Your cart is currently empty!
Yeonnam-dong ကတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က Mapo-gu ခရိုင်မှာ ရှိပါတယ်။ တစ်ချိန်က ဒေသခံတွေရဲ့ နေထိုင်ရာနေရာ ဖြစ်ခဲ့တဲ့ ဒီရပ်ကွက်ဟာ အခုအချိန်မှာတော့ စိတ်ကူးယဉ်ဆန်ဆန် အနုပညာရှင်တွေနဲ့ ဒီဇိုင်နာတွေ များစွာအတွက် ခေတ်မီတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပိုမိုထူးခြားတဲ့ ဈေးဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေကလဲ လမ်းမတန်းနဲ့ လမ်းကြားတွေမှာပါ တဖြည်းဖြည်း များလာတာနဲ့အမျှ ဒီဧရိယာဟာ တက္ကသိုလ်ကျောင်းသားလူငယ်တွေနဲ့ ခရီးသွားတွေအတွက် အလွန်ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ Yeonnam-dong မှာရှိတဲ့ ဓာတ်ပုံကောင်းကောင်း ရိုက်ချင်တဲ့သူတွေ၊ ကော်ဖီကောင်းကောင်း ကြိုက်တဲ့သူတွေအတွက် သွားလို့ကောင်းမယ့် ကော်ဖီဆိုင် ကောင်းကောင်းလေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Cafe Layered (카페레이어드 연남점)
လိပ်စာကတော့ 223-20 Yeonnam-dong၊ Mapo-gu, Seoul ( 서울마포구 연남동 223-20) ဖြစ်ပြီး ဆိုင်ဖွင့်ချိန်- 11:00-22:00 အထိဖွင့်ပါတယ်။ Hongdae Station Exit 3 ကနေပြီးတော့ မီတာ 836 အကွာ ဒီဆိုင်လေးရှိပါတယ်။
Earth us (얼스어스)
လိပ်စာကတော့ 150 Seongmisan-ro, Mapo-gu, Seoul (서울특별시 마포구 성미산로 150) ဖြစ်ပြီး ဆိုင်ဖွင့်ချိန်- အင်္ဂါနေ့ ပိတ်ပြီး ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိ 12:00-21:00 အထိဖွင့်ပါတယ်။
Earth us ကတော့ Hongdae Station Exit 3 ကနေ မီတာ 754 အကွာမှာရှိပါတယ်။
OVERDEEP (오버딮)
လိပ်စာကတော့ 149-8 Seongmisan-ro, Mapo-gu, Seoul (서울 마포구 성미산로 149-8) ဖြစ်ပြီး
ဆိုင်ဖွင့်ချိန်- တနင်္လာနေ့ ပိတ်ပြီး အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ 11:00-21:00 အထိဖွင့်ပါတယ်။
Hongdae Station Exit 3 ကနေ မီတာ 766 သွားပြီးရင်တော့ OVERDEEP ကိုရောက်ပါပြီ။
MERITREE (메리트리)
လိပ်စာကတော့ 2F, 17 Seongmisan-ro 29an-gil, Mapo-gu, Seoul (서울 마포구 성미산로29안길 17 2층) ဖြစ်ပြီး ဆိုင်ဖွင့်ချိန်- တနင်္လာနေ့ ပိတ်ပြီး အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ 12:00-21:00 အထိဖွင့်ပါတယ်။
Hongdae Station Exit 3 ကနေပြီးတော့ မီတာ 863ခန့် သွားပြီးရင် MERITREE ကို ရောက်ပြီဘဲဖြစ်ပါတယ်။
Randy’s Donuts (랜디스도넛 연남점)
လိပ်စာကတော့ 247 Donggyo-ro, Mapo-gu, Seoul (서울 마포구 동교로 247) ဖြစ်ပြီး
ဆိုင်ဖွင့်ချိန် နေ့တိုင်း 11:00-21:00 အထိဖွင့်ပါတယ်။ (Last Order ကိုတော့ 20:30 အထိဘဲ မှာလို့ရမှာပါ)
Randy’s Donuts ကို Hongdae Station Exit 3 မီတာ 428ခန့် သွားပြီးရင် ရောက်ပါပြီ။
C.THROUGH (씨스루 홍대연남점)
လိပ်စာကတော့ 266-6 Donggyo-ro, Mapo-gu, Seoul (서울 마포구 동교로 266-6) ဖြစ်ပြီး
ဆိုင်ဖွင့်ချိန် 12:00-22:00 အထိဖွင့်ပါတယ်။ (Last Order ကိုတော့ 21:20 အထိဘဲ မှာလို့ရမှာပါ)
ဒီဆိုင်လေးက Hongdae Station Exit 3 ကနေ မီတာ 616ခန့် အကွာမှာရှိပါတယ်။
Cafe Skön (카페스콘)
လိပ်စာကတော့ 239-4 Yeonnam-dong, Mapo-gu, Seoul (서울 마포구 연남동 239-4) ဖြစ်ပြီး
ဆိုင်ဖွင့်ချိန် 11:00-22:00 အထိဖွင့်ပါတယ်။(Last Order ကိုတော့ 21:30 အထိဘဲ မှာလို့ရမှာပါ)
Hongdae Station Exit 3 ကနေ မီတာ 704ခန့် သွားပြီးရင် ဒီဆိုင်ကိုရောက်ပါပြီ။







Leave a Reply
You must be logged in to post a comment.