BLACKPINK အဖွဲ့ ပါဝင်ရိုက်ကူးခဲ့တဲ့ ရသစုံရှိုး 10 ခု (part-2)

Blinks တွေအတွက် နောက်ထပ် BLACKPINK အဖွဲ့ ပါဝင်ရိုက်ကူးခဲ့တဲ့ ရသစုံရှိုး 5 ခုကို ဖော်ပြလိုက်ပါတယ်။
6. Running Girls
BLACKPINK ရဲ့ Jisoo ဟာ နောက်ထပ် စွန့်စားခန်းအဖြစ် Running Girls အစီအစဉ်မှာ အခြား idol star တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒီရှိုးဟာ reality ရှိုးတခုဖြစ်ပြီး K-pop idols တွေအနေနဲ့ တောင်ကိုရီးယားရှိ လှပတဲ့သဘာဝနေရာတွေမှာ challenges ပြုလုပ်ကြတာ ဖြစ်ပါတယ်။ Jisoo ဟာ ဒီရှိုးမှာ သူမရဲ့ ကိုယ်ရည်ကိုယ်သွေးကို တက်တက်ကြွကြွနဲ့ ပြသခဲ့ပြီး ပရိသတ်တွေကို သူမရဲ့နေ့စဉ်ဘဝကို တစ်စေ့တစ်စောင်းပြသပြီး Idol တွေ၊ သရုပ်ဆောင်တွေနဲ့ ရင်းနှီးဆက်ဆံမှုတွေကို ပြသခဲ့ပါတယ်။
7. Radio Star (Episode 509)
BLACKPINK အဖွဲ့ဝင်တွေဟာ လူကြိုက်များတဲ့ talk show တခုဖြစ်တဲ့ Radio Star မှာလဲ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ Radio Star ဟာ Kim Gook-jin ၊ Kim Gu-ra ၊ Yoo Se-yoon Jang Do-yeon တို့က host လုပ်တဲ့ တောင်ကိုးရီးယား talk show တစ်ခုဖြစ်ပါတယ်။ ဒီရှိုးမှာ BLACKPINK ဟာ ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းတွေ၊ အဖွဲ့ရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေ၊ trainee ကာလတုန်းကအတွေ့အကြုံတွေကို ပြန်ပြောင်း ပြောကြတာကို ကြည့်ရမှာ ဖြစ်ပါတယ်။
8. King of Mask Singer 104
BLACKPINK အဖွဲ့ဝင်တွေဟာ King of Mask Singer ရှိုးပြိုင်ပွဲတွင် မျက်နှာဖုံးစွပ် ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ပါဝင်လာချိန်တွင် ကြည့်ရှုသူများကို အံ့အားသင့်စေခဲ့ပါတယ်။ ဖုံးကွယ်ထားတဲ့ ရုပ်ဖျက်မှုအောက်တွင် အဖွဲ့ဝင်တွေရဲ့ မယုံနိုင်စရာ အသံစွမ်းရည်ကို ပြသခဲ့ပြီး ပရိသတ်တွေကို အထင်ကြီးစေခဲ့ပါတယ်။ BLACKPINK အဖွဲ့ဝင်တွေ အရည်အချင်းရှိတဲ့ အကသမား တွေဖြစ်ရုံသာမက အသံကောင်းတဲ့ အဆိုတော်ဖြစ်တယ်ဆိုတာကိုလဲ ပြသသွားတဲ့ ရှိုးတခုဖြစ်ပါတယ်။ ROSÉ ပါတဲ့အပိုင်းဆိုလဲ တော်တော်လေး လူကြိုက်များခဲ့ပါတယ်။ မြန်မာမှာလဲ The Mask Singer Myanmar လိုမျိုး ရှိုးလဲရှိတာမလို့ ပရိတ်တွေနဲ့ မစိမ်းတဲ့ ရှိုးတခုဖြစ်ပါတယ်။
9. Village Survival, the Eight
BLACKPINK ၏ Jennie ဟာ လျှို့ဝှက်ဆန်းကြယ်‌တဲ့ ပဟေဠိတွေကို ဖြေရှင်းရတဲ့ reality ရှိုးဖြစ်တဲ့ Village Survival, the Eight မှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ရွာသူကြီးအဖြစ် နာမည်ကြီး MC Yoo Jae-suk နဲ့အတူ Michuri ရွာမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းဖို့ လူရှစ်ဦးကို hint တွေ ရဖို့အတွက် စိတ်လှုပ်ရှားဖွယ် ဂိမ်း‌တွေကို ‌ဆော့ကစားရတာ ဖြစ်ပါတယ်။ Jennie ရဲ့ မျှော်လင့်မထားတဲ့ ဖြတ်ထိုးဥာဏ်နဲ့ ပြိုင်ဆိုင်မှု စိတ်ဓာတ်တွေကြောင့် သူမဟာ အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ဦးသာမက စွန့်စားတတ်သူတစ်ဦးဖြစ်ကြောင်းကို ဒီရှိုးမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရှိုးမှာ seanson 1 တခုလုံး Jennie ပါဝင်ထားပါတယ်။
10. BLACKPINK House
ပုံမှန် variety ရှိုး BLACKPINK House ဟာ အဖွဲ့ဝင်လေးဦးရဲ့ နေ့စဥ်ဘဝတွေကို ပရိတ်သတ်တွေအနေနဲ့ အနီးကပ်ကြည့်ရှုခွင့် ရမှာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ ကိုယ်တိုင်ချက်ပြုတ်တာကနေ သန့်ရှင်းရေးလုပ်တာအထိ ဂိမ်းကစားခြင်း၊ ခရီးသွားခြင်းတွေပါ ခံစားကြည့်ရှုနိုင်ပါတယ်။ BLACKPINK ရဲ့ ကိုယ်ပိုင်ကမ္ဘာကို ဖန်တီးပေးထားပြီး ပျော်ရွှင်စရာ၊ ခင်မင်ရင်းနှီးမှုနှင့် နေ့စဉ်အခိုက်အတန့်တွေ တဝကြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Blinks တွေထဲမှာ ဒီရှိုးကို မကြည့်ဖူးသူမရှိသလောက်ပါဘဲ။
Boost this post to reach up to 321 more people if you spend $42.


Latest