ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးပန်းတွေရဲ့နောက်ကွယ်က အဓိပ္ပါယ်

ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးပန်းတွေရဲ့နောက်ကွယ်က အဓိပ္ပါယ်

ကိုရီးယားမှာ ပန်းတွေဟာ ရာသီအလိုက် ပွင့်လန်းကြတဲ့အပြင် ရာသီဥတုနဲ့ အချိန်ကာလပေါ် မူတည်ပြီး ပွဲတော်တွေ အခမ်းအနားတွေမှာ အသုံးပြုကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပန်းအမျိုးအစား တစ်ခုစီမှာ သူတို့ရဲ့ကိုယ်ပိုင်အဓိပ္ပါယ်နဲ့ သင်္ကေတတွေရှိပါတယ်။ အခုပြောပြပေးသွားမယ့် ပန်းတွေကလဲ ကိုရီးယားမှာ တွေ့ရလေ့ရှိတဲ့ ပန်းအများစုပါဝင်ပြီး ဒီပန်းတွေဟာ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဘယ်လိုထူးခြားစေလဲဆိုတာ တွေ့မြင်ရမှာလဲ ဖြစ်ပါတယ်။

ခေါင်ရမ်းပန်း (Mugunghwa) – တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားပန်း(national flower) ဖြစ်ပြီး ဇွဲနပဲနဲ့ ခံနိုင်ရည်ရှိတာတွေ စတဲ့ အရည်အသွေးတွေကို ကိုယ်စားပြုပါတယ်။ ဒီပန်းဟာ ကြမ်းတမ်းတဲ့ ရေမြေပတ်ဝန်းကျင်မှာတောင် ရှင်သန်ကြီးထွားနိုင်တာကြောင့် ကိုရီးယားနိုင်ငံအတွက် ဂုဏ်သိက္ခာနဲ့ ပတ်သက်တဲ့ အမှတ်လက္ခဏာ တစ်ခုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ Hibiscus(ခေါင်ရမ်းပန်း) ကို ကိုရီးယားနိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို ဂုဏ်ပြုတဲ့ အချိန်အခါသမယမှာ အသုံးပြုကြပြီး သူတို့နိုင်ငံရဲ့ အမျိုးသား သင်္ကေတအဖြစ် မကြာခဏ ပုံဖော်ကြပါတယ်။

ကြာပန်း (Yeonkkot) – ဒီပန်းဟာ ဗုဒ္ဓဘာသာအယူအဆမှာ မြင့်မြတ်တဲ့ ပန်းအမျိုးအစားဖြစ်ပြီး ကိုရီးယားမှာလဲ ကြာပန်းဟာ ဉာဏ်အလင်းနဲ့ သန့်ရှင်းစင်ကြယ်ခြင်းရဲ့ သင်္ကေတအဖြစ် ယူဆကြပါတယ်။ နောက်ကျိ‌နေတဲ့ ရေထဲကနေ ပွင့်လာတဲ့ ကြာပန်းဟာ အခက်အခဲတွေကို ကျော်လွှားပြီး ပွင့်လန်းလာတဲ့ အယူအဆကြောင့် အသွင်ကူးပြောင်းမှုနဲ့ မျှော်လင့်ချက်ကိုလဲ ကိုယ်စားပြုပါတယ်။

တတိုင်းမွှေးပန်း (Magnolia) : ဒီပန်းရဲ့ လှပသိမ်မွေ့တဲ့ ပွင့်ဖတ်နဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့တွေကြောင့် Magnolia ပန်းဟာ ခမ်းနားပြီး ဂုဏ်သိက္ခာရှိခြင်းရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ နွေဦးရာသီချိန်မှာ ပွင့်လာတာဖြစ်ပြီး နွေးထွေးမှုနဲ့ ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အယူအဆရှိကြပါတယ်။ Magnolia ပန်းဟာ အလှတရားရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး သဘာဝအတိုင်း ပကတိလှပနေတာကြောင့် အနုပညာလက်ရာတွေမှာလဲ မကြာခဏ အသုံးပြုလေ့ရှိကြပါတယ်။

#flower #popular #festival #event #korea #myanmar #MyanGoal


Latest