BLACKPINK အဖွဲ့ ပါဝင်ရိုက်ကူးခဲ့တဲ့ ရသစုံရှိုး 10 ခု

ဆွဲဆောင်မှုရှိတဲ့ K-pop မိန်းကလေးအဖွဲ့ဖြစ်တဲ့ BLACKPINK ဟာ ဂီတအပြင် သူတို့ရဲ့ ပင်ကိုယ်စရိုက်တွေကို ပြသပြီး အမျိုးမျိုး ရသစုံရှိုးတွေမှာ ဖျော်ဖြေခဲ့ပါတယ်။ BLACKPINK ပရိသတ်တစ်ဦးဖြစ်ရင်တော့ BLACKPINK အဖွဲ့ ပါဝင်ရိုက်ကူးခဲ့တဲ့ ရသစုံရှိုး 10 ခုကိုဖော်ပြလိုက်ပါတယ်။ BLINKS တွေအနေနဲ့ ဒီထဲက ရှိုးဘယ်နှခုကို ကြည့်ဖူးလဲဆိုတာ ကောမန့်မန့် သွားခဲ့ပါဦး။
1. Weekly Idol (Episode – 277, 310, 521)
BLACKPINK ပါဝင်တဲ့ Weekly Idol ရဲ့အပိုင်းတွေဟာ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဂီတဆိုင်ရာ variety ရှိုးတခု ဖြစ်ပါတယ်။ 2018 ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းကနေစပြီး ဒီရှိုးမှာ ဟာသရုပ်ဆောင် Yoo Se-yoon နဲ့ Kim Shin-young Roo’ra အဖွဲ့ဝင်ဟောင်း Lee Sang-min တို့က host အဖြစ် ပါဝင်ပါတယ်။ BLACKPINK အဖွဲ့ဝင်တွေရဲ့ double speed နဲ့ ကပြဖျော်ဖြေမှုတွေကြောင့်လဲ ဆိုရှယ်မီဒီယာမှာ တော်တော်လေး ‌လူကြိုက်များခဲ့ပါတယ်။ ဒီရှိုးမှာ BLACKPINK ဟာ ပွဲဦးထွက်ခါစ သာမက နောက်ပိုင်း episode တွေမှာလဲ ပါဝင်ခဲ့ပါသေးတယ်။
2. Running Man (Episode – 330, 409, 413, 525)
BLACKPINK အဖွဲ့ဝင် လေးဦးစလုံးဟာ Running Man မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ကြပြီး BLACKPINK နောက်ဆုံးပါဝင်ခဲ့တာကတော့ အပိုင်း 525 ဖြစ်ပါတယ်။ Running Man ကတော့ မြန်မာနိုင်ငံမှာလဲ တော်တော်လေး လူကြိုက်များတဲ့ variety ရှိုး ဘဲဖြစ်ပါတယ်။ ဒီရှိုးမှာ စိတ်လှုပ်ရှားဖွယ်ဂိမ်းတွေ ဆော့ကစားပြီး ယှဥ်ပြိုင်ရတာဘဲဖြစ်ပါတယ်။ Running Man members တွေနဲ့ နာမည်ကြီးပြီးသား ဒီရှိုးကို BLACKPINK fans တွေအနေနဲ့ မကြည့်ဖူးတဲ့ မရှိသလောက်ပါဘဲ။
3. My Little Television (Episode – 98, 99)
BLACKPINK ရဲ့ My Little Television ရှိုးဟာ သူတို့အဖွဲ့ရဲ့ ပထမဆုံး TV မှာထုတ်လွှင့် ရှိုးဘဲဖြစ်ပါတယ်။ ဒီရှိုးဟာ 2015 ခုနှစ် ကတည်းက ထုတ်လွှင့်ခဲ့တဲ့ တောင်ကိုရီးယား ရုပ်မြင်သံကြား အစီအစဉ်တစ်ခုဖြစ်ပြီး afreecaTV ၊ Twitch ၊ Daum tvPot တို့လိုမျိုး တိုက်ရိုက် ထုတ်လွှင့်တာမျိုးဖြစ်ပါတယ်။ဒီပရိုဂရမ်ကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြီး ကြည့်ရှုသူတွေနဲ့လဲ တိုက်ရိုက် ဆက်သွယ်လို့ရတဲ့ အစီအစဉ် တခုဖြစ်ပါတယ်။ BLINKS တွေအနေနဲ့ BLACKPINK ရဲ့ စစထွက်ခါစတုန်းက ရှိုးတွေကို ကြည့်ချင်ရင်တော့ ဒီရှိုးက ကြည့်သင့်ပါတယ်။
4. Knowing Bros (Episode – 87, 251)
Knowing Bros က BLACKPINK ပါဝင်တဲ့အပိုင်းကလဲ ပရိသတ်တွေအတွက် စောင့်ကြည့်ရမည့်အရာဖြစ်ပါတယ်။ ကျောင်း​တော်ကြီးရဲ့ ကျောင်းသားများဟာ အပတ်စဥ် ကျောင်း​တော်ကြီးဆီ​ရောက်လာတဲ့ ကျောင်း​သားသစ်​လေးတွေကို ကြိုဆိုဧည့်ခံကြပြီး ဂိမ်း​တွေအတူ​​ဆော့ Quiz တွေ အတူ​ဖြေကြတဲ့ Variety Show လေး ပုံဖြစ်ပါတယ်။ သူတို့ရဲ့ တယောက်နဲ့ တယောက်အချိတ်အက်မိမှုတွေ၊ ရယ်မောစရာ အခိုက်အတန့်တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Knowing Bros မှာ Lisa ကခဲ့တဲ့ ဂဏန်းအကဟာလဲ တော်တော်လေး လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။
5. Idol Room (Episode – 7)
BLACKPINK ဟာ Idol Room မှာ သူတို့ရဲ့ ပျော်ပျော်နေတတ်တဲ့ ပုံစံတွေ၊ အားအင်အပြည့်နဲ့ ဖျော်ဖြေမှုတွေကို ပြသခဲ့ပါတယ်။ ဒီရှိုးမှာ အဖွဲ့တွေဟာ challenges တွေ၊ ပျော်ရွှင်စရာ မေးခွန်းတွေကို မြန်မြန်ဖြေဆိုရခြင်းစတဲ့ အခိုက်အတန့်တွေကိုပြသပြီး သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ကြည့်ရှုရမယ့် ရှိုးတခုဖြစ်ပါတယ်။ 2018 မှာ စတင်ထုတ်လွှင့်ပြသပြီး Jeong Hyeong-don နဲ့ Defconn တို့က host အနေနဲ့ ပါဝင်ထားတဲ့ idol-specialised program တခုဖြစ်ပါတယ်။
ဒီနေ့မှာတော့ BLACKPINK ပါဝင်ရိုက်ကူးထားတဲ့ ရှိုးမျိုးစုံ ၁၀ ခု ထဲက 5 ခု ဖော်ပြခဲ့တာဖြစ်ပြီး နောက်ထပ်ကျန်နေသေးတဲ့ 5 ခုကို နောက်တပတ် ဒီလိုအချိန်မှာ တင်ဆက်သွားဦးမှာမလို့ BLINKS တွေအနေနဲ့ စောင့်မျှော်နေကြပါနော်။
#myanmar #entertainment #myagoal #Kpop #BlackPink #korea


Latest