Your cart is currently empty!
တောင်ကိုရီးယားမှာ နာမည်ကြီး အရသာရှိတဲ့ စားသောက်ဆိုင်တွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ နာမည်ကြီး ကိုရီးယားကြယ်ပွင့်တွေ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေလဲ ပါပါတယ်။ ဒီဆိုင်တွေဟာ နာမည်ကြီးတွေ ဖွင့်လှစ်ထားတာကြောင့် လူသိများရုံသာမက အစားအသောက်ကောင်းတာကြောင့်လဲ ကျော်ကြားပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ နာမည်ကြီး ကိုရီးယားကြယ်ပွင့်တွေ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေကို ပြောပြလိုက်ပါတယ်။ ဒီထဲမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ နာမည်ကြီးကြယ်ပွင့်တွေရဲ့ ဆိုင်တွေပါမလားဆိုတာ ကိုယ်တိုင်ဖတ်ကြည့်ကြည့်လိုက်ပါ။
Kim Jong-kook & Haha | 401 Barbeque စားသောက်ဆိုင်
ကိုရီးယား variety show ဖြစ်တဲ့ “Running man” ကြည့်ဖူးရင် မှ Kim Jong-kook နဲ့ Haha တို့ကို မသိတဲ့လူမရှိပါဘူး။ သူတို့နှစ်ယောက်ဟာ ရှိုးမှာလဲ အတူတူပါဝင်ကြတဲ့အပြင် Hongdae မှာလဲ အတူတူ အသားကင်ဆိုင် ဖွင့်ထားပါသေးတယ်။ ဒီဆိုင်မှာ ဝက်သားရဲ့ အစိတ်အပိုင်းအကုန်လုံးနီးပါးနဲ့ ချက်လုပ်ထားတဲ့ ဟင်းလျာတွေ ရနိုင်ပါတယ်။ ဒီနေရာကို သွားရောက်လည်ပတ်ဖူးတဲ့ နာမည်ကြီးတွေရဲ့ ဓာတ်ပုံနဲ့ လက်မှတ်တွေအများကြီးကို တွေ့ရနိုင်တဲ့အပြင် “Running man” က နာမည်ကတ်တွေလဲ တွေ့နိုင်ပါတယ်။
တည်နေရာ- 서울특별시 마포구 서교동 잔다리로 23
ဖွင့်ချိန်- နေ့စဉ် 16:00-02:00
Jeong Jun-ha | Mabeop Galbi Yosool Ggochi
Jeong Jun-ha ကတော့ ကိုရီးယား variety show ဖြစ်တဲ့ “Infinite Challenge” ကနေ နာမည်ကြီးကျော်ကြားလာတဲ့ ထိပ်တန်း ကိုရီးယားလူရွှင်တော်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာ “Infinite Challenge” ရပ်နားလိုက်ပြီးနောက်ပိုင်း Jeong Jun-ha ဟာ သူ့ရဲ့ စားသောက်ဆိုင်လုပ်ငန်းကို ပိုပြီးအာရုံစိုက်လာပါတယ်။ Ggochi ဆိုတာကေတာ့ သစ်သားတုတ်ထိုးထားတဲ့ အကင်တွေကို ခေါ်တာဖြစ်ပါတယ်။ အစားအသောက်နဲ့ အဖျော်ယမကာတွေကို ကောင်းတာကြောင့် ဒီစားသောက်ဆိုင်ဟာ အရက်ကြိုက်သူတွေနဲ့ စည်ကားလေ့ရှိပါတယ်။
တည်နေရာ- 서울특별시 강남구 신사동 선릉로157길 26
ဖွင့်ချိန်- နေ့စဉ် 17:00-05:00
Jungyup | Oriole
Oriole ကတော့ နာမည်ကျော် ကိုရီးယားအဆိုတော် Jungyup ကနေ ဦးစီးပြီး ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တစ်ခု ဖြစ်ပါတယ်။ Junghyup ရဲ့ နာမည်ကြောင့်မဟုတ်ဘဲ ဒီဆိုင်ရဲ့ အရသာရှိတဲ့ မီနူးတွေနဲ့ ထူးခြားတဲ့ အပြင်အဆင်ကြောင့် နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်နေရာကို Itaewon Class ရဲ့ ရိုက်ကူးရေးနေရာအဖြစ် အသုံးပြုခဲ့ပြီးနောက်ပိုင်း ပိုမိုနာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ ညဘက်အချိန်တွေမှာလဲ ဝိုင်နဲ့ bistro မီနူးတွေကို မြည်းစမ်းနိုင်ပါတယ်။
လိပ်စာ- 서울특별시 용산구 후암동 신흥로20길 43
ဖွင့်ချိန်- နေ့စဉ် 13:00-23:00
Loco | The Famous Burger
Loco ကတော့ သူ့ ဂီတစွမ်းရည်နဲ့ rap skills တွေကြောင့် ကိုရီးယားရဲ့ နာမည်ကြီး ရက်ပ်ရှိုး “Show Me the Money” ရဲ့ first season မှာ အနိုင်ရရှိခဲ့တဲ့ ကိုရီးယားရက်ပ်ပါတစ်ဦးဖြစ်ပါတယ်။ Hongdae မှာ ဘာဂါဆိုင်ဖွင့်ခဲ့ပြီး ဈေးနည်းနည်းကြီးပေမယ့် အရသာကောင်းတာကြောင့် မကြာခင်မှာ ဒေသခံတွေရဲ့ အသည်းစွဲဖြစ်လာခဲ့ပါတယ်။ တခါတလေကျရင် Jay Park တို့လို Loco နဲ့ ခင်မင်ရင်းနှီးတဲ့ ရက်ပ်ပါတွေလဲ တွေ့နိုင်တာကြောင့် hip hop နဲ့ rap ကြိုက်တဲ့သူတွေ သဘောကျကြမှာပါ။
လိပ်စာ- 서울특별시 마포구 서교동 잔다리로3안길 24
ဖွင့်ချိန်- နေ့စဉ် 12:00-22:00
Hong Seok-cheon | My Chelsea
Hong Seok-cheon ကတော့ လိင်တူချစ်သူ (gay) အဖြစ် ပထမဆုံးဖွင့်ပြောခဲ့တဲ့ တောင်ကိုရီးယား နာမည်ကြီးကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။ ယခုအခါ သူဟာ Itaewon မှာ စားသောက်ဆိုင်ဖွင့်ပြီး စားဖိုမှူးရော ဆိုင်ပိုင်ရှင်အဖြစ်ပါ လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ My Chelsea ဟာ သာယာပြီး ပွင့်လင်းတဲ့ ပတ်ဝန်းကျင်မှာ အရည်အသွေးမြင့် ခေါက်ဆွဲနဲ့ အကင်ကို အမိုက်စား စားသုံးနိုင်မယ့် နေရာဖြစ်ပါတယ်။ Itaewon မှာ အရည်အသွေးကောင်းကောင်းရနိုင်တဲ့ စားသောက်ဆိုင်ကို ရှာနေရင်တော့ ဒီနေရာက နေရာတစ်ခု ဖြစ်ပါတယ်။
လိပ်စာ- 서울특별시 용산구 이태원1동 이태원로27가길 40
ဖွင့်ချိန်- နေ့စဉ် 12:00-14:00
#myangoal #restaurantreview #korea #Myanmar #celebrity







Leave a Reply
You must be logged in to post a comment.