Top 10 Highest Grossing Korean Movies of all time (part-2)

ကိုရီးယားရုပ်ရှင်တွေဆိုတာလဲ ကမ္ဘာ့ရုပ်ရှင်လောကမှာ သွားရှုပ်လို့မရတဲ့အထဲ ပါပါတယ်။ အော်စကာရရှိဖူးတဲ့ ဇာတ်ကားတွေ ရှိသလို Box Office ရုံဝင်ငွေ သန်းနဲ့ချီ ရရှိအောင်မြင်တဲ့ ရုပ်ရှင်တွေ ရှိပါတယ်။ ဒီနေ့မှာတော့ ရုပ်ရှင်ချစ်သူတွေအတွက် နောက်ထပ် Box Office ရုံဝင်ငွေအများဆုံး ကိုရီးယားဇာတ်ကား 5 ကားကို ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။
6. Ode to My Father (2014)
စုစုပေါင်း ဒေါ်လာ 99.3 သန်းဖြင့် Ode to My Father သည် ကိုရီးယားစစ်ပွဲ အတွင်း ဇာတ်လမ်းကို ပုံဖော်ထားသည့် နောက်ထပ်စစ်ပွဲဒရာမာဖြစ်သည် ။ 2014 ခုနှစ်က ထွက်ရှိခဲတဲ့ ဒီရုပ်ရှင်ဟာ 1950 ခုနှစ် ကိုရီးယားစစ်ပွဲ အတွင်း ဖြတ်သန်းခဲ့ရတာတွေ၊ 1960 ခုနှစ်များတွင် အနောက်ဂျာမနီသို့ သူနာပြုများ နှင့် မိုင်းလုပ်သားများ စေလွှတ်တာမှာ ပါသွားတာတွေ၊ ဗီယက်နမ်စစ်ပွဲကိုပါ ဖြတ်သန်းလာခဲ့ရတဲ့ ကိုရိးယားလူမျိုး တယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ JK Youn ရိုက်ကူးတဲ့ ဒီဇာတ်ကားမှာ Hwang Jung Min၊ Yunjin Kim၊ Dal Su Oh နဲ့ Jin Young Jung တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Box Office ဝင်ငွေအနေနဲ့ ဒေါ်လာ 99.3 သန်းဝန်းကျင် ရရှိခဲ့ပါတယ်။ IMDb အဆင့်သတ်မှတ်ချက်- 7.8/10
7. Train to Busan (2016)
2016 တွင်ထွက်ရှိခဲ့သော Train to Busan ရုံစတင်ကထဲက တော်တော်လေး နာမည်ကြီး လူကြိုက်များခဲ့ပါတယ်။ မြန်မာရုံတင်တုန်းကလဲ လူအများသဘောကျခဲ့ကြပြီး ဆိုးလ်ကနေ ဘူဆန်ကို သွားတဲ့ ရထားမှာ ဖုတ်ကောင် zombie တွေနဲ့ ရင်ဆိုင်တိုက်ကြတဲ့ ဇာတ်လမ်းမျိုးဘဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Sang Ho Yeon ရိုက်ကူးတဲ့ ဒီဇာတ်ကားမှာ Gong Yoo၊ Jung Yu Mi၊ Ma Dong Seok နဲ့ Su An Kim တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb အဆင့်သတ်မှတ်ချက်- 7.6/10
8. Along With the Gods: The Last 49 Days (2018)
Along With the Gods: The Last 49 Days ကို ဒါရိုက်တာ Yong Hwa Kim ကဘဲ 2018 မှာ ရိုက်ကူးခဲ့ပြီး action-adventure ဇာတ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ သေသွားပြီးတဲ့ လူတယောက် နောက်ဘဝကို ကူးဖို့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ဖို့ အစောင့်အရှောက်တယောက်က လိုက်လံ ကူညီပေးတဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။ Ha Jung Woo၊ Ju Ji Hoon၊ Hyang Gi Kim နှင့် Ma Dong Seok အပါအဝင် နာမည်ကြီးသရုပ်ဆောင်တွေကို အသုံးပြုထားပါတယ်။ Box Office ဝင်ငွေအနေနဲ့ ဒေါ်လာ 92.5 သန်းဝန်းကျင် ရရှိခဲ့ပါတယ်။ IMDb အဆင့်သတ်မှတ်ချက်- 7.1/10
9. Veteran (2015)
နောက်ထပ် ရုံဝင်ငွေကောင်းခဲ့တဲ့ ကိုရီးယားဇာတ်ကားကတော့ ဒါရိုက်တာ Seung Wan Ryu ရိုက်ကူးထားတဲ့ Veteran ဖြစ်ပါတယ်။ 2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီ action drama ကို ဟာသနှော ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နာမည်ကြီးတွေဖြစ်တဲ့ Hwang Jung Min၊ Yoo Ah In၊ Hae Jin Yoo နဲ့ Dal Su Oh အပါအဝင် အကောင်းဆုံး ကိုရီးယားသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ကွက်ကတော့ တရားမျှတမှုအတွက် ကြိုးပမ်းနေတဲ့ ရဲအရာရှိတစ်ဦးရဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။ Box Office မှာတော့ ဒီဇာတ်ကားဟာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ 92 သန်းဝန်းကျင် ရရှိခဲ့ပါတယ်။ IMDb အဆင့်သတ်မှတ်ချက်- 7/10
10. Assassination (2015)
2015 မှာ ထွက်ရှိခဲ့ပြီး Assassination လို့ အမည်ပေးထားတဲ့ action drama ဇာတ်ကားဟာ လုံးဝကြည့်ရှုသင့်တဲ့ နောက်ထပ်အထင်ကရ ကိုရီးယားဇာတ်ကားဖြစ်ပါတယ်။ Box Office မှာ ကောင်းမွန်တဲ့ အဆင့်သတ်မှတ်ချက်တွေနဲ့ အောင်မြင်မှုအတော်အတန်လေး ရခဲ့ပြီး စုစုပေါင်း ဝင်ငွေ ဒေါ်လာ 90.9 သန်းဝန်းကျင် ရရှိခဲ့ပါတယ်။ ဒါရိုက်တာ Dong Hoon Choi ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်မှာ Jun Ji Hyun၊ Lee Jung Jae၊ Ha Jung Woo နဲ့ Dal Su Oh တို့က အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားသည်။ ဆိုးလ် နှင့် ရှန်ဟိုင်း တို့မှာ အဓိကထား ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဂျပန်တွေ ကိုရီးယားကို သိမ်းထားတဲ့ 1930 ခုနှစ် များအတွင်း ကိုရီးယားတော်လှန်ရေးအုပ်စုတစ်စုက ဂျပန်အရာရှိတဦးကို လုပ်ကြံတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ IMDb အဆင့်သတ်မှတ်ချက်- 7.2/10
#myangoal #Myanmar #movie #BoxOffice


Latest