အနိုင်ကျင့်မှုတွေ ကျူးလွန်ခဲ့ဖူးတဲ့ သရုပ်ဆောင် Kim Hieora

ကျောင်းတက်တုန်းကအနိုင်ကျင့်မှုတွေအများကြီး ကျူးလွန်ခဲ့တဲ့ The Glory သရုပ်ဆောင် Kim Hieora
နာမည်ကြီး K Drama The Glory မှာ Lee Sara နေရာကနေ ပါဝင်ခဲ့ဖူးတဲ့ Kim Hieora ဟာ ကျောင်းတက်စဥ်ကာလမှာ တခြားကျောင်းသားတွေကို အနိုင်ကျင့်တဲ့ ကျောင်းတွင်းလူမိုက်အဖွဲ့တစ်ခုမှာပါဝင်ခဲ့ဖူးပြီး အနိုင်ကျင့်မှုတွေကိုပြုလုပ်ခဲ့ဖူးကြောင်း သတင်းများထွက်ပေါ်လာပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ Agency က ရှင်းပြထားပေမယ့် အေဂျင်စီဘက်က ပြောပုံအရ Kim Hieora ဟာ ကျောင်းလူမိုက်အဖွဲ့ထဲမှာပါဝင်ခဲ့တာမှန်သော်လည်း အနိုင်ကျင့်ခြင်း၊ အသက်မပြည့်ပဲဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်းတွေမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
Dispatch ရဲ့ တင်ဆက်မှုတွေအရ Kim Hieora ဟာ ရိုက်နှက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျကျူးလွန်ခဲ့​ကြောင်းတွေ့ရပေမယ့် Kim Hieora ဘက်က​တော့ ထပ်မံဖြေရှင်းတာမျိုးမရှိသေးပါဘူး။
ဒါကတော့ ၂၀၂၃ ခုနှစ်မှာကျူးလွန်းခဲ့တဲ့ အမှုဖြစ်ပြီး မကြာသေးခင်မှာတော့ အမှုနဲ့ ပတ်သက်ပြီး နှစ်နာသူတွေ ဘက်က တုံ့ပြန်မှုတွေကြောင့် လူထု ပြန်လည် စိတ်ဝင်စားမှုမျိုးတွေ ဖြစ်လာခဲ့ပါတယ်။
#myagoal #myanmar #news #entertainment #movie #kdrama


Latest