Your cart is currently empty!
K-drama တွေကိုကြည့်တဲ့ နန်းတွင်းဇာတ်လမ်းတွေထဲမှာ ဝတ်လေ့ရှိကြတဲ့ ကိုရီးယားရိုးရာ၀တ်စုံ အရောင်တွေစုံပြီး တော်တော်လေး အမြင်ဆန်းတဲ့ထဲ ပါပါတယ်။ ဒီနေ့တော့ အဲ့ရိုးရာဝတ်စုံကို ဘယ်လိုခေါ်လဲ၊
Hanbok ဆိုတာကရော ဘာလဲဆိုတာ ပြောပြပေးသွားပါမယ်။ အရင်ဦးဆုံးအနေနဲ့
Hanbok ဆိုတာ ဘာလဲ❓ 🤔
Hanbok ဆိုတာ ကိုရီးယားရိုးရာအဝတ်အစားတွေကို ခေါ်တဲ့ ကိုရီးယားစကားလုံးဖြစ်ပြီး ကိုရီးယား လူမျိုးတွေရဲ့ ရိုးရာ ၀တ်စုံဖြစ်ပါတယ်။ Hanbok ဆိုတဲ့ အသုံးအနှုန်းကို တောင်ကိုးရီးယားလူမျိုးများက အဓိကအသုံးပြုပြီး မြောက်ကိုးရီးယားလူမျိုးများကတော့ chosŏn-ot (조선옷) ‘ဆိုပြီးခေါ်ကြပါတယ်။ Hanbok ဟာ နှစ်ပေါင်း 2,000 ကျော် သက်တမ်းရှိပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် အလှပဆုံး ဖက်ရှင်စတိုင်တွေထဲက တခုဖြစ်ပြီး ရိုးရာဝတ်စုံတွေထဲမှာ လူကြိုက်များ ထင်ရှားတဲ့ထဲ ပါပါတယ်။
Hanbok ကို Goguryeo Kingdom (57 BC to 668 AD) အတွင်း စတင် ဒီဇိုင်းထုတ်ခဲ့တယ် ယူဆရပြီး ပုံစံ အမျိုးမျိုးနဲ့ ဝတ်တဲ့သူတွေ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်အောင် ပြုလုပ်ခဲ့ကြပါတယ်။ Hanbok ကို ကိုရီးယားတွင် အထိမ်းအမှတ်ပွဲများ၊ မင်္ဂလာဆောင်များ၊ မွေးနေ့ပွဲတွေမှာ ယနေ့တိုင် ဝတ်ဆင်ကြပြီး ကိုရီးယားလူမျိုးများရဲ့ အလှတရားကို ကိုယ်စားပြုပါတယ်။
Hanbok မှာ အသုံးပြုတဲ့ ပန်းထိုးပုံစံများနဲ့အရောင်တွေက ဘယ်လို အခမ်းအနားမျိုးနဲ့ လူမှုရေးအဆင့်အတန်းဆိုတာကို ကိုယ်စားပြုပါတယ်။ (ကိုရီးယားမင်းမျိုးမင်းနွယ်တွေဆိုရင် သာမန်ပြည်သူတေါထက် ဟန်ဘောက်အမျိုးမျိုးကို ၀တ်ဆင်ကြပါ။) ဥပမာအားဖြင့် မင်္ဂလာဆောင်ဝတ်စုံတွေမှာ ပါတဲ့ ပိတောက်ပန်းပုံစံ ပန်းထိုးဟာ ဂုဏ်ကျက်သရေနှင့် ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုပြီး နဂါးများ၊ ကြိုးကြာများ၊ ကျားများနဲ့ ဖီးနစ်ငှက် ပန်းထိုးတွေကတော့ တော်ဝင်အဝတ်အစားတွေအတွက် သီးသန့်ထုတ်ထားတဲ့ Hanbok ဒီဇိုင်းတွေဖြစ်ပါတယ်။
Hanbok မှာ အသုံးပြုတဲ့ အရောင်တွေဟာ yin နဲ့ yang သဟဇာတဖြစ်မှုရယ်၊ ဒြပ်စင်ငါးခုကြား သဟဇာတဖြစ်မှုရယ်တို့ကို အခြေခံထားတဲ့ ကိုရီးယား “ ငါးရောင်စုံသီအိုရီ ” (“obangsaek”) မှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ Hanbok ကို ရှေးယခင်ကတည်းက ဓာတုပစ္စည်းမဟုတ်ဘဲ သဘာဝအတိုင်းရလာတဲ့ အရောင်တွေနဲ့ ဆိုးကြတာဘဲဖြစ်ပါတယ်။
အမျိုးသမီးများအတွက် ရိုးရာ Hanbok တွင် jeogori (အပေါ်ပိုင်း) နှင့် chima (စကတ်) တို့ ပါဝင်ပြီး သူတို့နှစ်ခုကို ပေါင်းပြီး ‘chima jeogori’ ဆိုပြီးခေါ်ပါတယ် ။ အမျိုးသားများအတွက် Hanbok မှာ jeogori နှင့် baji (ခပ်ပွပွ ဘောင်းဘီရှည်) တို့ပါဝင်ပါတယ်။
အပေါ်မှာထပ်ဝတ်တဲ့ အင်္ကျီတွေနဲ့ ကုတ်အင်္ကျီအမျိုးမျိုးလည်းရှိပါတယ်။ အမျိုးသမီးတွေအတွက် Jangsam ၊ Dansam ၊ Wonsam လို့ခေါ်တဲ့ အပေါ်ဝတ်တွေရှိပြီး အမျိုးသားအတွက်အပေါ်ဝတ်တွေကတော့ durumagi ၊ dopo ၊ Danryeong-ui ၊ Joong-chimak ၊ Sochang-ui ၊ Daechang-ui စတဲ့ အပေါ်ဝတ်တွေဟာ ကျင်းပတဲ့ ပွဲအခမ်းအနားပေါ်မူတည်ပြီး ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။
#myanmar #korea #MyanGoal #hanbok







Leave a Reply
You must be logged in to post a comment.