Your cart is currently empty!
ဘူဆန်ရဲ့ Gwangalli ကမ်းခြေကို ရောက်လို့ ပင်လယ်စာတွေ၊ နာမည်ကြီး အစားအစာတွေကို သွားစားချင်တဲ့လူတွေရှိကြလား။ အဲ့ဒါဆိုရင်တော့ အခုပြောပြမယ့် စားသောက်ဆိုင်လေးတွေကို သွားကြည့်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ ဘယ်ဆိုင်တွေ ဖြစ်မလဲဆိုတာကတော့ ဖတ်ကြည့်ကြည့်လိုက်ပါ။
Onbap 온밥
ဒီစားသောက်ဆိုင်ကတော့ လမ်းကြားထဲမှာ ဖွင့်ထားတာ ဖြစ်ပြီး ဆိုင်ကိုလဲ အေးချမ်းတဲ့ ခံစားမှုကိုပေးစွမ်းနိုင်ဖို့ သစ်သားရောင်လေးတွေနဲ့ အလှဆင်ထားပါတယ်။ Gwangalli ကမ်းခြေမှာ ဒေသခံတွေကြား မှာလဲ နာမည်ကြီးပါတယ်။ ဆိုင်ထဲမှာ ထိုင်ခုံအများကြီးမရှိတာကြောင့် နေ့ခင်းဘက်ရောက်တဲ့အခါ ဧည့်သည်တွေနဲ့ ပြည့်တတ်ပါတယ်။ ဒီစားသောက်ဆိုင်မှာရတဲ့ လတ်ဆတ်တဲ့ငါးကင်တွေနဲ့ အရံဟင်းလျာအစုံအလင်ကြောင့် ဘူဆန်မှာ တကယ်နာမည်ကြီးတာကြောင့် Busan ကိုရောက်ရင်တေ့သွားစားသင့်တဲ့ နေရာတခုဖြစ်ပါတယ်။
လိပ်စာ- 부산 수영구 수영로540번길 49
49 Suyeong-ro 540beon-gil, Suyeong-gu, Busan
ဆိုင်ဖွင့်ချိန်- အင်္ဂါ-တနင်္ဂနွေ 11:30-20:30 (နားချိန် 15:00-17:00 / နောက်ဆုံးအော်ဒါမှာရန် 14:30 နဲ့ 20:00) တနင်္လာနေ့မှာ ဆိုင်ပိတ်ပါတယ်။
Haeundae 31cm Haemul Kalguksu 해운대 31cm 해물칼국수 광안점
ဒီဆိုင်မှာ လူကြိုက်များတာကတော့ လက်လုပ်ခေါက်ဆွဲဖြစ်တဲ့ ပင်လယ်စာ Kalguksu နဲ့ ပင်လယ်စာ Pancake အစပ်တို့ ဖြစ်ပါတယ်။ kalguksu မှာ ဂုံးတော်တော်များများပါပြီး ပန်းကန်လုံး size ကလဲ တော်တော်ကြီးပါတယ်။ ပင်လယ်စာပန်ကိတ်ကလဲ အလွန်ကြွပ်ရွပြီး ပင်လယ်စာတွေနဲ့ အပြည့်ပါပါတယ်။ ဘူဆန်ကိုရောက်လို့ ပင်လယ်စာစားလိုသူများအတွက် Haeundae 31cm Haemul Kalguksu မှာ သွားစားကြည့်သင့်ပါတယ်။
လိပ်စာ- 부산 수영구 광남로 144
144 Gwangnam-ro, Suyeong-gu, Busan
ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:00-22:00 (နောက်ဆုံးအော်ဒါမှာရန် 21:00)
Mad Dogs 매드독스
Gwangalli ကမ်းခြေသဲသောင်ပြင်ရှေ့မှာ ရှိတဲ့ Mad Dogs ဟာ အရသာရှိတဲ့ ပီဇာဆိုင်ဖြစ်ပါတယ်။ Mad Dogs ရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ပြတင်းပေါက်ကနေတစ်ဆင့် Gwangalli ကမ်းခြေရဲ့ လှပတဲ့နေဝင်ချိန်ရှုခင်းကို ကြည့်ရှုရင်း စားသောက်ရင်း ပျော်ရွှင်စွာ စားသောက်နိုင်မှာဖြစ်ပါတယ်။
လိပ်စာ- 부산 수영구 광안해변로 235
235 Gwanganhaebyeon-ro၊ Suyeong-gu၊ ဘူဆန်
ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:30-24:00 (နောက်ဆုံးအော်ဒါ 23:00)
Zinzo Jogae 진조 조개구이
ဂုံးကင်ကောင်းကောင်း စားချင်ရင်တော့ Gwangalli ကမ်းခြေရှေ့မှာရှိတဲ့ Zinzo Jogae ကိုသွားစားကြည့်သင့်ပါတယ်။ ဝန်ထမ်းတွေကလဲ လတ်ဆတ်တဲ့ပင်လယ်စာ လာကင်ပေးမှာဖြစ်တာကြောင့် အေးဆေးထိုင်ပြီး စားရုံပါဘဲ။ ဒီဆိုင်ရဲ့ ပင်လယ်စာခေါက်ဆွဲကို Soju နဲ့တွဲပြီးတော့လဲ စမ်းစားကြည့်သင့်ပါတယ်။
လိပ်စာ- 부산 수영구 광안로61번길 28
28 Gwangan-ro 61beon-gil, Suyeong-gu, Busan
ဆိုင်ဖွင့်ချိန်- တနင်္လာနေ့ 17:00-24:00
သောကြာ-စနေ 17:00-01:00
Kkot Dwaeji Gukbap 꽃돼지국밥
ဘူဆန်မှာ မြည်းကြည့်သင့်တဲ့ နောက်ထပ်နာမည်ကြီး ဟင်းပွဲကတော့ Dwaeji Gukbap လို့ခေါ်တဲ့ ဝက်သားဆန်ပြုတ် ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ Gukap ဟင်းလျာက Busan မှာ နာမည်ကြီးပြီး စျေးနှုန်းကလည်းသင့်တင့်ပါတယ်။
လိပ်စာ- 부산 수영구 민락로 35
35 Millak-ro, Suyeong-gu, Busan
ဆိုင်ဖွင့်ချိန်- တနင်္လာ-စနေ 09:00-21:00 (နားချိန် 15:00-16:00 / နောက်ဆုံးအော်ဒါ 20:30)၊ တနင်္ဂနွေပိတ်ပါတယ်။
Boost this post to reach up to 321 more people if you spend $42.
#korea #myanmar #myagoal #busan #gwangalli







Leave a Reply
You must be logged in to post a comment.