0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
အရေပြား အိုမင်းရင်ံရော်မှုဆိုတာ ဘာလဲ ? ဘာတွေကြောင့် အိုမင်းရင့်ရော်မှုကို ဖြစ်စေတာလဲ ?
Mar 17, 2025
—
by
Milo Kevin
in
Shopping & Promo
အသက်အရွယ် ရလာတာနဲ့အမျှ မျက်နှာပေါ်မှာ အိုမင်းရင့်ရော်မှုတွေကို စတင်ခံစားလာရပြီဘဲ ဖြစ်ပါတယ်။,ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ အရေပြား အိုမင်းရင်ံရော်မှုဆိုတာ ဘာလဲ ? ဘာတွေကြောင့် အိုမင်းရင့်ရော်မှုကို ဖြစ်စေတာလဲ ? စတာတွေကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
အရေပြားက ဘယ်အသက်အရွယ်မှာ စပြီး အိုမင်းရင့်ရော်မှုကို ဖြစ်စေလဲ။
လေ့လာမှုတွေအရတော့ ကျွန်တော်တို့ရဲ့ အရေပြားတွေဟာ အသက် 20 နှစ်နောက်ပိုင်း တဖြည်းဖြည်းနဲ့ အိုမင်းလာတာဘဲ ဖြစ်ပါတယ်။ အသက် 25 နှစ် ဝန်းကျင်လောက်ဆိုရင် ကော်လာဂျင်ထုတ်လုပ်မှုဟာ တစ်နှစ်ကို 1 ရာခိုင်နှုန်းလောက် ကျဆင်းလာပြီး အစိုဓာတ်ထိန်းနဲ့ အသားအရေ ပျော့ပြောင်းမှုအတွက် ထုတ်လုပ်ပေးတဲ့ sebaceous glands နဲ့ GAGs (glycosaminoglycans) တို့ဟာလဲ လျော့ကျလာပါတယ်။
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။
အသက် 20 နှစ်နောက်ပိုင်း မျက်နှာအရေပြားပေါ်မှာ အိုမင်းရင့်ရော်မှုရဲ့ ပထမဆုံးလက္ခဏာတွေ စတင်ပေါ်လာနိုင်ပေယ့် တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။
လူတွေသတိထားမိတဲ့ ပထမဆုံးအချက်ကတော့ နှာခေါင်း၊ နဖူး၊ ပါးစပ် ဒါမှမဟုတ် မျက်ခုံးကြားတစ်ဝိုက် အရေးအကြောင်းတွေဘဲ ဖြစ်ပါတ်။ တချို့တွေဆိုရင် အဲ့လိုနေရာတွေမှာ အစက်အပြောက်တွေ၊ အသားအရေအရောင် မညီတာတွေလဲ ဖြစ်လေ့ရှိပါတယ်။
အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာအချို့ကတော့
အရေးအကြောင်းတွေ၊
အရေပြားခြောက်သွေ့ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း ဒါမှမဟုတ် ယားယံခြင်း၊
နေလောင်ကွက်တွေနဲ့ တင်းတိပ်ထွက်ခြင်း၊
အသားအရေ လျော့ရဲခြင်း / မွဲခြောက်ခြင်း / ပါးလွှာခြင်း၊
အသားအရောင် မညီညာခြင်း၊
အသားအရေ ပျော့ပျောင်းမှု မရှိခြင်း၊
ထိခိုက်လွယ်တဲ့ အသားအရေရှိခြင်း၊
ကြမ်းတမ်းတဲ့ အသားအရေ texture တို့ဘဲ ဖြစ်ပါတယ်။
အိုမင်းရင့်ရော်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
အိုမင်းရင့်ရော်စေတာကတော့ ပင်ကိုယ်မျိုးရိုး ဗီဇအချက်အလက်တွေနဲ့လဲ သက်ဆိုင်တာကြောင့် ဒီ အရာတွေကတော့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ပုံမှန် အသားရေထိန်းသိမ်းပြီး နေထိုင်မှုပုံစံတွေကို ပြောင်းလဲပြီးတော့ အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်တွေကို တားဆီးနိုင်ပါတယ်။
အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းအချို့ကတော့
အသက်ကြီးလာခြင်းနဲ့ ကော်လာဂျင် ပြိုကွဲခြင်း၊
ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများခြင်း၊
ဆေးလိပ်/သောက်ခြင်း၊
အစားအသောက် သေချာမစားခြင်း၊
စိတ်ဖိစီးမှုတွေကြောင့် ဖြစ်စေတတ်ပါတယ်။
အရေးအကြောင်းတွေအတွက် အကောင်းဆုံး Anti-Aging Cream ကို ဘယ်လိုရွေးချယ်ရမလဲ ?
အသားအရေကို အမြဲ ငယ်ရွယ်နုပျိုစေအောင် အိုမင်းရင့်ရော်မှုအတွက် အစွမ်းထက်တဲ့ အသားအရေထိန်းသိမ်းတဲ့ အကောင်းဆုံး ထုတ်ကုန်တွေကို အသုံးပြုပြီး ထိန်းသိမ်းရမှာဘဲ ဖြစ်ပါတယ်။ အိုမင်းရင့်ရော်လာတဲ့ အသားအရေကို အသက်အရွယ်မရွေး ဂရုစိုက်ဖို့လိုအပ်ပြီး Anti-Aging ပါဝင်ပစ္စည်းတွေ အသုံးပြုထားတဲ့ ထုတ်ကုန်တွေကို ရွေးချယ်ရမှာဘဲ ဖြစ်ပါတယ်။
အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ဖို့အတွက် အကောင်းဆုံး ပါဝင်ပစ္စည်းတွေက ဘာတွေလဲ။
Retinol ဟာ အိုမင်းတဲ့ လက္ခဏာတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပြီး antioxidants ကလဲ အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်ပါတယ်။ Retinol ကတော့ ဗီတာမင် A ပုံစံတစ်မျိုးဖြစ်ပြီး ဆဲလ်တွေလည်ပတ်မှုကို တိုးမြင့်စေပြီး ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။
နောက်ထပ် အကောင်းဆုံး ပါဝင်ပစ္စည်းတွေကတော့
Niacinamide
Ceramides
ဗီတာမင် C (L-ascorbic acid)
Peptides
Retinoid
ဂျင်ဆင်း
Adenosine
Coenzyme
ခရု Mucin
လက်ဖက်စိမ်း
BHA BHA (Salicylic acid)
AHA (glycolic acid)
Propolis
Hyaluronic acid
ပင်လယ် buckthorn ဆီ တို့ဖြစ်ပါတယ်။
#myangoal #cosmetics #shopping #korea #Skincare #Myanmar #antiaging
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Galaxy Z Fold 4၊ Flip 4 အတွက် Security Update ကို ကိုရီးယားမှာ မတ်လ 2025 မှာ ပေးမယ်
Next:
Seokchon Lake ချယ်ရီပန်းပွဲတော် | 석촌호수 벚꽃축제
→
Latest
Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo ရဲ့ နောက်ကွယ်
Apple ကနေ ပထမဆုံး Foldable Generation ထွက်ရှိတာ ဖြစ်ပေမဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်မယ့် Specs…
Read more
: Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo ရဲ့ နောက်ကွယ်
iPhone Duo မှာ မပါဝင်လာတဲ့ iPhone 18 Pro ရဲ့ Feature ၁၀ ခု
iPhone Duo ဟာ Apple ရဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်လာပြီး Duo FaceTime အပြင်…
Read more
: iPhone Duo မှာ မပါဝင်လာတဲ့ iPhone 18 Pro ရဲ့ Feature ၁၀ ခု
Apple ရဲ့ iPhone Duo နောက်ကွယ်က ဂျပန်ပစ္စည်းထုတ်လုပ်သူတွေရဲ့ အခွင့်အလမ်း
Apple ကနေ ပထမဆုံး ခေါက်ဖုန်းဖြစ်တဲ့ iPhone Duo ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ…
Read more
: Apple ရဲ့ iPhone Duo နောက်ကွယ်က ဂျပန်ပစ္စည်းထုတ်လုပ်သူတွေရဲ့ အခွင့်အလမ်း
iPhone Duo မှာ Split View သုံးလို့ရပေမဲ့ iPad မှာလိုတော့ မဟုတ်သေးပါဘူး
Apple ရဲ့ iPhone Duo ဟာ App နှစ်ခုကို ဘေးချင်းယှဉ်ပြီး Run နိုင်တဲ့…
Read more
: iPhone Duo မှာ Split View သုံးလို့ရပေမဲ့ iPad မှာလိုတော့ မဟုတ်သေးပါဘူး
Apple ဘက်ကနေ ဒီနှစ် မကုန်ခင် မိတ်ဆက်ဖို့ ကျန်သေးတဲ့ Product ၈ ခု
Apple ရဲ့ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ iPhone Event ကြီး ပြီးဆုံးသွားခဲ့ပြီ ဆိုပေမဲ့ သတင်းထွက်ချက်တွေအရ…
Read more
: Apple ဘက်ကနေ ဒီနှစ် မကုန်ခင် မိတ်ဆက်ဖို့ ကျန်သေးတဲ့ Product ၈ ခု
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.