Your cart is currently empty!
Personal color ဆိုတာဘာလဲ ? 🤔
လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အရောင်နဲ့ လိုက်ဖက်သောအရောင်တွေကို personal color ဟာခေါ်ဆိုခြင်းဖြစ်ပါတယ်။ ကိုယ်က ကိုယ်ရဲ့ personal color သိထားရင် အလှကုန်၊ အဝတ်အစားနဲ့ လက်ဝတ်ရတနာများရဲ့ အရောင်တွေပေါ်မူတည်ပြီး မိမိ အသားအရောင်နဲ့ လိုက်မလိုက်ကို သိနိုင်မှာဘဲဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ လူငယ်တွေကြားမှာလဲ ဒီ personal color theory ဟာတော်တော်လေးခေတ်စားလာပြီး personal color tests တွေလဲ လုပ်လာပြီး ကိုယ်နဲ့ လိုက်ဖက်မယ့် အရောင်ကို ရှာဖွေလာကြပါတယ်။
အခုဆက်ပြီးပြောပြသွားမှာကတော့ personal color ဘယ်နှစ်မျိုးရှိလဲ? 🤔 ဆိုတာပါ။ ရာသီလေးခုအပေါ် အခြေခံ၍ personal color အဓိကအမျိုးအစား (၄)မျိုးရှိပြီး ၎င်းတို့မှာ Winter Cool, Summer Cool, Spring Warm, and Fall Warm တို့ဘဲဖြစ်ပါတယ်။ ကိုယ်က ဘယ်လို အရောင်အမျိုးအစားလဲ စစ်ဆေးချင်ရင်တော့ online စစ်ဆေးလို့ရတဲ့ website တွေရှိပေမဲ့ အပြင်မှာ လူကိုယ်တိုင် စစ်သလောက်တော့ တိကျမှုရှိမှာမဟုတ်ပေ။
ဒါဆိုရင် Warm Tone နဲ့ Cool Tone တို့ကရော ဘာတွေ ကွာခြားလဲ? 🤔
Warm Tone မှာ အဝါဖျော့ဖျော့ရှိတဲ့ အရောင်တွေ ပါ၀င်ပြီး Cool Tone တွင် ပန်းရောင်အောက်ခံရှိသော အရောင်များ ပါဝင်ပါ။ Warm Tone ရှိတဲ့သူများကတေ့ လိမ္မော်ရောင်၊ အဝါရောင်၊ ကာကီ၊ နှင့် နီညိုရောင်တို့ကဲ့သို့ အရောင်တွေနဲ့ ပို၍ လိုက်ဖက်ပါတယ်။ Cool Tone ရှိသူများ ပန်းရောင် နည်းနည်းတောက်တောက်လေး၊ ခရမ်းအဖျော့စားဖြစ်တဲ့ lilac၊ အပြာရောင်နှင့် ပန်းရောင်ရယ် အပြာရောင်အဖျော့တို့ ရောထားတဲ့ pastels အရောင်တို့နှင့် ကောင်းကောင်းလိုက်ဖက်ပါတယ်။
Warm Tone နဲ့ Cool Tone ဘယ်လိုခွဲမလဲ? 🤔 (ယခုဖော်ပြထားတာဟာ သဘောတရားလောက်သာ ဖြစ်ပါတယ်။)
Warm Tone ကတော့ အသားအရောင်မှာ အ၀ါဘက်နည်းနည်းသန်းပြီး အရေပြားအောက်မှာ ရှိတဲ့ သွေးကြောလေးတွေကို အလွယ်တကူ မမြင်ရပါဘူး။ နေရောင်အောက်မှာတော့ အရေပြားက လွယ်လွယ်လေး နီရဲနေတတ်ပါတယ်။ ဆံပင်အရောင်ဖျော့တာတွေနဲ့ ပိုလိုက်ဖက်ပြီး မျက်လုံးအရောင်ကတော့ အညိုရောင်၊ အစိမ်းရင့်ရောင် ဒါမှမဟုတ် အစိမ်းရောင်ဖြစ်ပါတယ်။ လက်၀တ်ရတနာဆိုလဲ ရွှေရောင်နဲ့ ပိုလိုက်ပါတယ်။
Cool Tone ကတော့ အသားအရောင်မှာ အနီရောင်သန်းပြီး အရေပြားအောက်မှာ ရှိတဲ့ သွေးကြောလေးတွေကို အလွယ်တကူ မြင်နိုင်ပါ။ နေရောင်အောက်မှာတော့ အရေပြားက အလွယ်တကူ နီရဲနေတာမျိုး sunburn ဖြစ်လွယ်ပါတယ်။ ဆံပင်အရောင်တာတွေနဲ့ ပိုလိုက်ဖက်ပြီး မျက်လုံးအရောင်ကတော့ အနက်ရောင်၊ အပြာ ဒါမှမဟုတ် မီးခိုးရောင်ဖြစ်ပါတယ်။ လက်၀တ်ရတနာဆိုလဲ ငွေရောင်နဲ့ ပိုလိုက်ဖက်ပါတယ်။
အ၀တ်အစား၀ယ်တဲ့အခါ ကိုယ်နဲ့လိုက်မယ့် color recommendations တွေကတော့ 👇👇👇
Winter Cool Tone အတွက် black, white, deep red, indigo, deep purple, magenta
Spring Warm Tone အတွက် cream beige, light pink, camel, yellow, pear green, baby blue
Summer Cool Tone အတွက် periwinkle, light blue, ballet pink, muted yellow, green tea, crimson
Fall Warm Tone အတွက် plum, teal, peach, olive green, golden yellow, warm brown တို့ဘဲဖြစ်ပါတယ်။
ဒီလောက်ဆို personal color နဲ့ ပတ်သက်ပြီး တီးမိခေါက်မိ ရှိလောက်ပြီ ထင်ပါတယ်။ ကျွန်တော်ကတော့ personal color ကို စိတ်၀င်စားလို့ နည်းနည်းပါးပါး test လုပ်ကြည့်ပြီးပါပြီ။ online ကနေဆိုတော့ အတိအကျတော့ မဟုတ်ပေမယ့် result ကတော်တော်လေး စိတ်၀င်စားဖို့ကောင်းတယ်ဆိုတော့ personal color ရှာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
#MyanGoal #korea #personalcolor







Leave a Reply
You must be logged in to post a comment.