1 billion Spotify streams ပြည့်ခဲ့တဲ့ K-pop စတားအချို့

ဒီနှစ်တွေတလျှောက် K-pop idol အများအပြားဟာ Spotify stream တွေမှာ မှတ်တိုင်တခု စိုက်ထူလာနိုင်ခဲ့ကြပြီး နိုင်ငံတကာ ဂီတနယ်ပယ်မှာ လွှမ်းမိုးမှုကို အားကောင်းလာစေခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ နာမည်ကြီးသီချင်းတွေနဲ့ အတူ သမိုင်းအသစ်ကို ဖန်တီးခဲ့ကြတဲ့ 1 billion Spotify streams ပြည့်ခဲ့တဲ့ K-pop စတားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ K-pop idol တွေပါလားဆိုတာတော့ ဖတ်ကြည့်ကြည့်လိုက်ပါ။ 😉😉👇👇
1. BLACKPINK အဖွဲ့ဝင် Lisa
BLACKPINK အဖွဲ့ဝင် Lisa ဟာ သူ့မရဲ့ နာမည်ကြီး သီချင်းဖြစ်တဲ့ MONEY ဟာ Spotify မှာ stream တာ 1 ဘီလီယံကို ကျော်သွားတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက Spotify မှာ ကြည့်ရှုမှု 1 ဘီလီယံအထိ ရရှိတဲ့ ပထမဆုံး K-pop တစ်ကိုယ်တော် သီချင်းအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော်စူပါစတားတစ်ဦးအဖြစ် သူမရဲ့နာမည်ကျော်ကြားမှုကို မြှင့်တင်ပေးခဲ့တဲ့ သီချင်းဖြစ်တာကြောင့် LIsa ရဲ့ပရိသတ်တွေအတွက် အံ့မခန်းအခိုက်အတန့် ဖြစ်ပါတယ်။ LIsa ရဲ့ rap နဲ့ အကစွမ်းရည်တွေကို ပြောင်မြောက်စွာ သရုပ်ဖော်ထားတဲ့ သူမရဲ့ ပွဲဦးထွက် အယ်လ်ဘမ် LALISA မှ ဒုတိယမြောက် single သီချင်းဖြစ်ပြီး 2021 ခုနှစ် နိုဝင်ဘာလ 9 ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းဟာ K-pop တစ်ကိုယ်တော်ခွေတွေထဲမှာ ရေပန်းအစားဆုံးဖြစ်လာတဲ့အတွက် ထိုင်းနွယ်ဖွား K-pop Idol Lisa အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုဘဲ ဖြစ်ပါတယ်။
2. BTS အဖွဲ့ဝင် Jimin
BTS အဖွဲ့ဝင် Jimin ရဲ့ ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် FACE ဟာ လက်ရှိ Spotify မှာ stream တာ 1.8 ဘီလီယံနဲ့ တခြားမှတ်တမ်းများစွာကို ချိုးဖျက်နိုင်ခဲ့ပြီး ထွက်ရှိပြီးကတည်းက အမြန်ဆုံး 1 ဘီလီယံရောက်တဲ့ K-pop အမျိုးသား အနုပညာရှင် ဖြစ်လာခဲ့ပါတယ်။ မတ်လ 24 ရက်၊ 2023 ထွက်ရှိခဲ့တဲ့ ပထမဆုံး EP FACE မှာပါဝင်တဲ့ Closer Than This သီချင်းဟာ streaming platforms တော်တော်များများမှာ နံပါတ်ကောင်းတွေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီ EP မှာ စုစုပေါင်း သီချင်း 6 ပုဒ်ပါရှိပြီး – Like Crazy Face-off၊ Interlude: Dive၊ Alone၊ Like Crazy (English Ver:)၊ Set Me Free Pt.2 တို့ပါဝင်ပါတယ်။ အယ်လ်ဘမ်မှာပါတဲ့ Like Crazy ဟာလဲ စထွက်ထွက်ချင်းတုန်းက Billboard Hot 100 ဇယားမှာ နံပါတ် 1 နဲ့ ပွဲဦးထွက်ခဲ့ပါ။ FACE ဟာ ထွက်ရှိပြီး ဒုတိယပတ်မှာတင် အယ်လ်ဘမ်ချပ်ရေ 250000 ကျော် ရောင်းချနိုင်ခဲ့ပါတယ်။
3. BTS အဖွဲ့ဝင် Jungkook
BTS အဖွဲ့က နောက်ထပ်အဖွဲ့ဝင်ဖြစ်တဲ့ Jungkook ကလဲ သူ့ရဲ့သီချင်းဖြစ်တဲ့ SEVEN နဲ့ ဖေဖော်ဝါရီ 2024 မှာ Spotify ရဲ့ Billions Club ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီသီချင်းဟာ ထွက်ရှိပြီး 7 လ အကြာမှာ 1 ဘီလီယံ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ Jungkook ဟာ BLACKPINK ရဲ့ Lisa’a စံချိန်ကို ချိုးဖျက်ပြီး Stay Alive, Left and Alive, နဲ့ Dreamers စတဲ့ သီချင်း ၃ ပုဒ်နဲ့ ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒီသီချင်းတွေကို 2022 FIFA World Cup မှာလဲ သီဆိုဖျော်ဖြေခဲ့ပါတယ်။
4. BLACKPINK အဖွဲ့ဝင် Jennie
BLACKPINK ခေါင်းဆောင်ဖြစ်တဲ့ Jennie ဟာလဲ သူရဲ့ ပွဲဦးထွက် တကိုယ်တော် သီချင်းတွေဖြစ့် SOLO, You & Me, နဲ့ One Of The Girls တို့ဟာ Spotify တွင် ကြည့်ရှုသူပေါင်း 1 ဘီလီယံအထိ ရှိခဲ့ပါတယ်။ တကိုယ်တော် အယ်လ်ဘမ် မထွက်ရှိဘဲ ကြည့်ရှုသူပေါင်း 1 ဘီလီယံပြည့်တဲ့ ပထမဆုံးအမျိုးသမီး K-pop တစ်ကိုယ်တော် အဆိုတော် ဖြစ်လာခဲ့ပါတယ်၊။ Jennie ဟာလဲ Lisa လိုမျိုး စံချိန်တင်အောင်မြင်ခဲ့တဲ့ အမျိုးသမီး တစ်ကိုယ်တော် အဆိုရှင် ဖြစ်လာခဲ့ပါတယ်။
5. IU
2021 ခုနှစ်မှာ IU ဟာ Spotify မှာ သူမရဲ့ သီချင်းအားလုံး ထုတ်လွှင့်မှုပေါင်း 1 ဘီလီယံရရှိခဲ့ပါတယ်။ IU ဟာ ကြည့်ရှုမှုပေါင်း 1 ဘီလီယံ ပြည့်တဲ့ ပထမဆုံး K-pop အမျိုးသမီး အဆိုတော် ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ် The Winning လဲ ထွက်ရှိထားတာကြောင့်အနာဂတ်မှာ နောက်ထပ် မှတ်တိုင်သစ်တွေ စိုက်ထူနိုင်လာင်ပါတယ်။
6. SNSD အဖွဲ့ဝင် Taeyeon
2022 ခုနှစ်တွင် SNSD စူပါစတား Taeyoen ဟာSpotify မှာ သူမရဲ့ သီချင်းအားလုံး ထုတ်လွှင့်မှုပေါင်း 1 ဘီလီယံအထိ ရရှိခဲ့ပြီး သူမဟာ 1 ဘီလီယံ ပြည့်တဲ့ တဦးထဲသော Girls’ Generation (SNSD) အဖွဲ့ဝင် ဖြစ်ပါတယ်။ Spotify မှာ Taeyeon ရဲ့ ထိပ်တန်းလူကြိုက်များတဲ့ သီချင်း 5 ပုဒ်ကတော့ နောက်ဆုံးထွက် စတူဒီယိုအယ်လ်ဘမ် ထဲက title သီချင်းလဲ ဖြစ်တဲ့ ” INVU “၊ ပထမဆုံး အယ်လ်ဘမ် ‘ My Voice ‘ထဲက ” Fine “၊ Hotel Del Luna စီရီးက OST သီချင်း ” All About You ” ၊ နှင့် ‘ INVU’ အယ်လ်ဘမ် ထဲက သီချင်းတွေဖြစ်တဲ့ ” Weekend ” နဲ့ ” Can’t Control Myself .” တို့ဘဲဖြစ်ပါတယ်။
#MyanGoal #kpop #Blackpink #BTS #Entertainment


Latest