ဒုတိယမြောက်ကလေးရပြီဖြစ်တဲ့ Song Joong Ki

Song Joong Ki နဲ့ ဇနီးဖြစ်သူ Katy Louise Saunders တို့ဟာ သူတို့ရဲ့မိသားစုဝင်အသစ်လေးကို မွေးဖွားလိုက်ပြီဘဲ ဖြစ်ပါတယ်။ Song Joong Ki က နိုဝင်ဘာ 20 ရက်မှာ သူ့ရဲ့ fan cafe မှာ ဒီသတင်းကို ရေးတင်ထားတာဖြစ်ပြီး “သားဦးလေးနဲ့အတူ ရောမမြို့မှာနေနေတာ တစ်နှစ်ကျော်ရှိပါပြီ။ ယခုအခါမှာတော့ နောက်ထပ် လှပတဲ့ကလေးလေး တစ်ယောက်ကို ထပ်မံမွေးဖွားခွင့်ရကြောင်း ကြေညာလိုက်ရတဲ့အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ရဲ့ ချစ်စဖွယ် မင်းသမီးလေးဟာ ကျန်းမာစွာ မွေးဖွားလာခဲ့ပြီး ကလေးရော၊ မိခင်ရော နှစ်ဦးစလုံး ကျန်းမာစွာ အနားယူလျက် ရှိနေပါတယ်။” လို့တင်ထားတာ ဖြစ်ပါတယ်။

Song Joong Ki ရဲ့ အေဂျင်စီ HighZium Studio ကလဲ ဇူလိုင်လအစောပိုင်းကတည်းက Song Joong Ki နဲ့ သူ့ရဲ့ဇနီး Katy Louise Saunders တို့ဟာ ဒုတိယမြောက်ရင်သွေးရရှိတော့မှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါဟာ Song Joong Ki ရဲ့ ဒုတိယမြောက် အိမ်ထောင်ဆက်နဲ့ နောက်ထပ်ရင်သွေးကလေး ရရှိခဲ့တာ ဖြစ်ပါတယ်။

ပထမအိမ်ထောင်ကတော့ တော်တော်များ သိပြီးသားဖြစ်တဲ့ Descendants of the Sun တွဲဖက်သရုပ်ဆောင် Song Hye-kyo နဲ့လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ 2017 ခုနှစ် ဇူလိုင်လ 5 ရက်နေ့မှာ စေ့စပ်ကြောင်းလမ်း ပြီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ အေဂျင်စီတွေက ကြေညာခဲ့ပါတယ်။ 2017 ခုနှစ်၊ အောက်တိုဘာလ 31 ရက်နေ့မှာ ဆိုးလ်မြို့က Youngbingwan၊ Hotel Shilla မှာ သီးသန့်အခမ်းအနားတစ်ခုနဲ့ သူတို့နှစ်ယောက်ရဲ့ အရင်းနှီးဆုံး မိသားစုဝင်တွေနဲ့ဘဲ ကျင်းပခဲ့တာဖြစ်ပြီး အာရှ တစ်ဝှမ်းက မီဒီယာတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ကို Song Song couple လို့ ပရိတ်သတ်တွေက ချစ်စနိုး‌ခေါ်ခဲ့ကြပြီး တော်တော်လေး လိုက်ဖက်ညီ အောင်မြင်ခဲ့ကြတဲ့ အတွဲဖြစ်ပါတယ်။ ဒါပေမဲ့ 2019 ခုနှစ် ဇွန်လ 26 မှာတော့ သူတို့စုံတွဲဟာ ကွာရှင်းပြတ်စဲခဲ့ကြပြီး ဇူလိုင်လမှာတော့ အပြီးသတ်လမ်းခွဲကြပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သူတို့နှစ်ယောက်မှာ သားသမီး ရရှိခဲ့တာတော့ မရှိခဲ့ပါဘူး။

2022 ခုနှစ် ဒီဇင်ဘာ 26 မှာတော့ Song Joong Ki ဟာ ဗြိတိန်မိန်းကလေးတစ်ယောက်နဲ့ ချိန်းတွေ့နေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပေမယ့် ဘယ်သူနဲ့လဲဆိုတာတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ 2023 ခုနှစ် ဇန်နဝါရီလ 30 ရက်နေ့မှာတော့ Song Joong Ki ဟာ အခုအိမ်ထောင်ဆက်ဖြစ်တဲ့ ဗြိတိန်မင်းသမီးဟောင်း Katy Louise Saunders နှင့် လက်ထပ်ခဲ့ပြီး သူတို့နှစ်ယောက်မှာ သားဦးလေး ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သူရဲ့ fancafe ကနေ တစ်ဆင့် ကြေညာခဲ့တာ ဖြစ်ပါတၑယ်။ 2023 ခုနှစ် ဇွန်လ 14 ရက်မှာတော့ ရောမမြို့က ဆေးရုံတစ်ခုမှာ သားဦးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
#myangoal #Myanmar #korea #SongJoongKi


Latest