Your cart is currently empty!
အရင်အပတ်က Hongdae မှာ ကော်ဖီဆိုင် ကောင်းကောင်းရှာနေတဲ့ သူတွေအတွက် ဆိုင် ၅ ဆိုင်ဖော်ပြပေးခဲ့ပါတယ်။ ဒီနေ့မှာလဲ ကျန်နေသေးတဲ့ နောက်ထပ်ဆိုင် ၆ ဆိုင် ထပ်မံပြောပြပေးလိုက်ပါတယ်။
943 King’s Cross 943 킹스크로스
Harry Potter ရုပ်ရှင်ကို တမ်းတမ်းစွဲ သဘောကျကြတဲ့ Potterheads ရှိကြလား ? Hongdae မှာ Harry Potter ရုပ်ရှင်ထဲကလို ပြင်ဆင်ထားတဲ့ 943 King’s Cross လို့ခေါ်တဲ့ ကော်ဖီဆိုင်တဆိုင် ရှိပါတယ်။ ကော်ဖီဆိုင်ရဲ့ အထပ်တိုင်းမှာ မတူညီတဲ့ အပြင်အဆင်တွေနဲ့ အလှဆင်ထားပြီး ဓါတ်ပုံကောင်းကောင်း ရိုက်လို့နေရာတွေ ရှိပါတယ်။ ကော်ဖီဆိုင်ရဲ့ စတုတ္ထထပ်မှာဆိုရင်လဲ Harry Potter ရုပ်ရှင်ထဲက ဝတ်စုံတွေကို စမ်းဝတ်ကြည့်ပြီး ဓာတ်ပုံရိုက်လို့ ရပါသေးတယ်။ မုန့်တွေနဲ့ သောက်စရာတွေကိုလဲ Harry Potter ထဲက အပြင်အဆင်အတိုင်း အလှဆင်ထားပါတယ်။
လိပ်စာ- 서울특별시 마포구 서교동 양화로 16길 24
24 Yanghwa-ro 16-gil၊ Seogyo-dong၊ Mapo-gu၊ ဆိုးလ်
ဆိုင်ဖွင့်ချိန် 11:30-21:00
ဘယ်လိုသွားရမလဲ – Hongik University Station ရဲ့ ထွက်ပေါက် 9 ကနေ 8 မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါပြီ။
Rachel’s Kitchen Hongdae 라헬의 부엌 홍대점
Rachel’s Kitchen ကတော့ ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင် ဖြစ်ပြီး ဒီဆိုင်ရဲ့ Souffle pancakes ကြောင့် Hongdae မှာ လူသိများပါတယ်။ ကော်ဖီဆိုင်ကို ပန်းရောင်ဖျော့ဖျော့နှင့် အဖြူရောင်ကို သုံးပြီးတော့ ချစ်စရာကောင်းအောင် ပြင်ဆင်ထားပါတယ်။ Souffle pancakes တွေဟာ ပုံမှန် ရိုးရာပန်ကိတ်တွေနဲ့ မတူဘဲ ပိုထူပြီး ပျော့ပျောင်းပါတယ်။
လိပ်စာ- 서울 마포구 서교동 번지 1호 333-6
333-6 Seogyo-dong၊ Mapo-gu၊ ဆိုးလ်
ဆိုင်ဖွင့်ချိန်- တနင်္လာ-ကြာသပတေး- 11:30-21:00 သောကြာ-တနင်္ဂနွေ- 11:00-22:00
ဘယ်လိုသွားရမလဲ – Hongik University Station ရဲ့ ထွက်ပေါက် 7 ကနေ 4 မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါပြီ။
C27 씨27
Hongdae မှာ ချိစ်ကိတ်စားလို့ကောင်းမယ့် ကော်ဖီဆိုင်ကောင်းကောင်း ရှာနေရင်တော့ C27 ကိုသွားသင့်ပါတယ်။ C27 မှာ အတွင်းပိုင်းဒီဇိုင်း ကတော့ ထူးထူးခြားခြား ပြင်ဆင်ထားပြီး ကျယ်ကျယ်ဝန်းဝန်းလဲ ရှိပါတယ်။ဆိုင်ထဲမှာ မီးရထားလမ်းအသေးစားနဲ့ စက်ခေါင်းနဲ့ အလှဆင်ထားပြီး ဓာတ်ပုံရိုက်တတ်တဲ့ သူတွေ အကြိုက်ပါဘဲ။ သာမန် ချိစ်ကိတ်ထက် ပိုထူတဲ့ ပူတင်းချိစ်ကိတ် ကတော့ လူသိများပါတယ်။
လိပ်စာ- 서울 마포구 양화로 161 3층
3F၊ 161 Yanghwa-ro၊ Seogyo-dong၊ Mapo-gu၊ ဆိုးလ်
ဆိုင်ဖွင့်ချိန်- 11:00-22:00
ဘယ်လိုသွားရမလဲ – Hongik University Station ရဲ့ ထွက်ပေါက် 2 ကနေ 1 မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါပြီ။
Lovin’ Her 러빈허
Lovin’ Her မှာတော့ K-pop idol ပွဲတွေကို လက်ခံကျင်းပတာကြောင့် နာမည်ကြီး ကော်ဖီဆိုင်တခုဖြစ်ပါတယ်။ Lovin’ Her တွင် တစ်နှစ်ပတ်လုံး ပွဲတွေ ကျင်းပပြီး ပရိသတ်တွေက သူတို့ရဲ့ အကြိုက်နှစ်သက်ဆုံး K-pop idol ဂုဏ်ပြုဖို့ စီစဉ်ကြပါတယ်။ ကိုရီးယားမှာ ပရိသတ်တွေဟာ သူတို့အကြိုက်ဆုံး K-pop idol ရဲ့ မွေးနေ့ပွဲကို အတူတကွကျင်းပလေ့ရှိကြပြီး ဒီပွဲတော်တော်များများကို Lovin’ Her မှာ ကျင်းပကြပါတယ်။
လိပ်စာ- 서울 마포구 신촌로 6길 22
22 Shinchon-ro, 6-gil, Mapo-gu, ဆိုးလ်
ဆိုင်ဖွင့်ချိန်- 10:00- 20:00
ဘယ်လိုသွားရမလဲ – Hongik တက္ကသိုလ်ဘူတာရုံကနေ ၃ မိနစ်ခန့် လမ်းလျှောက်ရင် ရပါပြီ။
Thanks Nature Cafe
မြို့ပြရဲ့ ရှုပ်ထွေးမှုကနေ ခေတ္တခဏ အနားယူချင်ရင်တော့ Thanks Nature Cafe သွားကြည့်လိုက်ပါ။ ဒီကဖေးဆိုင်မှာ များသောအားဖြင့် လယ်ကွင်းတွေနဲ့ ကျေးလက်တောရွာတွေ မှာသာရှိတဲ့ ချစ်စရာ သိုးတွေကို တွေ့နိုင်ပါတယ်။ Gangwon-do ရှိ Daegwallyeong သိုးမွေးမြူရေးခြံ ရဲ့ nature-themed cafe ဆိုင်ကို သွားရောက်လည်ပတ်ပြီးတဲ့နောက် ဒီကော်ဖီဆိုင်ကို ဖွင့်ဖို့ စိတ်ကူးရခဲ့တယ်လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။ သိုးတွေကလဲ အလွန်ဖော်ရွေပြီး ကော်ဖီဆိုင်မှာ ဧည့်သည်တွေအနေနဲ့ သိုးတွေကို အစာကျွေးတာ၊ ဓာတ်ပုံရိုက်တာတွေလဲ ပြုလုပ်နိုင်ပါတယ်။ ကော်ဖီဆိုင်ဟာ အလွန်ကျယ်ဝန်းပြီး အတွင်းပိုင်းဒီဇိုင်းကလဲ သဘာဝဆန်ဆန်နဲ့ ချစ်စရာကောင်းတာကြောင့် လာရောက်လည်ပတ်သူတွေအတွက် သက်သောင့်သက်သာရှိပြီး စိတ်အပန်းပြေစေပါတယ်။
လိပ်စာ- 서울 특별시 마포구 홍익로 10
10 Hongik-ro၊ Mapo-gu၊ ဆိုးလ်
ဆိုင်ဖွင့်ချိန် 12:00-21:00
ဘယ်လိုသွားရမလဲ – Hongik University Station ၏ ထွက်ပေါက် 9 ကနေ 4 မိနစ်ခန့် လမ်းလျှောက်ရင် ရပါပြီ။
#myanmar #myagoal #korea #hongdae #coffeeshop #coffee







Leave a Reply
You must be logged in to post a comment.