Bibimbap ဆိုတာဘာလဲ?

Bibimbap ဆိုတာကတော့“bap” ဆိုတဲ့ ဆန်ကို “Bibim” ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်နယ်ထားတာကို ပြောတာ ဖြစ်ပါတယ်။ ဒါကြောင့် bibimbap ကို ကိုရီးယား ထမင်းသုပ်လို့လဲ ခေါ်ပါတယ်။

ပန်းကန်လုံးထဲမှာ ချက်ပြီးသားထမင်း၊ ကြော်ထား၊ ပြုတ်ထားတဲ့ အသီးအရွက်တွေ၊ အသား ဒါမှမဟုတ် အမဲသားတုံးလေးတွေ၊ ကြက်ဥကြော် ဒါမှမဟုတ် ကြက်ဥအစိမ်း၊ နှမ်းဆီနဲ့ gochujang (ငရုတ်သီးငပိဆော့စ်) တို့ကို ဇလုံတစ်ခုထဲမှာ သေချာ သမအောင် ရောမွှေပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Bibimbap ကို အလှဆင်တာကတော့ ရာသီအလိုက်၊ ဒေသအလိုက်၊ လိုက်လျောညီထွေဖြစ်အောင် ဆန်းသစ်တီထွင် ဖန်တီးကြတာ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကိ အတိအကျ မသတ်မှတ်ထားဘဲ အာဟာရရှိဖို့၊ လိုက်ဖက်ညီဖို့ အရောင်လှဖို့ ပြင်ဆင်နိုင်ရင် ရပြီဖြစ်ပါတယ်။

ဒါ့အပြင် ပန်းကန်လုံးထဲက အရောင်တွေဟာ အဓိပ္ပါယ်ရှိပြီး ယဉ်ကျေးမှုနဲ့ အာဟာရဖြစ်တာတွေကို ကိုယ်စားပြုတာဖြစ်ပါတယ်။ အနက်ရောင်ကတော့ ပန်းကန်လုံးရဲ့ မြောက်ပိုင်းကို ကိုယ်စားပြုပြီး ကျောက်ကပ်ကို အကျိုးပြုတာကြောင့် မှို ဒါမှမဟုတ် ပင်လယ်ရေညှိကို အသုံးပြုကြပါတယ်။ အနီရောင်/ လိမ္မော်ရောင်ကတော့ တောင်ပိုင်းကို ကိုယ်စားပြုပြီး နှလုံးကို အားဖြည့်ပေးတာကြောင့် ငရုတ်သီး၊ မုန်လာဥနီ ဒါမှမဟုတ် တရုတ်ဆီးသီး (jujube dates) တွေကို ထည့်လေ့ရှိပါတယ်။ အစိမ်းရောင် အရှေ့ဘက်ကို ကိုယ်စားပြုပြီး အသည်းကို အားကောင်းစေအောင် သခွားသီးနဲ့ ဟင်းနုနွယ်ရွက်တို့ကို ထည့်ပါတယ်။

ဒါ့အပြင် အဖြူရောင်ကတော့ အနောက်ကို ကိုယ်စားပြုပြီး အဆုတ်ကို သက်သာစေတာကြောင့် ပဲပင်ပေါက်၊ မုန်လာဥနဲ့ ထမင်းတို့ကို အသုံးပြုပါတယ်။ နောက်ဆုံးမှာတော့ အဝါရောင်ကတော့ ပန်းကန်လုံးရဲ့ အလယ်ဗဟိုကို ကိုယ်စားပြုတာဖြစ်ပြီး အစာအိမ်အတွက် ဆောင်ရွက်ပေးနိုင်မယ့် ကြက်ဥကို အသုံးပြုပါတယ်။

1400 ခုနှစ်ဝန်းကျင်က Bibimbap ကို “goldongban” (အဓိပ္ပါယ်ကတော့ ချက်ပြီးသားထမင်းကို ဟင်းအမျိုးမျိုးနဲ့ ရောစပ်ခြင်း) အဖြစ် ခေါ်ကြပြီး 1800 ခုနှစ်နှောင်းပိုင်းမှာတော့ “bubimbap” လို့ ပြောင်းခေါ်လာကြတာ ဖြစဖြစ်ပါတယ်။ ဒါ့အပြင် 1800 နဲ့ 1900 ခုနှစ်တွေကြားမှာဆို bibimbap မှာ ပါဝင်တဲ့ ပစ္စည်းတွေဟာလဲ ပြောင်းလဲလာပါ။

1500 ခုနှစ်များအထိ သမိုင်းဝင်စာရွက်စာတမ်းများနှင့် စာအုပ်များတွင် bibimbap အားကိုးကားချက်များစွာရှိပြီး 1800 နှောင်းပိုင်းတွင် ပထမဆုံးလူသိများသောဟင်းချက်နည်းများရှိသည်။ 1920 ခုနှစ်နောက်ပိုင်းတွေမှာတော့ bibimbap ဟာ အိမ်တွင်းဖြစ် စားရုံာမက စားသောက်ဆိုင်တွေမှာလဲ ရေပန်းစားလာပါတယ်။ ယနေ့ခေတ်မှာတော့ bibimbap ကို အဆင့်မြင့် စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေမှာပါ ရရှိနိုင်ပြီ ဖြစ်ပါတယ်။

#bibimbap #food #traditional #korea #myanmar #MyanGoal


Latest