Your cart is currently empty!
ဆိုးလ်မှာ ကိုရီးယားကြယ်ပွင့်တွေ သွားစားလေ့ရှိတဲ့ စားသောက်ဆိုင် ၅ ဆိုင်
ကိုရီးယားကို ခရီးထွက်ပြီး စားသောက်ဆိုင်ကောင်းတွေ ရှာဖွေနေတယ်။ ဒါမှမဟုတ် ကိုရီးယားက နာမည်ကြီး idols တွေ သွားစားလေ့ရှိတဲ့ စားသောက်ဆိုင်တွေကို ရောက်ဖူးချင်ကြလား။
၁) Chupungryeong Kal Samgyupsal (Korean barbecue)
ကိုရီးယားကို လာလည်တဲ့အခါ samgyupsal စစ်စစ်ကို စားသုံးချင်ရင်တော့ စားသောက်ဆိုင်ကောင်းတွေ အများကြီးရှိပေမယ့်လည်း K-Pop ကြယ်ပွင့်တွေ မကြာခဏလာရောက်လေ့ရှိတာကတော့ SM Entertainment နဲ့ FNC တို့နားမှာ ဖွင့်လှစ်ထားတဲ့ Chupungryeong Kal Samgyupsal ဘဲ ဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ဟာ NCT ပရိသတ်တွေအတွက် အထူးရေပန်းစားတဲ့အပြင် ဒီမှာလာစားကြတဲ့ K-pop ကြယ်ပွင့်တချို့ကတော့ Super Junior၊ EXO၊ TWICE၊ SHINee၊ CNBLUE၊ ASTRO၊ The Boyz တို့ လာစားကြတာ ဖြစ်ပါတယ်။
လိပ်စာ- 1st floor, 41, Dosan-daero 51-gil, Gangnam-gu, ဆိုးလ်
2) Golden Pig / Geumdwaeji Sikdang
Geumdwaeji Sikdang ကတော့ ဝက်သားနဲ့ ပတ်သက်တဲ့ ဟင်းလျာတွေကို အဓိကပြုလုပ်ရောင်းချပြီး ဆိုးလ်က နာမည်ကြီးထိပ်တန်းဝက်သား စားသောက်ဆိုင်သုံးဆိုင်ထဲက တစ်ခုဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ နာမည်ကြီးမီနူးကတော့ ဝက်ပခုံးသားကင် ဖြစ်ပါတယ်။ ဒီကိုလာရောက်စားလေ့ရှိတဲ့ idol တွေကတော့ EXO၊ NCT 127၊ aespa၊ BTS အဖွဲ့က Jimin နဲ့ Jungkook တို့လဲ လာစားလေ့ရှိပါတယ်။ Taeyong ဟာ 2023 ခုနှစ်က သူ့ရဲ့မွေးနေ့ကို တခြား NCT 127 အဖွဲ့ဝင်တွေနဲ့အတူ ဒီဆိုင်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။လိပ်စာ- 149 Dasan-ro၊ Jung-gu၊ ဆိုးလ်
3) Krappom (ထိုင်းစားသောက်ဆိုင်)
ဆိုးလ်မှာ ကိုရီးယားစာ မဟုတ်ဘဲ ထိုင်းစာ စားချင်ရင်တော့ ကိုရီးယားမှာရှိတဲ့ ထိုင်းတွေလဲ မကြာခဏ လာစားလေ့ရှိတဲ့ ဆိုင်လဲ ဖြစ်ပါတယ်။ BLACKPINK အဖွဲ့က Lisa နဲ့ သူငယ်ချင်းတွေ လာစားတဲ့အခါ တော်တော်လေး နာမည်ကြီး သွားပြီး တခြား idols တွေဖြစ်တဲ့ (G)I-DLE က Minnie နဲ့ CLC အဖွဲ့က Sorn တို့လို K-pop Idol တွေကလဲ ဒီဆိုင်ကို လာစားလေ့ရှိပါတယ်။ ဒီစားသောက်ဆိုင်ဟာ ထိုင်းလူမျိုးကြားမှာ နာမည်ကြီးရုံသာမက ကိုရီးယားလူမျိုးတွေလည်း လာစားလေ့ ရှိပါတယ်။ ဒီဆိုင် နာမည်အကြီးဆုံးနဲ့ မြည်းစမ်းခဲ့သင့်တဲ့ မီးနူးကတော့ ဝက်နံရိုးစွပ်ပြုတ်အစပ်နဲ့ Thai Iced Tea တို့ဖြစ်ပါတယ်။
လိပ်စာ- 18 Seolleung-ro 153-gil၊ Gangnam-gu၊ ဆိုးလ်
4) Sinuiju Chapssal Sundae
ဒီစားသောက်ဆိုင်ကို I Live Alone ရှိုးမှာပြသခဲ့ပြီး SHINee အဖွဲ့ဝင် Key က ဒီဆိုင်ဟာ SHINee အဖွဲ့ရဲ့ အကြိုက်နှစ်သက်ဆုံး စားသောက်ဆိုင်ဖြစ်ခဲ့ပြီး (သူတို့တွေ သင်တန်းသားဖြစ်စကတည်းက ဒီဆိုင်မှာ စားခဲ့ကြတာဖြစ်ပါတယ်)။ SHINee အဖွဲ့ဝင်တွေရဲ့အကြိုက်ဆုံးမီနူးကတော့ Korean Blood Sausage Soup (Sundaeguk) ဘဲ ဖြစ်ပါတယ်။ I Live Alone ရှိုးရဲ့ MC Jung Hyun Moo ကလဲ အနုပညာရှင်များစွာဟာ ဒီဆိုင်မှာ မနက်ပိုင်းလာရောက် စားလေ့ရှိကြောင်း ရှိုးမှာပြောပြခဲ့ပါတယ်။ Super Junior အဖွဲ့ဝင် Donghae ကလည်း ဒီဆိုင်မှာ လာစားခဲ့တဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပါတယ်။
လိပ်စာ- 30၊ Eulji-ro 43-gil၊ Jung-gu၊ ဆိုးလ်
5) Dosan Bunsik
တီထွင်စမ်းသစ်ထားတဲ့ ကိုရီးယားလမ်းဘေးအစားအစာတွေကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ Dosan Bunsik ကို သွားကြည့်သင့်ပါတယ်။ 2NE1 အဖွဲ့ဝင် Dara၊ BLACKPINK နဲ့ SEVENTEEN တို့တွေလဲ ဒီဆိုင်မှာ လာရောက်စားခဲ့ကြပါတယ်။ Running Man ရှိုးရဲ့ အပိုင်း 611 ကို ဒီဆိုင်မှာဘဲ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး မီနူးတွေကတော့ Tteokbokki အစပ်၊ donkatsu sando (ဝက်သားညှပ်ပေါင်မုန့်) နဲ့ yukhoe gimbap (beef tartare ထမင်းလိပ်) တို့ငတော့ ဒီဆိုင်မှာ အရောင်းရဆုံးဖြစ်ပါတယ်။
လိပ်စာ- 10-6 Dosan-daero 49-gil၊ ဆိုးလ်
#myangoal #korea #foods #restaurantreview #celebrity #kpop







Leave a Reply
You must be logged in to post a comment.