Your cart is currently empty!
မြန်မာလူမျိုးတွေအနေနဲ့ ကိုရီးယားအစားအစာတွေကို စိတ်ဝင်စားကြမယ်ထင်ပါတယ်။ အထူးသဖြင့် 어묵 (Eomuk) နဲ့ 오뎅 (Odeng) ဆိုတဲ့ fish cake တွေကို မြင်ဖူးကြမှာပါ။ ဒါပေမယ့် ဒီနှစ်မျိုးက တူတူပဲလား? တကယ်တော့ မတူပါဘူး!
🇰🇷 Eomuk (어묵) – ကိုရီးယားရိုးရာ fish cake
**မူလအစနဲ့ သမိုင်း**
어묵 (Eomuk) ဟာ ဂျိုဆွန်ခေတ်ကတည်းက ကိုရီးယားမှာ ရှိခဲ့တဲ့ ရိုးရာအစားအစာပါ။ ဂျပန်က Kamaboko ကို ကိုရီးယားစတိုလ် ကိုရီးယားနည်းနဲ့ Pollock (명태) နဲ့ Corvina (조기) ငါးတွေသုံးပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများနဲ့ အသားပြုတ်ရည်
✔ ငါးအစစ်အမှန်ဘဲ ပါဝင်ပြီး အခြားဖြည့်စွက်ပစ္စည်းတွေ နည်းပါးပါတယ်။
✔ မာပြီး နူးညံ့တဲ့အရသာရှိပါတယ်။
✔ ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ထားတတ်ပါတယ်။
ပုံစံအမျိုးမျိုး
어묵 (Eomuk) ကို အမျိုးမျိုးသော ပုံစံတွေ**နဲ့ တွေ့နိုင်ပါတယ်:
– ပြားချပ်ချပ် (ကြော်ဖို့ အဆင်ပြေတယ်)
– လုံးရှည်များ(ဟင်းချိုထဲ ထည့်စားဖို့)
– ချစ်စရာကောင်းတဲ့ ပုံစံများ (ကြယ်၊ အသဲပုံ – ကလေးတွေ အကြိုက်ဖြစ်ပါတယ်!)
စားသုံးနည်းများ
✅ Eomuk-tang (어묵탕) – fish cake ကို ဟင်းချိုပျစ်ပျစ်နဲ့ တွဲစားခြင်း
✅ Eomuk bokkeum (어묵볶음) – ဟင်းသီးဟင်းရွက်တွေ ငရုတ်သီးမှုန့်နဲ့ ကြော်ထားခြင်း
✅ တုတ်ထိုးပြီး ကြော်ထားခြင်း – လမ်းဘေးအစားအစာအဖြစ် ဆော့စ်နဲ့ တို့စားခြင်း
🇯🇵 Odeng (오뎅) – ဂျပန်စတိုလ် fish cake
**မူလအစနှင့် သမိုင်း**
Odeng (오뎅) ဟာ ဂျပန်ရဲ့ Oden ဆိုတဲ့ ဆောင်းတွင်းဟင်းလျာကနေ ဆင်းသက်လာပါတယ်။ ကိုရီးယားမှာ ဂျပန်အုပ်ချုပ်စဉ်ကာလကနေ စတင်ပျံ့နှံ့ခဲ့ပြီး လမ်းဘေးအစားအစာအဖြစ် ရေပန်းစားလာခဲ့ပါတယ်။
ပါဝင်ပစ္စည်းတွေနဲ့ အသားပြုတ်ရည်
✔ အရသာပြည့်ပြည့်ဝဝ စိမ့်ဝင်ထားတဲ့ fish cake
✔ နူးညံ့ပြီး အသားထဲမှာ ဟင်းချိုကို စုပ်ယူနိုင်ပါ
✔ သကြား ဒါမှမဟုတ် mirin တို့ကြောင့် ချိုပြီး စားကောင်းပါတယ်
စားသုံးနည်းများ
✅ Odeng တုတ်ထိုး (오뎅 꼬치)- ပူပူနွေးနွေး ဟင်းချိုနဲ့ တို့စားခြင်း
#Korea #traditional #food #snacks






