Apple ရဲ့ iPhone Duo ဟာ App နှစ်ခုကို ဘေးချင်းယှဉ်ပြီး Run နိုင်တဲ့ ပထမဆုံး iPhone ဖြစ်လာခဲ့ပေမဲ့ iPad ရဲ့ Split View လိုမျိုး လွတ်လွတ်လပ်လပ် သုံးရမယ်လို့ မျှော်လင့်ထားရင်တော့ စိတ်ဓာတ်ကျစရာ ဖြစ်သွားနိုင်ပါတယ်။
Apple ရဲ့ iPhone Duo ကြော်ငြာတွေမှာ App Pairs တွေနဲ့ Side-by-side Windows စနစ်တွေအကြောင်း အမွှန်းတင် ပြောထားပေမဲ့ Window အရွယ်အစား ချုံ့တာ ချဲ့တာ (Resizing) အကြောင်းကိုတော့ လုံးဝ ထည့်မပြောထားပါဘူး။ ဒါဟာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။
iPhone Duo ရဲ့ 7.6-inch ခေါက်ဖုန်း Display ပေါ်မှာ App နှစ်ခုကို ဘေးချင်းယှဉ် တင်လိုက်တဲ့အခါ ကြားထဲက Divider ကို ဆွဲပြီး App တစ်ခုထဲကို ပိုကျယ်သွားအောင် လုပ်လို့ မရပါဘူး။ ဘာပဲလုပ်လုပ် 50/50 Fixed Split အဖြစ်ပဲ ပုံသေ ရှိနေမှာပါ။
ဒါဟာ iPad မှာ Split View ကို သုံးနေကျသူတွေအတွက်တော့ အားမလိုအားမရ ဖြစ်စရာပါ။ အမှန်တော့ iPad သုံးစွဲသူတွေဟာ ၂၀၁၅ ခုနှစ် iOS 9 ထွက်တည်းက Landscape Mode မှာ App အရွယ်အစားတွေကို စိတ်ကြိုက် ချုံ့ချဲ့ သုံးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါဆို Apple က iPhone Duo မှာ App တွေ အရွယ်အစား ပြောင်းလို့မရအောင် ဘာလို့ ကန့်သတ်ထားတာလဲဆိုရင်တော့ Device ရဲ့ Display Geometry ကြောင့်ပဲ ဖြစ်ပါတယ်။
အတွင်းမျက်နှာပြင်နဲ့ အပြင်မျက်နှာပြင် နှစ်ခုလုံးဟာ 1:1.4 Aspect Ratio တူညီကြပြီး အတွင်းမျက်နှာပြင်ရဲ့ တစ်ဝက်စီဟာ အပြင်မျက်နှာပြင် အရွယ်အစား၊ ပုံစံနဲ့ လုံးဝ သွားတူနေတာပါ။ ဒါကြောင့် ၅၀/၅၀ အညီအမျှ ခွဲလိုက်တာဟာ App တွေအတွက် မူလ Support ပေးထားပြီးသား Canvas ပုံစံအတိုင်း အတိအကျ ဖြစ်သွားစေပြီး Divider ကလည်း ခေါက်ကြောင်း (Fold) ပေါ်မှာ ကွက်တိ ကျရောက်သွားပါတယ်။ (ကင်းလွတ်ခွင့် ရတာဆိုလို့ Portrait Mode မှာ App တစ်ခုရဲ့ အပေါ်ဘက်ကနေ TV Show ဒါမှမဟုတ် Movie ကြည့်တဲ့ အခါမျိုးပဲ ရှိပါတယ်။ Apple ရဲ့ Promo Video တွေအရ Apple TV Content တွေကို သူ့ ရုပ်ထွက် Aspect Ratio အမှန်အတိုင်း ပြပေးပြီး အောက်ဘက်က App ကတော့ ခေါက်ကြောင်းထက် ပိုတက်လာတာကို တွေ့ရပါတယ်)
တကယ်လို့ အလယ်စည်းကို ဆွဲပြီး အရွယ်အစား ပြောင်းခွင့် ပေးလိုက်ရင် အပြင် Screen နဲ့ မကိုက်ညီတဲ့ ကြားမော်ဒယ် အရွယ်အစားတွေ အများကြီး ထွက်လာမှာ ဖြစ်သလို Developer တွေအတွက်လည်း သူတို့ရဲ့ iPhone App တွေကို Support ပေးဖို့ ခေါင်းခြောက်စရာ ဖြစ်သွားပါလိမ့်မယ်။
Resizing လုပ်လို့ မရတာတစ်ခု ရှိပေမဲ့ iPhone Duo ရဲ့ ခေါက်ဖုန်း Screen မှာ အကျိုးကျေးဇူးတွေ အများကြီး ရှိနေပါသေးတယ်။ Landscape ရော Portrait Mode မှာပါ App တွေကို မြန်မြန်ဆန်ဆန် Switch လုပ်နိုင်တာ၊ App တစ်ခုတည်းကို Window နှစ်ခု ခွဲဖွင့်နိုင်တာ၊ တခြား App ကို ကြည့်နေရင်း Messages ကနေ စာပို့နိုင်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် တွဲသုံးလေ့ရှိတဲ့ App Pair တွေကိုလည်း နောက်မှ ပြန်သုံးလို့ရအောင် Save လုပ်ထားလို့ရပါသေးတယ်။
Apple ရဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်တာ ကြောင့် အထူးသဖြင့် iPad ကနေ ပြောင်းသုံးသူတွေအတွက် အသားကျဖို့ အချိန်နည်းနည်း လိုပါလိမ့်မယ်။






