ဝင်ငွေအများဆုံး ကိုရီးယားဇာတ်ကားများ

ကိုရီးယားရုပ်ရှင်တွေဆိုတာလဲ ကမ္ဘာ့ရုပ်ရှင်လောကမှာ သွားရှုပ်လို့မရတဲ့အထဲ ပါပါတယ်။ အော်စကာရရှိဖူးတဲ့ ဇာတ်ကားတွေ ရှိသလို Box Office ရုံဝင်ငွေ သန်းနဲ့ချီ ရရှိအောင်မြင်တဲ့ ရုပ်ရှင်တွေ ရှိပါတယ်။ ဒီနေ့မှာတော့ Box Office ရုံဝင်ငွေအများဆုံး ကိုရီးယားဇာတ်ကား 10 ကားကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ချစ်သူတွေအနေနဲ့ ဘယ်ကားတွေ ဖြစ်မလဲဆိုတာ သိချင်ရင်တော့ ဖတ်ကြည့်ကြည့်လိုက်ပါ။
1. Parasite (2019)
Best Picture၊ Best Director၊ Best Original Screenplay နဲ့ Best International Feature Film စတဲ့ဆုတွေကို ၉၂ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ရရှိခဲ့ပြီး Parasite ဟာ အာရှနိုင်ငံက ဖန်တီးတဲ့ ရုပ်ရှင်တွေထဲ အအောင်မြင်ဆုံး ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Bong Joon Ho က ရိုက်ကူးပြီး Song Kang Ho၊ Lee Sun Kyun၊ Cho Yeo Jeong နဲ့ Choi Woo Sik တို့လို သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ရုပ်ရှင်ဇာတ်ကွက်ကလဲ လူမှုရေး လူတန်းစား ခွဲခြားမှုနဲ့ လောဘရဲ့ သဘောတရားတွေကို အလေးပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Box Office မှာလဲ အတော်လေး အောင်မြင်မှုရခဲ့ပြီး ဒေါ်လာ 263.1 သန်းအထိ ဝင်ငွေရရှိခဲ့ပါတယ်။ IMDb အဆင့်သတ်မှတ်ချက်- 8.5/10
2. The Admiral: Roaring Currents (2014)
နောက်ထပ် ဝင်ငွေအကောင်းဆုံးကိုရီးယားရုပ်ရှင်ကားကတော့ The Admiral: Roaring Currents ဖြစ်ပါတယ်။ 2014 ခုနှစ်မှာရိုက်ကူးခဲ့တဲ့ ဇာတ်ကားကို ဒါရိုက်တာ Han Min Kim က ရိုက်ကူးထားပြီး ‌action, drama, history အမျိုးအစား ဖြစ်ပါတယ်။ Choi Min Sik ၊ Seung Ryong Ryu ၊ Cho Jin Woong နဲ့ Kim Myung Gon တို့လို နာမည်ကြီး ကြယ်ပွင့်တွေ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကတော့ မိမိနိုင်ငံကို ကာကွယ်ဖို့ ခက်ခဲတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမယ့် ဇာတ်ကွက်ပုံစံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို Netflix မှာ ကြည့်ရှုနိုင်ပြီး Box Office ဝင်ငွေအနေနဲ့ ဒေါ်လာ 138.3 သန်းဝန်းကျင် ရရှိခဲ့ပါတယ်။ IMDb အဆင့်သတ်မှတ်ချက်- 7.1/10
3. Extreme Job (2019)
စုစုပေါင်း ဝင်ငွေဒေါ်လာ သန်း ၁၂၀ နဲ့ ဝင်ငွေအကောင်းဆုံး ကိုရီးယားရုပ်ရှင်စာရင်းမှာပါတဲ့ နောက်ထပ် ဇာတ်ကားတစ်ကားကတော့ Extreme Job ဖြစ်ပါတယ်။ ဒါရိုက်တာ Byeong Heon Lee က ရိုက်ကူးထားပြီး Seung Ryong Ryu ၊ Lee Hanee ၊ Jin Seon Kyu နဲ့ Dong Hwi Lee စတဲ့ ကိုရီးယား ကြယ်ပွင့်တွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ online ပေါ်မှာ video အတိုလေးတွေနဲ့ လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းဖြစ်ပြီး ရဲ ၅ ယောက် အသွင်ယူ ကြက်ကြော်ရောင်းရင် သူတို့ဆိုင်က ကြက်ကြော်က နာမည်ကြီးသွားတဲ့အခါ ကမောက်ကမ ဖြစ်တာတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb အဆင့်သတ်မှတ်ချက်- 7/10
4. Along With the Gods: The Two Worlds (2017)
Along With the Gods: The Two Worlds ဟာလဲ စုစုပေါင်းဝင်ငွေဒေါ်လာ ၁၀၉.၄ သန်းနဲ့ အောင်မြင်တဲ့ ကိုရီးယားဇာတ်ကားတစ်ကားဖြစ်သည်။ ဒီရုပ်ရှင်ကို 2017 မှာ ဒါရိုက်တာ Yong Hwa Kim ကရိုက်ကူးထားတာဖြစ်ပြီး Ha Jung Woo၊ Tae Hyun Cha၊ Ju Ji Hoon နဲ့ Hyang Gi Kim တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ မီးသတ်သမားတစ်ဦး သူရဲကောင်းဆန်စွာသေဆုံးပြီးတဲ့နောက် ဘဝကူးတဲ့ ဇာတ်လမ်းဘဲဖြစ်ပါတယ်။ IMDb အဆင့်သတ်မှတ်ချက်- 7.2/10
5. The Roundup (2022) IMDb အဆင့်သတ်မှတ်ချက်- 7/10
The Roundup ကတော့ Ma Dong Seok၊ Sukku Son၊ Gwi Hwa Choi နှင့် Ji Hwan Park တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝင်ငွေအကောင်းဆုံး ကိုရီးယားဇာတ်ကားတစ်ခုဘဲ ဖြစ်ပါတယ်။ The Roundup တောင်ကိုးရီးယား crime action ဇာတ်ကား ဖြစ်ပြီး စုံထောက် Ma Seok-do အဖြစ် Ma Dong-seok က သရုပ်ဆောင်ထားပြီး ရက်စက်တဲ့ရာဇ၀တ်ကောင်ကို ရှာဖွေဖမ်းဆီးတဲ့ ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်။ The Outlaws (2017) ရဲ့ sequel နောက်ဆက်တွဲ ဇာတ်ကားဖြစ်ပြီး The Roundup: No Way Out (2023) နဲ့ The Roundup: Punishment (2024) တို့ဆက်လက် ထွက်ရှိထားပါတယ်။
ကျန်နေသေးတဲ့ နောက်ထပ် 5 ကားကို‌ နောက်တပတ် ဒီလိုအချိန်မှာဘဲ တင်ဆက်ပေးသွားမှာ ဖြစ်တဲ့အတွက် ဆက်ဆက် စောင့်မျှော်နေကြပါနော်။
#korea #myangoal #Myanmar #movie #BoxOffice


Latest