သမ္မတဟောင်း Moon Jae In ရဲ့ သမီးဖြစ်သူ အရက်မူးပြီး ကားတိုက်မှုဖြစ်ပွား

သမ္မတဟောင်း Moon Jae In ရဲ့ သမီးဖြစ်သူ Moon Da Hye က ပြီးခဲ့တဲ့ စနေနေ့က ဆိုးလ်မြို့မှာ DUI (driving under the influence) ကို လျှောက်ထားပြီး သိပ်မကြာခင်မှာပဲ သူမဟာ အရက်မူးနေပြီး တက္ကဆီတစ်စီးကိုတိုက်မိသွားခဲ့ပါတယ်။
ရဲအရာရှိများရဲ့ ပြောကြားချက်အရ အဆိုပါ ယာဉ်တိုက်မှုကြောင့် တက္ကစီယာဉ်မောင်းမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ Moon ရဲ့ သွေးတွင်းအယ်လ်ကိုဟောပါဝင်မှုမှာ 0.8 ရာခိုင်နှုန်း အထိရှိပြီး ဒါဟာ သတ်မှတ်ထားတဲ့ နှုန်းထက် များပြားပြီး လိုင်စင်ပြန်လည်ရုပ်သိမ်းဖို့အထိကို နီးစပ်နေတဲ့ ပမာဏဖြစ်ပါတယ်။
မွန်းကိုတော့ အောက်တိုဘာ ၇ ရက်နေ့ ရဲစခန်းမှာ စစ်ဆေးမေးမြန်းဖို့ မျှော်မှန်းထားပေမယ့် လာဘ်ပေးမှုတွေနဲ့ ပြန်လည်လွတ်မြှောက်လာမယ်လို့ ထင်ကြေးပေးနေကြပါတယ်။
ဒီလို Moon ရဲ့လုပ်ရက်ကြောင့် သမ္မတဟောင်း Moon Jae In အတွက် ကြီးမားတဲ့ ထိုးနှပ်ချက်တစ်ခုဖြစ်လာခဲပါတယ်။ ဒါ့အပြင် T’way Air မှာ သူ့ရဲ့ သားမက်ဟောင်းကို ဦးစားပေးအလုပ်ခန့်ထားမှုတွေကြောင့် ပြစ်တင်ဝေဖန်မှုတွေနဲ့ စွပ်စွဲခြင်းလည်း ခံထားရပါသေးတယ်။
သမ္မတဟောင်း Moon Jae In ကတော့ ယခုလို ကိစ္စတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်လို့သာနေနေပြီး သတင်းအစနလုံးဝ မကြားရသေးပါဘူး။
#MyanGoal #Korea #Breakingnews #myanmar #entertainment #news


Latest