ဘူဆန်ကိုရောက်တဲ့အခါ လူအများစုက ဒီတောင်ပိုင်းမြို့ရဲ့ အကျော်ကြားဆုံး ခရီးသွားနေရာဖြစ်တဲ့ Haeundae ကို သွားဖို့ တွေးကြပါတယ်။ဘူဆန်ရြ့ လူကြိုက်အများဆုံးကမ်းခြေနေရာကို ရောက်တဲ့ စားလို့ကောင်းတဲ့ နေရာလေးတွေကို ရှာနေတယ်ဆိုရင် ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
Century Octopus 100세낙지
လိပ်စာ- 부산해운대구 구남로24번길 3
3 Gunam-ro 24-beongil၊ Haeundae-gu၊ ဘူဆန်
ဆိုင်ဖွင့်ချိန်- 11:00-22:00
ရေဘဝဲ၊ ပုစွန်၊ နှင့် Sundae တို့ကို နှစ်သက်သူဆိုရင်တော့ Haeundae မှာရှိတဲ့ Century Octopus သည် အတော်လေး လူကြိုက်များပြီး နေရာထိုင်ခင်း အများအပြားရှိတာကြောင့် နေရာမှာ စိတ်ပူစရာ မလိုပါဘူး။
Gyeyoung Sanghoe 계영상회
လိပ်စာ- 부산해운대구 구남로12번길 11
11 Gunam-ro 12-beongil, Haeundae, Busan
ဆိုင်ဖွင့်ချိန်- တနင်္ဂနွေ မှ သောကြာ – 17:00-00:00, စနေ- 17:00-01:00
Gyeyuong Sanghoe မှာ ကိုရီးယား ဟင်းလျာများစွာအပြင် အရက်အဖျော်ယမကာမျိုးစုံကို ရနိုင်တဲ့ ရိုးရာစားသောက်ဆိုင်တခုဖြစ်ပါတယ်။ ကိုရီးယား ရိုးရာအစားအစာ နှင့် makgeolli (ကိုရီးယား ရိုးရာ ဆန်အရက်) မြည်းစမ်းချင်သူအတွက် ပြီးပြည့်စုံတဲ့ နေရာဖြစ်ပါတယ်။
Mipo Kkeutjib 미포끝집
လိပ်စာ- 부산해운대구 달맞이길62번길 77
77 Dalmaji-gil 62-beongil၊ Haeundae-gu၊ ဘူဆန်
ဆိုင်ဖွင့်ချိန်- 11:00-20:00
Mipo Pier လမ်းအဆုံးထိ လမ်းလျှောက်ရင် ဒီဆိုင်ကို တွေ့ရပါလိမ့်မယ်။ Mipo Kkeutjib ဟာ အေးချမ်းတဲ့ ပင်လယ်ရှုခင်းကို မြင်နိုင်တဲ့ 3 ထပ် ပင်လယ်စာစားသောက်ဆိုင် ဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ် ကင်မ်ချီ၊ အသုပ်တွေ၊ ကြက်သွန်ချဉ် နှင့် အခြား ဟင်းအမယ်မျိုးစုံလည်း ရှိပါတယ်။
Goraesa Fish Cake Shop 고래사어묵 해운대점
လိပ်စာ- 부산 해운대구 구남로 14
14 Gunam-ro၊ Haeundae-gu၊ ဘူဆန်
ဆိုင်ဖွင့်ချိန်- 09:30-21:30
Haeundae ဘူတာရုံရဲ့ ထွက်ပေါက် 5 ရှေ့မှာ ငါးကိတ်မုန့် အကြီးကြီး နဲ့ အလှဆင်ထားတဲ့ဆိုင်ကို တွေ့ရင်တော့ ဒီ Fishcake ဆိုင်ကို ရောက်ပြီဘဲ ဖြစ်ပါတယ်။ Goraesa Fishcake ဆိုင်ကတော့ ဘူဆန်မှာရှိတဲ့ အကျော်ကြားဆုံး ငါးကိတ်ဆိုင်ဖြစ်ပါတယ်။ Fishcake အရသာအမျိုးမျိုးရှိပြီးတော့ မဝယ်ယူမီ နမူနာမြည်းကြည့်လို့ ရပါတယ်။
Miryang Sundae Dwaeji Gukbap 밀양순대돼지국밥 부산본점
လိပ်စာ- 부산 해운대구 구남로 28
28 Gunam-ro၊ Haeundae-gu၊ ဘူဆန်
ဆိုင်ဖွင့်ချိန်- 24 နာရီဖွင့်ပါတယ်။
ဘူဆန်နဲ့လိုက်ဖက်တဲ့ အဓိကအစားအစာတစ်ခုကတော့ ထမင်းနှင့်ဝက်သားစွပ်ပြုတ်ဖြစ်ပါတယ်။
ဘူဆန်တွင် အရသာရှိတဲ့ ဝက်သားထမင်းစွပ်ပြုတ် စားသောက်ဆိုင်များစွာ ရှိပြီး ဆိုင်တဆိုင်ချင်းစီမှာလည်း သူတို့ရဲ့ ထူးခြားတဲ့ အရသာတွေ ရှိပေမယ့် Miryang ဆိုင်ကတော့ တော်တော်လေး လူကြိုက်များ နာမည်ကြီးပါတယ်။ ဆိုင်ကလဲ ၂၄ နာရီဖွင့်တော့ ကြိုက်တဲ့ အချိန် ဆိုင်မှာ သွားစားလို့ရပါတယ်။
Haeundae Wonjo Halmae Gukbap 해운대원조할매국밥
လိပ်စာ- 부상 해운대구 중동1로 40
40 Jung-dong 1-ro၊ Haeundae-gu၊ ဘူဆန်
ဆိုင်ဖွင့်ချိန်- 07:30-20:30
ဒီစားသောက်ဆိုင်က အရမ်းနာမည်ကြီးပြီး ဖွင့်တာလဲနှစ်ပေါင်း 50 နီးပါးရှိပါပြီ။ တီဗီမှာလဲ အကြိမ်ပေါင်းများစွာ ပါပြီး အနုပညာရှင်များစွာ လာရောက်စားသုံးခဲ့ကြပါတယ်။ ထူးခြားချက်ကတော့ အဆောက်အဦးရှေ့မှာရှိတဲ့ ရိုးရာဟင်းချက်အိုးတွေ ဖြစ်ပါတယ်။ အခုဆိုင်လိပ်စာက အသစ်ဖြစ်ပေမယ့် မူရင်းဆိုင်နေရာကနေ မိနစ်အနည်းငယ်သာ ကွာဝေးပါတယ်။ ဆိုင်မှာရှိတဲ့ မီနူးတွေကတော့ အမဲသားတွေနဲ့ဘဲ ရနိုင်တာဖြစ်ပြီး ဝက်သားနဲ့ ပတ်သက်တာတော့ မရနိုင်ပါဘူး။
Haeseong Makchang 해성막창집
လိပ်စာ- 부산해운대구 중동 1로19번길 19
19 19-ro 19-beongil၊ Jung-dong၊ Haeundae-gu၊ ဘူဆန်
ဆိုင်ဖွင့်ချိန်- 16:30-02:00, Sun တော့ပိတ်ပါတယ်။
ဒီဆိုင်ကတော့ ကိုရီးယားဒေသခံတွေ တော်တော်ကြိုက်ကြတဲ့ ဆိုင်ဖြစ်ပါတယ်။ အူကင်များကလဲ အရသာရှိပြီး အဆီမပြန်ဘဲ အလွန်နူးညံ့ပါတယ်။ ဈေးနှုန်းအနည်းငယ်မြင့်ပေမယ့်လည်း အရည်အသွေးကြောင့် ကိုရီးယားလူငယ်များကြား အလွန်ရေပန်းစားပါတယ်။
#myagoal #myanmar #korea #busan
Boost this post to reach up to 321 more people if you spend $42.







Leave a Reply
You must be logged in to post a comment.