Galaxy Z Fold 4၊ Flip 4 အတွက် Security Update ကို ကိုရီးယားမှာ မတ်လ 2025 မှာ ပေးမယ် 

Galaxy Z Fold 4၊ Flip 4 အတွက် Security Update ကို ကိုရီးယားမှာ မတ်လ 2025 မှာ ပေးမယ် 

ကိုယ်က Galaxy Z Fold 4 သို့မဟုတ် Galaxy Z Flip 4 အသုံးပြုတဲ့သူဖြစ်ပါက၊ Android 15-based One UI 7.0 ကို စောင့်မျှော်နေမှာပါ။ အခုတစ်ခါမှာတော့ One UI 7.0 မလာခင်မှာ Security patch အသစ်ကို ဖြန့်ချီတော့မှာဖြစ်ပါတယ်။ 

လောလောဆယ်မှာတော့ Samsung ကနေ မော်ဒယ်နံပါတ် SM-F721N နဲ့ SM-F936N တို့ Model တွေအတွက် နောက်ဆုံးပေါ် Security patch ကို ဖြန့်ချိလျက်ရှိသည်။ Update ထဲမှာတော့ Firmware ဗားရှင်း F721NKSS6GYBE နဲ့ F936NKSS6GYBD စတဲ့ Model တွေပါဝင်ဦးမှာပါ။ 

Samsung smartphones တွေမှာက Update လုပ်ရတာ အရမ်းလွယ်ပါတယ်။ အရင်ဆုံး Settings ထဲကိုသွား၊  scroll down လုပ်ပြီး page ထဲဝင် ပြီးရင် Software updates ကို နှိပ်ပြီး Download and install button ကို နှိပ်ပြီး Update တင်လို့ရနိုင်မှာဖြစ်ပါတယ်။ 

ဒါကတော့လက်ရှိ ကိုရီးယားအတွက်ပေးတဲ့ Software Update ဖြစ်လို့ စမ်းကြည့်သင့်ပါတယ်နော်။ 


Latest