Foodie အတွက် Myeongdong မှာရှိတဲ့ ထိပ်တန်းစားသောက်ဆိုင်များ

Myeongdong ဟာ ဆိုလ်းရဲ့ အဓိက ဈေးဝယ်လို့ကောင်းတဲ့နေရာတခုဖြစ်ပြီး Lacoste ၊ Polo Ralph Lauren ၊ H&M ၊ Zara ၊ Forever 21 ၊ Bulgari နှင့် Louis Vuitton စတဲ့ နိုင်ငံတကာမှ နာမည်ကြီး အမှတ်တံဆိပ်ဆိုင်တွေ အပြင် Nature Republic၊ Missha ၊ The Face Shop နှင့် Skin Food တို့ကဲ့သို့ ကိုရီးယားက နာမည်ကြီးအလှကုန် အမှတ်တံဆိပ်ဆိုင်များလဲ ရှိပါတယ်။ ။ Myeongdong အတွင်းမှာ Lotte Department Store ၊ Shinsegae Department Store ၊ Migliore ၊ M Plaza နှင့် Noon Square လိုဈေးဝယ်စင်တာကြီးများနှင့် ကုန်တိုက်ကြီးအများအပြားလဲ ရှိပါသေးတယ်။ ဒီနေရာကတော့ လူငယ်များနဲ့ ခရီးသွားများအတွက် အထူးရေပန်းစားသော နေရာဖြစ်ပါတယ်။ ဒီနေ့မှာတော့ Myeongdong မှာရှိတဲ့ ထိပ်တန်း စားသောက်ဆိုင်များကို အစားအသောက်ကြိုက်တဲ့ foodie လေးတွေအတွက် ပြောပြပေးလိုက်ပါတယ်။ 🔊📢
Myeongdong Kyoja
လိပ်စာ- 서울 중구 명동 10 길 10
10 Myeongdong 10-gil၊ Jung-gu၊ Myeongdong၊ ဆိုးလ်
ဆိုင်ဖွင့်ချိန် : 10:30 – 21:30
Myeongdong Kyoja ဆိုင်ကတော့ Myeongdong ရှိ နာမည်ကြီး ဖက်ထုပ်ဆိုင်တခုဖြစ်ပြီး ဒီဆိုင်ကို ဒေသခံများသာမက ကမ္ဘာလှည့်ခရီးသည်များ ကြားတွင်လဲ လူကြိုက်များတဲ့ ဆိုင်တဆိုင် ဖြစ်ပါတယ်။
Odari Jip
လိပ်စာ- 서울 중구 명동 8나길 28 2-3F
28 Myeongdong 8na-gil၊ Jung-gu၊ ဆိုးလ်
ဆိုင်ဖွင့်ချိန် : 10:00 – 23:00
အရမ်းနာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပြီး နံရံတွေမှာလည်း ဒီဆိုင်ကိုလာစားကြတဲ့ ကိုရီးယားအနုပညာရှင်တွေ့ပုံတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီဆိုင်မှာ အဓိက မီနူး ဖြစ်တဲ့ ပဲငံပြာရည် စိမ်ထားတဲ့ ကဏန်း တော်တော်လေး လူကြိုက်များ မှာစားကြပါတယ်။ Odari Jip မှာ မီနူးကို ကိုရီးယား၊ အင်္ဂလိပ်၊ ဂျပန်ဘာသာဖတ်လို့ရတာကြောင့် ကမ္ဘာလှည့်ခရီးသည်များအတွက် တော်တော် အဆင်ပြေပါတယ်။
BBQ Myeongdong Chicken
လိပ်စာ- 서울 중구 명동 4길 2F
2 Myeongdong 4-gil၊ Jung-gu၊ ဆိုးလ်
ဆိုင်ဖွင့်ချိန်- 11:00- 01:00
Myeongdong မှာ အရသာရှိတဲ့ ကြက်ကြော်နဲ့ ဘီယာဆိုင်ကို လိုက်ရှာနေတယ်ဆိုရင်တော့ ဒီဆိုင်က ရွေးချယ်သင့်တဲ့ထဲ ပါပါတယ်။ ဒီဆိုင်ရဲ့ signature ကတော့ golden olive chicken လို့ခေါ်တဲ့ သံလွင်ဆီသုံးပြီး ရွှေ၀ါရောင်သန်းအောင် ကြော်ထားတဲ့ ‌ကြက်ကြော်ဘဲ ဖြစ်ပါတယ်။
Baekje Samgyetang
လိပ်စာ- 서울 중구 명동 8길 8-10
8-10 Myeongdong 8-gil, Jung-gu, Myeongdong, ဆိုးလ်
ဆိုင်ဖွင့်ချိန်- 09:00-22:00
ဒီဆိုင်ကတော့ သူတို့ရဲ့အာဟာရပြည့်ဝသော ကြက်စွပ်ပြုတ်ကြောင့် နာမည်ကြီးပါတယ်။ Samgyetang လို့ခေါ်တဲ့ ဒီရိုးရာကြက်စွပ်ပြုတ်ဟာ အာဟာရဂုဏ်သတ္တိများ နှင့် ဗီတာမင်များစွာ ပါဝင်တာကြောင့် ကိုရီးယားလူမျိုးများကြား လူသိများသော စွပ်ပြုတ်တမျိုးဖြစ်ပါတယ်။ ဆိုင်ရဲ့အတွင်းပိုင်းကို ပြည်တွင်း၊ ပြည်ပသတင်းစာတွေ၊ မှတ်တမ်းတွေနဲ့ ကိုရီးယားခေတ်ဟောင်းစတိုင်ပုံစံနဲ့ အလှဆင်ထားပါတယ်။
Udaepo
လိပ်စာ- 3F၊ 2 Myeongdong 10-gil၊ Jung-gu၊ ဆိုးလ်
서울 중구 명동10길 40 2၊ 3층
ဆိုင်ဖွင့်ချိန်- 10:00-23:00 (နောက်ဆုံးအော်ဒါမှာဖို့ကတော့ 22:20 အထိဖြစ်ပါတယ်။)
K-BBQ သည် ကိုရီးယားတွင် စမ်းကြည့်ဖူးင့်တဲ့ အစားအသောက် အတွေ့အကြုံတခုဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ signature ဖြစ်တဲ့ Korean Hanwoo Beef ကိုတော့ မြည်းစမ်းကြည့်ဖို့ အကြံပေးပါရစေ။ ဒီအမဲသားက အဆီများပေမယ့် မယုံနိုင်လောက်အောင်အရသာရှိပြီး စားလိုက်တာနဲ့တပြိုင်နက် အရသာခံတွင်းတွေ့စေမှာဘဲဖြစ်ပါတယ်။ အရည်အသွေးမြင့် Hanwoo အမဲသားကို စားကြည့်ဖို့ ဆိုင်တဆိုင်တရှာနေပါက K-BBQ စားသောက်ဆိုင်ဖြစ်တဲ့ Udaepo ကိုတော့ သွားကြည့်သင့်ပါတယ်။
#korea #myanmar #MyanGoal #foods #restaurant #myeongdong


Latest