0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2 / ဆိုးလ်မြို့က အကောင်းဆုံး ပန်းခြံ
Jun 29, 2025
—
by
Milo Kevin
in
Travel
အရင်ရက်က တင်ဆက်ပေးခဲ့တဲ့ ဆိုးလ်မြို့က အကောင်းဆုံး ပန်းခြံတွေဖြစ်တဲ့ Yeouido Hangang ပန်းခြံ, Haneul ပန်းခြံ, Ttukseom Hangang ပန်းခြံ, Naksan ပန်းခြံ အကြောင်းတွေကို တင်ဆက်ပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Travel ကနေပြီးတော့ ကျန်နေသေးတဲ့ ဆိုးလ်မြို့က အကောင်းဆုံး ပန်းခြံတွေဖြစ်တဲ့ အိုလံပစ်ပန်းခြံ, Yongsan မိသားစုပန်းခြံ, Gyeongchun Line သစ်တောဥယျာဉ်, Ichon Hangang ပန်းခြံ, Namsan ပန်းခြံတွေအကြောင်းကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။
5.အိုလံပစ်ပန်းခြံ
1988 ဆိုးလ်အိုလံပစ်ပွဲတော် အထိမ်းအမှတ်အတွက် တည်ထောင်ထားတဲ့ အိုလံပစ်ပန်းခြံမှာ ယဉ်ကျေးမှုအနုပညာ၊ အားကစား၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နဲ့ သမိုင်းဆိုင်ရာဧရိယာအစရှိတဲ့ ဇုန်တွေခွဲခြားပြီး ဖွဲ့စည်းထားပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ဒီဇိုင်းထုတ်ထားတာကြောင့် တင်းနစ်၊ ဘားတန်း၊ ကျွမ်းဘား၊ အလေးမခြင်းနဲ့ ရေကူးဖို့အတွက် အားကစားကွင်းတွေလဲ ပါဝင်ပါ။ ဆိုးလ်အိုလံပစ်ပွဲအပြီးမှာ အားကစားကွင်းတွေကို ပြည်တွင်းနဲ့ ပြည်ပအနုပညာရှင်များစွာအတွက် ဖျော်ဖြေရေးခန်းမအဖြစ် အသုံးပြုခဲ့ပြီး ယဉ်ကျေးမှုအထိမ်းအမှတ်နေရာ အဖြစ်လဲ သတ်မှတ်ခဲ့ပါတယ်။ ဒီပန်းခြံဟာ ကမ္ဘာ့ထိပ်တန်း ပန်းပုတွေရှိတဲ့ ပန်းခြံ ၅ ခုထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ပန်းခြံအနှံ့ ကမ္ဘာကျော် ပန်းပုဆရာတွေ ပါဝင်ထုလုပ်ထားတဲ့ အနုပညာပန်းပု လက်ရာပေါင်း ၂၁၀ ခန့်ကို ပြသထားပါတယ်။ အိုလံပစ်ပန်းခြံရဲ့ အထင်ကရအဖြစ်ဆုံးကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး စိတ်ဓာတ်ကို အလေးပေးဖို့အတွက် ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းဗိသုကာပညာရှင် Kim Joong-up က ဒီဇိုင်းထုတ်ထားတဲ့ World Peace Gate ပန်းပုဖြစ်ပါတယ်။
တည်နေရာ- 424၊ အိုလံပစ်-ရို၊ Songpa-gu၊ ဆိုးလ်၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၅ နာရီမှ ည ၁၀ နာရီအထိ
6.Yongsan မိသားစုပန်းခြံ
Yongsan Family Park ကတော့ ကြီးမားတဲ့ မြက်ခင်းပြင်နဲ့အတူ ရေကန်တွေလဲ ပါရှိတဲ့ အနောက်တိုင်းပုံစံ ပန်းခြံတစ်ခုဖြစ်ပါတယ်။ ဒီနေရာကို 1592 ခုနှစ် Imjin စစ်ပွဲအတွင်း Qing စစ်တပ်က သိမ်းပိုက်ခဲ့ပြီး ကိုရီးယားမှာ အမေရိကန်တပ်တွေ စခန်းမချခင်အထိ ဂျပန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒီနေရာကို နိုင်ငံရဲ့ စစ်ပွဲသမိုင်းကြောင်းကို ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့ အေးဆေးအနားယူနိုင်အောင် ပန်းခြံအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ရေကန်တွေ၊ စမ်းရေတွင်းတွေ၊ လေ့ကျင့်ခန်း ကိရိယာမျိုးစုံနဲ့ ကစားကွင်းတွေ ပါရှိတာကြောင့် မိသားစုလိုက် ပျော်ပွဲစားထွက်ဖို့အတွက် ပြီးပြည့်စုံတဲ့ နေရာဖြစ်ပါတယ်။
တည်နေရာ- 137၊ Seobinggo-ro၊ Yongsan-gu၊ ဆိုးလ်၊
7.Gyeongchun Line သစ်တောဥယျာဉ်
Gyeongchun Line Forest Park ဟာ ရှေးဟောင်း Gyeongchun Line လမ်းကြောင်းတလျှောက် ဖန်တီးထားတဲ့ ယဉ်ကျေးမှုနေရာတစ်ခု ဖြစ်ပါတယ်။ စိမ်းလန်းစိုပြေတဲ့ သစ်တောတွေအပြင် ပန်းခြံမှာ ပြပွဲတွေနဲ့ အစီအစဉ်တွေ ပြုလုပ်ဖို့အတွက် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံတွေလည်း ပါရှိပါတယ်။ နေ့ခင်းဘက်မှာဆိုလဲ တိတ်ဆိတ် အေးဆေးတဲ့ အငွေ့အသက်ရရှိပြီး ညဘက်မှာ ရောင်စုံမီးတွေထွန်းထားတဲ့ လမ်းတလျှောက်ဟာလဲ ညဘက် ရှုခင်းတွေကြည့်ဖို့အတွက် ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ခေတ်မီနည်းပညာတွေထွန်းကားနေတဲ့ ယနေ့ခေတ်မှာ ရှေးမီးရထား လမ်းဟောင်းမှာ retro vibe လေးပြန်လည်ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလဲ ဖွင့်လှစ်ထားတဲ့ Gyeongchun Line Forest Park Gallery မှာလဲ အနုပညာလက်ရာတွေကို ခံစားနိုင်ပါတယ်။
တည်နေရာ- 121၊ Nowon-ro 1-gil၊ Nowon-gu၊ ဆိုးလ်၊
8.Ichon Hangang ပန်းခြံ
Ichon Hangang Park ကတော့ Jungnangcheongyo တံတားနဲ့ Wonhyodaegyo တံတားကြား ဟန်မြစ်ရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။ အောက်တိုဘာလ အစောပိုင်းမှာ ကျင်းပတဲ့ ကမ္ဘာ့မီးရှူးမီးပန်းပွဲတော် ကာလမှာဆိုရင် ဒီပန်းခြံဟာ မီးရှူးမီးပန်းကြည့်ရှုဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်တာကြောင့် လူလူစည်ကားလေ့ ရှိပါတယ်။ ပန်းခြံမှာ စကိတ်ကွင်း၊ ဘတ်စကက်ဘောကွင်းတွေနဲ့ တင်းနစ်ကွင်းတွေလို အားကစားရုံတွေလဲ ပါရှိတာကြောင့် ဆိုးလ်က အားကစားလုပ်ရတာ ကြိုက်နှစ်သက်သူတွေကြား ရေပန်းစားလာခဲ့ပါတယ်။
တည်နေရာ- 62၊ Ichon-ro 72-gil၊ Yongsan-gu၊ ဆိုးလ်၊
9.Namsan ပန်းခြံ
Namsan Park ကတော့ Namsan တောင်တဝိုက်မှာ ဆောက်လုပ်ထားတဲ့ အပန်းဖြေနေရာတစ်ခု ဖြစ်ပါတယ်။ ဒီပန်းခြံဟာ မြေပြင်အထက် ၂၆၂ မီတာမှာ တည်ရှိပေမယ့် ကေဘယ်လ်ကားနဲ့လဲ အလွယ်တကူ သွားနိုင်ပါတယ်။ ကေဘယ်လ်ကားအပြင် Namsan Dulle-gil တလျှောက် ရိုးရိုးရှင်းရှင်း လမ်းလျှောက်တက်နိုင်သလို ပန်းခြံကိုသွားဖို့ မြို့ပတ်ဘတ်စ်ကားကိုလဲ အသုံးပြုနိုင်ပါတယ်။ ပန်းခြံမှာ N Seoul Tower ရှိတဲ့အပြင် လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ အပန်းဖြေအနားယူလို့လဲ ရပါသေးတယ်။
တည်နေရာ- ၂၃၁၊ Samil-daero၊ Jung-gu၊ ဆိုးလ်၊
←
Previous:
ဒေါ်နယ်ထရမ့်ရဲ့ Made in USA” မဟုတ်တော့တဲ့ ဖုန်း
Next:
တောင်ကိုရီးယားမြို့တော် ဆိုးလ်က မြေအောက်ရထားတစ်စင်းပေါ်က မီးလောင်မှု
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications