Your cart is currently empty!
2NE1 ရဲ့ comeback tour ဖြစ်တဲ့ ‘Welcome Back’ ပွဲဟာ ဘန်ကောက်အပြင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ကျင်းပမယ်ဆိုတာ သိပြီးပြီလား ?
2NE1 အဖွဲ့ဝင်တွေဟာ တော်တော်ကြာ အနားယူနေပြီးတဲ့နောက် 2024 ခုနှစ်မှာတော့ ပရိတ်သတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ 2NE1 ကတော့ 2024 ကနေ 2025 ခုနှစ်အတွင်း ‘Welcome Back’ ဆိုပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် အာရှမှာလုပ်မယ့် ပွဲတွေရဲ့ ရက်စွဲအသစ်တွေလဲ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ 2NE1 ဟာ ‘Welcome Back’ tour ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က အိုလံပစ်ပန်းခြံ အိုလံပစ်ခန်းမမှာ အောက်တိုဘာလက သုံးညတိုင်တိုင် ကျင်းပခဲ့တာဖြစ်ပါတယ်။ 2NE1 ဟာ နိုဝင်ဘာလနှောင်းပိုင်းကနေ ဒီဇင်ဘာလလယ်အထိလဲ ဂျပန်နိုင်ငံက Kobe နဲ့ Tokyo မြို့တွေမှာလဲ ဖျော်ဖြေပွဲ ၃ ပွဲစီ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
စက်တင်ဘာလမှာကတည်းက YG ဟာ 2NE1 ရဲ့ 2024 ကနေ 2025 ‘Welcome Back’ ဖျော်ဖြေပွဲရဲ့ အာရှခရီးစဥ်ကို ကြေညာခဲ့ပြီး ယခုနိုဝင်ဘာလမှာလဲ ဖိလစ်ပိုင်နိုင်ငံ မနီလာနဲ့ ဂျာကာတာတို့မှာ ဖျော်ဖြေခဲ့တဲ့အပြင် နိုဝင်ဘာနှောင်းပိုင်းမှာ ဂျပန်နိုင်ငံ၊ ဒီဇင်ဘာမှာ ဟောင်ကောင်နဲ့ စင်ကာပူတွေမှာ ရှိုးတွေပြုလုပ်မယ့်အပြင် 2025 ခုနှစ် ဇန်နဝါရီလမှာတော့ ဘန်ကောက်နဲ့ ဖေဖော်ဝါရီမှာ တိုင်ပေမှာ နှစ်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကလူတွေလဲ ကိုယ့်နိုင်ငံကို ထပ်မလာတောဘူးထင်ပေမယ့် 2NE1 ကို အားပေးချင်ရင်တော့ ဘန်ကောက်တော့ သွားလို့ရပါသေးတယ်။
နိုဝင်ဘာ ၆ ရက်နေ့မှာ 2NE1 ကတော့ နောက်ထပ်မတူညီတဲ့မြို့ ၃ မြို့မှာ ရက်စွဲအသစ်ငါးခုနဲ့ 2NE1 အဖွဲ့ရဲ့ asia tour ကိုကြေညာခဲ့ပါတယ်။ ဒီပွဲတွေကတော့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့နဲ့ တရုတ်ပြည် မကာအိုမှာ နှစ်ည ဖျော်ဖြေမှာဖြစ်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာတော့ တစ်ညတာ ကျင်းပတာ ဖြစ်ပါတယ်။ တစ်ခြားမြို့တွေမှာ ကျင်းပမယ့် ရှိုးပွဲတွေကို လာမည့်လတွေမှာလဲ ကြေညာနိုင်ပါတယ်။
2NE1 ရဲ့ 2024 ကနေ 2025 အထိ ကျင်းပမယ့် ‘Welcome Back’ tour ဖျော်ဖြေပွဲအတွက် အာရှခရီးစဥ်ရဲ့ လက်မှတ်နဲ့ နေရာအသေးစိတ်အချက်အလက်ကိုတော့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တရားဝင် website တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
2NE1 ၏ 2024 မှ 2025 ‘Welcome Back’ ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ရက်စွဲများမှာ-
အောက်တိုဘာ 2024
04- ဆိုးလ်၊ တောင်ကိုရီးယား၊ အိုလံပစ်ပန်းခြံ အိုလံပစ်ခန်းမ
05- ဆိုးလ်၊ တောင်ကိုရီးယား၊ အိုလံပစ်ပန်းခြံ အိုလံပစ်ခန်းမ
06- ဆိုးလ်၊ တောင်ကိုရီးယား၊ အိုလံပစ်ပန်းခြံ အိုလံပစ်ခန်းမ
2024 ခုနှစ် နိုဝင်ဘာလ
16- ဖိလစ်ပိုင်၊ မနီလာ၊ SM Mall of Asia Arena
17- မနီလာ၊ ဖိလစ်ပိုင်၊ SM Mall of Asia Arena
22- ဂျာကာတာ၊ အင်ဒိုနီးရှား၊ ကမ်းခြေမြို့ နိုင်ငံတကာ အားကစားကွင်း
23- ဂျာကာတာ၊ အင်ဒိုနီးရှား၊ ကမ်းခြေစီးတီးအပြည်ပြည်ဆိုင်ရာအားကစားကွင်း
29- ကိုဘေး၊ ဂျပန်၊ Kobe World Hall၊ World Memorial Hall
30- ကိုဘေး၊ ဂျပန်နိုင်ငံ၊ Kobe World Hall၊ World Memorial Hall
ဒီဇင်ဘာ 2024
01- ကိုဘေး၊ ဂျပန်၊ Kobe World Hall
08- ဟောင်ကောင်၊ တရုတ်၊ AsiaWorld-Arena
13- တိုကျို၊ ဂျပန်၊ Tokyo Ariake Arena
14- တိုကျို၊ ဂျပန်၊ Tokyo Ariake Arena
15- တိုကျို၊ ဂျပန်၊ Tokyo Ariake Arena
21- စင်္ကာပူ၊ စင်္ကာပူ၊ စင်္ကာပူ မိုးလုံလေလုံ အားကစားကွင်း
22- စင်္ကာပူ၊ စင်္ကာပူ၊ စင်္ကာပူ မိုးလုံလေလုံ အားကစားကွင်း
ဇန်နဝါရီ
25 ရက် 2025- ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ Impact Exhibition Hall 5–6
ဖေဖော်ဝါရီ 2025
01: Kuala Lumpur, Malaysia
08: Taipei, Taiwan, NTSU Arena
09: Taipei, Taiwan, NTSU Arena
15: Ho Chi Minh City, Vietnam
16: Ho Chi Minh City, Vietnam
22- Macao, China
23- Macao, China
#myangoal #kpop #korea #entertainment #myanmar #2ne1 #comeback







Leave a Reply
You must be logged in to post a comment.