Your cart is currently empty!
ရုတ်တရက်ကြီးပေါက်သွားတဲ့ ကိုရီးယား အရက်သောက် ဂိမ်း နဲ့ APT သီချင်း
လက်တလောထွက်ထားတဲ့ Blackpink အဖွဲ့ဝင် ရိုဇီနဲ့ ဂရမ်မီဆုရှင် ဘရူနိုမားစ်တို့ရဲ့ “APT.” သီချင်းဟာ လူမှုကွန်ရက်တွေပေါ်မှာ ရေပန်းစားနေပါတယ်။
APT ဆိုတာကတော့ Apartment ဆိုပြီး တစ်ချို့တွေကတော့ အဓိပ္ပာယ်ကောက်ပေမယ့် တကယ်တော့ ကိုရီးယားမှာ မြန်မာနိုင်ငံဆော့သလို “ဗလောင်တောင်တောင်ဗေဗေကြီး” ဆိုတဲ့ Game လိုပဲလို့ပြောချင်ပါတယ်။
“APT” သီချင်းဟာ ကိုရီးယားရဲ့ အစားအသောက် ပွဲတစ်ခုကနေ တီထွင်ဖန်တီးထားတာ ဖြစ်ပြီး ဒီဂိမ်းမှာ ကစားသူတွေဟာ “아파트” ဆိုတဲ့ စကားလုံးကို တစ်လုံးချင်းစီ ရွတ်ဆိုရင်း လက်တွေကို ထပ်သွားရပါတယ်။ ဒီမှာ နာမည်ခေါ်နေတာ မှားသွားမယ်ဆိုရင် အရက်သောက်ရပါတယ်။
ဒီလိုမျိုး Game နဲ့ အချစ်စာသားလေးတွေရောပြီး သီဆိုထားတဲ့ သီချင်းဟာ တော်တော်လေးပေါက်နေပြီး Reaction သမားတိုင်းလည်း အကြိုက်တွေ့နေရပါတယ်။
ဒီသီချင်းဟာ ကိုရီးယား ယဉ်ကျေးမှုကို ကမ္ဘာတစ်ဝှမ်းသိအောင်လုပ်နိုင်တဲ့အထိကို လက်ရှိမှာပေါက်နေတာဖြစ်ပါတယ်။
#APT #brunomars #roses #myangoal #myanmar #telecom #korea







Leave a Reply
You must be logged in to post a comment.