Your cart is currently empty!
ဒေါ်နယ်ထရမ့်ရဲ့ Made in USA” မဟုတ်တော့တဲ့ ဖုန်း
ဒေါ်နယ်ထရမ့်ရဲ့ Trump Organization မှ ထုတ်လုပ်မယ့် T1 Phone 8002 ဟာ စတင်မိတ်မဆက်ခင်ထဲက အငြင်းပွားမှုများနဲ့ ရင်ဆိုင်နေရပါတယ်။ ကနဦးမှာတော့ တရားဝင်ဝဘ်ဆိုဒ်ဖြစ်တဲ့ “Made in the USA” ဟု ထင်ရှားစွာ ကြေညာထားခဲ့ပေမယ့် ယခုအခါ ဒီစာသားကို ဖယ်ရှားကာ “Proudly American” လို့ မရေရာတဲ့ ဆောင်ပုဒ်နဲ့ အစားထိုးလိုက်ပါတယ်။ ဒီပြောင်းလဲမှုက ဖုန်းကို ဘယ်နိုင်ငံမှာ ထုတ်လုပ်မလဲဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။
ဒါ့အပြင်၊ ဖုန်းရဲ့ နည်းပညာဆိုင်ရာ အသေးစိတ်
အချက်အလက်များကိုလည်း ပြောင်းလဲခဲ့ပါတယ်။ ယခင်က ၆.၇၈ လက်မ မျက်နှာပြင်နဲ့ 12GB RAM ပါဝင်
မယ်လို့ ကြေညာခဲ့ပေမယ့် ယခုအခါမှာတော့ မျက်နှာပြင်ကို ၆.၂၅ လက်မအဖြစ် လျှော့ချပြောင်းလဲထားပြီး RAM ပမာဏကို ဖော်ပြထားခြင်း မရှိတော့ပေ။ ပို့ဆောင်မယ့် ရက်ကိုလည်း စက်တင်ဘာလမှ “ယခုနှစ်နှောင်းပိုင်း” သို့ ရွှေ့ဆိုင်းထားလိုက်ပါတယ်။
ဒီပြောင်းလဲမှုများဟာ User များနဲ့ လေ့လာသူများအကြား ထုတ်ကုန်၏ ယုံကြည်စိတ်ချရမှုအပေါ် သံသယများ တိုးပွားလာနေခဲ့ပါတယ်။ Trump Organization ဘက်မှလည်း ယခုအချိန်ထိ တရားဝင်ရှင်းလင်းချက် ထုတ်ပြန်ခြင်း မရှိသေးပေ။






