အော်စကာဆုရ ကိုရီးယား ဒါရိုက်တာ Bong Joon-ho ရဲ့ ရုပ်ရှင်သစ် ‘Mickey 17’

အော်စကာဆုရ ကိုရီးယား ဒါရိုက်တာ Bong Joon-ho ရဲ့ ရုပ်ရှင်သစ် ‘Mickey 17’

အော်စကာဆုရ ကိုရီးယား ဒါရိုက်တာ Bong Joon-ho ရဲ့ ရုပ်ရှင်သစ် ‘Mickey 17’ ကို ကိုရီးယားသာမက တကမ္ဘာလုံး premiere ပြသဖို့ စီစဉ်ထားပါတယ်။ Parasite ရုပ်ရှင်နဲ့ နိုင်ငံတကာအောင်မြင်မှု ရရှိခဲ့တဲ့ နာမည်ကြီး ကိုရီးယား ဒါရိုက်တာ Bong Joon-ho ရဲ့ ဇာတ်ကားသစ် “Mickey 17” ကို ဖေဖော်ဝါရီလမှာ စတင်ပြသဖို့ စီစဉ်ထားကြောင်း ထုတ်လုပ်သူတွေက ဇန်နဝါရီလ 10 ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ရုံတင်ပြသမှာဖြစ်ပြီး မြောက်အမေရိကတိုက်မှာတော့ မတ်လ ၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ကြောင်း Warner Bros. Korea အဆိုအရ သိရပါတယ်

သရုပ်ဆောင်တွေအဖြစ် ဟောိဝုဒ်က နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Robert Pattinson နဲ့ Steven Yeun တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ “Mickey 17” ဟာ စာရေးဆရာ Edward Ashton ရဲ့ ဝတ္ထု “Mickey7” ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး ရေခဲဖုံးနေတဲ့ ဂြိုလ်ကို စူးစမ်းဖို့ ကိုယ်ပွားရှာဖွေသူတစ်ဦး စေလွှတ်တဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။

ဒီဇာ်တကားဟာ Bong Joon-ho ရဲ့ အော်စကာဆုရ Parasite (2019) နောက်ပိုင်း ပထမဆုံးရိုက်ကူးထားတဲ့ ပရောဂျက်ဖြစ်ပါတယ်။

အဓိကသရုပ်ဆောင်ဖြစ်တဲ့ Robert Pattinson ကလဲ သူရဲ့ နောက်ဆုံးထွက်ဇာတ်ကားကို မိတ်ဆက်ကြော်ငြာဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားကို ဇန်နဝါရီ ၂၀ ရက်မှာ လာရောက်ခဲ့ပါသေးတယ်။
#movie #entertainment #korea #hollywood #myanmar #MyanGoal


Latest