Your cart is currently empty!
လက်ထပ်ပြီး ကိုယ်ပိုင်ဘဝကို ရှာဖွေခဲ့ကြပြီဖြစ်တဲ့ နောက်ထပ် ကျန်နေသေးတဲ့ K-pop Idol 5 ယောက် ကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။
6. The Grace အဖွဲ့ဝင် Lina
ရုပ်ရှင် သရုပ်ဆောင် နဲ့ The Grace ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ Lina ဟာ သရုပ်ဆောင် အဆိုတော် ဖြစ်တဲ့ Jang Seung Jo နဲ့ လက်ထပ်ခဲ့ပါ။ Temptation of Wolves စီးရီးကနေပြီးတော့ စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ 2014 ခုနှစ် နိုဝင်ဘာလ 22 ရက်နေ့မှာ လက်ထပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ 2018 ခုနှစ် စက်တင်ဘာလမှာ သူတို့ရဲ့ သားဦးလေးကို မွေးဖွားခဲ့ပြီး 2021 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့မှာတော့ ဒုတိယသမီးလေးကို မွေးဖွားခဲ့ပါတယ်။
7. FTISLAND အဖွဲ့ဝင် Minhwan
FTISLAND ရဲ့ ဒရမ်တီးသူ Choi Min Hwan ဟာ 2018 ခုနှစ် အောက်တိုဘာလ 19 ရက်နေ့မှာ လက်တွဲတာ သက်တမ်းကြာပြီဖြစ်တဲ့ ချစ်ရသူ Kim Yul Hee နဲ့ လက်ထပ်ခဲ့ပါတယ်။ 2018 ခုနှစ် မေလမှာ သူတို့ရဲ့သားဦး Jae-yul ကိုမွေးဖွားခဲ့ပြီး 2020 ခုနှစ် ဖေဖော်ဝါရီလမှာ အမြွှာသမီးလေး မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့လဲ ပျော်ရွှင်ဖွယ်အခိုက်အတန့် ကာလတစ်ခုအပြီးမှာတော့ သူတို့နှစ်ယောက်ဟာ ဒီဇင်ဘာ 4 ရက်၊ 2023 တွင် လမ်းခွဲကြောင်းကြေညာခဲ့ပါတယ်။
8. Crayon Pop အဖွဲ့ဝင် Soyul
တစ်ချိန်က အောင်မြင်ခဲတဲ့ Crayon Pop အဖွဲ့ဝင် Soyul ဟာ HOT အဖွဲ့ဝင် Heejun နဲ့ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ 2016 ခုနှစ်နှောင်းပိုင်းတွင် ကြေညာပြသခဲ့တဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ ဖေဖော်ဝါရီ 12 ရက်၊ 2017 ခုနှစ်မှာ ကြည်နူးဖွယ်ကောင်းတဲ့ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ သူတို့မိသားစုထဲကို 2017 ခုနှစ် မေလမှာ သမီးလေးတစ်ဦးနဲ့ 2022 ခုနှစ် စက်တင်ဘာလမှာ သားလေးတစ်ဦး ရောက်ရှိလာခဲ့ပါတယ်။ Heejun နဲ့ JamJam တို့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာ အခိုက်အတန့်တွေကိုလဲ The Return Of Superman မှာ ကြည့်ရှုနိုင်ပါတယ်။
9. TVXQ! အဖွဲ့ဝင် Changmin
TVXQ အဖွဲ့ထဲက အသံကောင်းတဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ Changmin ဟာ နာမည်ကြီး ကျော်ကြားတဲ့သူ မဟုတ်ဘဲ သာမန် မိန်းကလေးတယောက်နဲ့ ချစ်သူရည်းစား ဖြစ်ခဲ့ကြပါတယ်။ သူတို့စုံတွဲဟာ 2020 ခုနှစ် စက်တင်ဘာလမှာ လက်ထပ်ဖို့ ကနဦးစီစဉ်ထားပေမယ့် ကိုဗစ် ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ကြပြီး နောက်ဆုံးမှာတော့ 2020 ခုနှစ် အောက်တိုဘာလ 25 ရက်နေ့မှာ လက်ထပ်ထိမ်းမြား ခဲ့ကြပါတယ်။ သူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ 2022 ခုနှစ် အောက်တိုဘာလ 17 ရက်နေ့မှာ သူတို့ရဲ့ သားဦးလေးကို မွေးဖွားပြီးတဲ့နောက်မှာတော့ ပိုမိုပျော်ရွှင်စရာကောင်းလာခဲ့ပါတယ်။
10. Wonder Girls အဖွဲ့ဝင် Sunye
Wonder Girls အဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်း Sunye ဟာ James Park ဆိုသူနဲ့ 2013 ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ သူတို့ရဲ့ အိမ်ထောင်ရေးခရီးမှာ သမီး 3 ယောက် ရရှိခဲ့ပြီး Eun Yoo (Hailey) ကိုအောက်တိုဘာ 16၊ 2013 ခုနှစ်၊ Ha Jin (Elisha) ကို ဧပြီလ 22 ရက် 2016 ခုနှစ်၊ Yoo Jin (Madison) ကို ဇန်နဝါရီ 30၊ 2019 ခုနှစ်မှာ မွေးဖွားခဲ့ကြပါတယ်။ မိသားစုဘဝကို ဟန်ချက်ညီအောင် ထိန်းကျောင်းရင်း Sunye ဟာ ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။







Leave a Reply
You must be logged in to post a comment.