Korean Winter Street Snacks

ကိုရီးယားနိုင်ငံရဲ့ ဆောင်းရာသီမှာ ရွေးချယ်စရာ အစားအသောက်တွေ များတဲ့အထဲက စမ်းစားကြည့်ဖို့ မမေ့သင့်တယ့် သရေစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ငါးပေါင်မုန့် (Bungeoppang) 붕어빵
ငါးပေါင်မုန့်ကတော့ တောင်ကိုးရီးယားတွင် အများဆုံးရောင်းရလေ့ရှိသော ဆောင်းရာသီ သရေစာ တခုဖြစ်ပြီး ပဲနီလေးအနှစ် ခရင်မ်နှင့် ကန်စွန်းဥတို့နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကြွပ်ကြွပ်ရွရွ ရှိတဲ့ အပြင်ပိုင်းနှင့် ချိုမြိန်တဲ့ အတွင်းပိုင်းအနှစ်ကြောင့် ပြီးပြည့်စုံတဲ့ texture ကို ဖန်တီးပေးပါတယ်။ လူကြိုက်များတဲ့ ကိုရီးယားဆောင်းရာသီ လမ်းဘေးအစားအစာတွေထဲက တခုဖြစ်တဲ့ bungeoppang (နှင့် အလားတူ ingeoppang) နှစ်မျိုးလုံးကို KRW 2,000 ဝန်းကျင်နဲ့ ရနိုင်တာကြောင့် စျေးသက်သက်သာသာနဲ့ စားနိုင်ပါတယ်။ Seoul National University station နဲ့ Konkuk University station တို့နားက ဆိုင်တွေမှာ စမ်းစားကြည့်ဖို့ recommend ပေးပါတယ်။
Hotteok 호떡
Hotteok ဟာ ကိုရီးယားမှာ ကြိုက်နှစ်သက်ကြတဲ့ ဆောင်းရာသီ လမ်းဘေး သရေစာ တစ်မျိုးဖြစ်ပါတယ်။ ဒီမုန့်ကတော့ တော်တော်လေး ချိုတဲ့အထဲပါပြီး ကယ်လိုရီ 230 ခန့်လောက်တော့ ရှိပါတယ်။hotteok ကတေ့ tang bing (တရုတ်လို “ချိုမြိန်သော ပန်ကိတ်” ဟု အဓိပ္ပါယ် ရှိပြီး 1920 ခုနှစ်တွေမှာ တရုတ် ကုန်သည် အများအပြားဟာ ကိုရီးယား တွင် အခြေချနေထိုင်ကြပြီး ထို တန်ဘင် များကို ရောင်းချခဲ့ကြပါတယ်။ Jongno-gu, Namdaemun စျေး, Gwangjang စျေးတ၀ိုက်က ဆိုင်တွေမှာ စမ်းစားကြည့်သင့်ပါတယ်။
Hoppang 호빵
Hoppang ကတော့ နွေးထွေးမှုကို ပေးစွမ်းနိုင်တဲ့ ဆောင်းရာသီ သရေစာဖြစ်ပြီး ပျော့ပျောင်းတဲ့ ဂျုံမုန့်လုံးထဲကို နူးညံ့တဲ့ ပဲနီဖြင့်အစာသွပ်ထားပါတယ်။ ပျော့ပျောင်း အပြင်ဘက်အလွှာနှင့် နူးညံချိုမြိန်တဲ့အတွင်းပိုင်းကြောင့် ပါးစပ်အတွင်းထဲမှာ နွေးထွေးသော ခံစားချက်ကို ပေးစွမ်းပြီး ကိုရီးယား ဆောင်းဦးရာသီနှင့် ဆောင်းရာသီတွင် နှစ်သက်ဖွယ် အရသာရှိတဲ့ သရေစာတခုဖြစ်ပါတယ်။
ကန်စွန်းဥကင် (Gun-goguma) ‘군’ 고구마
ပူနွေးသောသရေစာအနေဖြင့် ဆောင်းရာသီတွင် စားသုံးရန် အထူးသင့်လျော်ပြီး ကန်စွန်းဥဟာ သကြားပါဝင်မှု အကြွယ်ဝဆုံးဖြစ်ပေမယ့် ကယ်လိုရီကတော့ ၁၆၈ ဝန်းကျင်လောက်ဘဲရှိပါတယ်။။ ကန်စွန်းဥကို drum cans လို့ခေါ်တဲ့ စည်ပိုင်းကြီးထဲမှာ ပူပူနွေးနွေး ကင်လိုက်ခြင်းက အထဲမှာရှိတဲ့ အစိုဓာတ်ကို လျော့နည်းစေပြီး ပိုချိုမြိန်တဲ့ အရသာကို ရရှိစေပါတယ်။
Fish Cake (Eomuk) 어묵국
ကိုရီးယားဆောင်းရာသီတွင် Fish Cake စွပ်ပြုတ်ကတော့ မရှိမဖြစ်လိုအပ်ပါတယ်။ အရည်ကလဲ ဒီလိုအေးတဲ့အချိန်မှာ သောက်ရတာ ‌အရသာရှိပြီး လူတော်တော်များများက eomukguk ဟင်းရည်နဲ့ tteokbokki ကို တွဲစားတတ်ကြပါတယ်။ နေရာတော်တော်များများမှာ အလွယ်တကူ ဝယ်ယူလို့ရတာကြောင့်လဲ ‌Street food ထဲမှာ လူကြိုက်များပါတယ်။
#foods #myangoal #korea #Myanmar #winter #snacks


Latest