ကောလဟာလထွက်နေတဲ့ Lisa ချစ်သူ

Blackpink အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lisa က Hawaii အားလပ်ရက်ခရီးစဥ်ထွက်နေပြီး သူမရဲ့ ခရီးစဥ်မှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါပြီ။ ဒါပေမယ့် မထင်မှတ်ထားပဲ Lisa ဟာ သူ့ချစ်သူလို့ ယူဆရတဲ့ပုံလေးတစ်ပုံကတော့ Internet မှာ ပျံနှံ့လာပြီး ပရိတ်သက်တွေကြားမှာ စိုးရိမ်မှုမြင့်တက်နေပါပြီ။
Lisa ကိုတော့ ဒီနှစ်အတွင်း Frédéric Arnault နဲ့ မကြာခဏဆိုသလို တွဲသွားတွဲလာ လုပ်တာကြောင့် Fan တွေက သူတို့ နှစ်ဦး တွဲနေပြီလို့ သံသယရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီသတင်းက Lisa ရဲ့ Solo Roskstar ထွက်လာပြီးနောက်ပိုင်းငြိမ်သွားတယ်ဆိုပေမယ့် အခုလက်ရှိ Hawaii ခရီးစဥ်ကြောင့် ပရိတ်သက်တွေကြားမှာ ကောလဟာလတွေ ထွက်လာပြီဖြစ်ပါတယ်။
မကြာသေးခင်ကမှ ပရိတ်သတ်တစ်ဦးဟာ အင်တာနက်မှာ Lisa ရဲ့ပုံတစ်ပုံကို မျှဝေခဲ့ပြီး ဓာတ်ပုံထဲမှာတော့ သူမကို Hawaii မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ စားသောက်နေတာကို မြင်တွေ့ရပါတယ်။ သူမဘေးမှာ ထိုင်နေတဲ့သူကတော့ မမြင်ရပေမယ့် ထိုသူဟာ ကောလဟာလသတင်းထွက်နေတဲ့ Frédéric Arnault ပဲ ဆိုတဲ့ သတင်းတွေ ပျံနှံံ့နေပြီဖြစ်ပါတယ်။
ဒါ့အပြင် ဒီသတင်းက ဒါပထမဦးဆုံးမဟုတ်သေးပါဘူး။ Lisa ဟာ သူမရဲ့ comeback single rockstar ထွက်ရှိပြီးနောက်မှာ Frédéric Arnulat နဲ့ သူ့မိသားစုနှင့်အတူ အားလပ်ရက်ခရီးထွက်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ခဲ့ဖူးပါတယ်။
သူမဟာ အခုဆိုရင် comeback single rockstar ထွက်ရှိထားပြီး စပိန်အဆိုတော် Rosalía ပါဝင်မယ့် New Woman သီချင်းအသစ်ကိုလည်းထုတ်လုပ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် HBO Max က ရိုက်ကူးမယ့် The White Lotus ရဲ့ Season 3 မှာလည်း ပါဝင်သရုပ်ဆောင်ဦးမှာဖြစ်ပြီး ဇာတ်ဝင်တေးတွေလည်း သီဆိုပေးသွားဦးမှာပါ။
#myangoal #kpop #news #korea #myanmar
ကေ


Latest