင်တယ်ဆိုရင်တော့ HelloTalk ကိုစမ်းသုံးကြည့်သင့်ပါတယ်။

Features:
Chat with fellow learners
Language exchange
Post questions and have them answered quickly
Make friends from around the world
Enter live chats to practice Korean

Korean level: For all levels
Google Play Store – https://shorturl.at/s7YpN
Apple App Store – https://shorturl.at/csXeZ

☑️ Rocket Korean – ဒီ app ကတော့ သုံးစွဲသူတွေကို အပြန်အလှန် တုံ့ပြန်ပေးတဲ့ပုံစံနဲ့ ‌audio lessons တွေကို အသုံးပြုပြီး သင်ကြားပေးပါတယ်။ အသုံးပြုသူဟာ အသံကို လိုက်ပါ နားထောင်ပြီး သင်ခန်းစာတွေကို လုပ်ဆောင်ရတဲ့အပြင် ဒီသင်ခန်းစာတွေကို ခရီးသွားရင်းနဲ့လည်း နားဆင်ပြီးလေ့လာနိုင်ပါတယ်။ Listening နဲ့ပတ်သက်ပြီး အကောင်းဆုံး လေ့လာချင်ရင်တော့ Rocket Korean ကတော့ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ။

Features:
Interactive audio lessons
Conversation practice
Learn vocabulary
Flashcards
Quizzes
Leaderboard

Korean level: Beginner, intermediate
Google Play Store – https://shorturl.at/wZetr
Apple App Store – https://shorturl.at/r9lq9

☑️ LingQ – LingQ ကတော့ Reading, Listening နဲ့ Vocabulay တွေလေ့လာဖို့အတွက် ရွေးချယ်သင့်တဲ့ app ဖြစ်ပါတယ်။ စာအုပ်တွေ၊ podcasts၊ audio stories နဲ့ သတင်းတွေကနေလည်း ဒီ app မှာ လေ့လာနိုင်ပါတယ်။LingQ ကတော့ Reading စွမ်းရည်ကို မြှင့်တင်ဖို့နဲ့ Vocabulay အလွတ်ကျက်လိုသူတိုင်း သုံးနိုင်ပါတယ်။

Features:
Listen to audio and read the Korean subtitles
Mark words to save for future review
See definition of words you don’t know
Audio clips, podcasts, books, news
Challenges
Grammar guide
Review game

Korean level: Upper beginner, intermediate, advanced
Google Play Store – https://shorturl.at/PDP42
Apple App Store – https://shorturl.at/rus9m

☑️ Hilokal – Hilokal ကတော့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်တွေမှာ စကား၀ိုင်းဖွဲ့ပြောဆိုနိုင်တဲ့ ပုံစံပြုလုပ်ထားတဲ့ app ဖြစ်ပါတယ်။ စိတ်ကူးကတော့ တစ်ကမ္ဘာလုံးက လူတွေကို စားပွဲ၀ိုင်း (chatroom) မှာ ထိုင်ပြီး စကားပြောဖို့ ခေါ်လာဖို့ပါ။ Hilokal မှာ Speaking ကို 100% လေ့ကျင့်နိုင်ပြီး ဘာသာစကားသင်ခန်းစာတွေ ဒါမှမဟုတ် group chat တွေကနေ တဆင့် သုံးစွဲသူတွေကို ဒေသခံကိုရီးယားတွေနဲ့ ချိတ်ဆက်ဖို့ ကူညီပေးပါတယ်။ နေ့တိုင်း အကြောင်းအရာမျိုးစုံနဲ့ chat room ရာနဲ့ချီရှိပါတယ်။ chatroom တွေကိုလဲ ဘာသာစကား ကျွမ်းကျင်မှု အဆင့်အလိုက် စုစည်းထားပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် chat room ကိုလဲ ဖန်တီးနိုင်ပါသေးတယ်။

Features:
Befriend people
Join chat rooms
Create your own chat room
Free Korean lessons with Korean teachers
Teach your native language
Written Korean lessons

Korean level: All levels
Google Play Store – https://shorturl.at/yqyyJ
Apple App Store – https://shorturl.at/3wMBp

နောက်ထပ် app 5 ခုကိုလည်း ကျွန်တော်တို့ MyanGoal Edu page ကနေတင်ဆက်သွားမှာ ဖြစ်တဲ့အတွက် သိချင်သေးတယ်ဆိုရင်တော့ Like & Follow လုပ်သွားခဲ့လို့ရပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094
🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest