iPhone Duo မှာ Cover နဲ့ Frame ကြောင့် Outer Display ရဲ့ ဘယ်ဘက်အစွန်းလေး ကွယ်သွားတာမျိုး မဖြစ်ရအောင် Apple က Setting တစ်ခု ထည့်ပေးထားပါတယ်။
အဲဒါလေးကတော့ “Shift Left Edge” ဆိုတဲ့ Feature လေးဖြစ်ပြီး၊ On လိုက်တာနဲ့ Screen ပေါ်က Content တွေကို အတွင်းဘက် နည်းနည်း တိုးပေးသွားတာမို့ ကာဗာအောက်ထဲ စာသားတွေ ငုပ်လျှိုးကွယ်ပျောက်သွားတာမျိုး မဖြစ်တော့ပါဘူး။
ဒီ Setting အကြောင်းကို စက်တင်ဘာလတုန်းက စတင် ဖော်ပြခဲ့ကြတာဖြစ်ပြီး၊ အခုဆိုရင်တော့ Apple ဘက်ကလည်း တရားဝင် ရှင်းပြချက် ထုတ်ပေးထားပါတယ်။ Apple ရဲ့ တရားဝင် iPhone Duo Case တပ်လိုက်တာနဲ့ ဒီ Setting ကို သွားပြင်ဖို့ ညွှန်ကြားချက် Prompt လေး စခရင်ပေါ်မှာ အလိုအလျောက် ပေါ်လာမှာပါ။ ဒါပေမဲ့ တခြား Third-party ကာဗာတွေ သုံးထားတယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ် Manual အလွယ်တကူ သွား On လို့ ရပါတယ်။
Shift Left Edge ကို ဘယ်လို On ရမလဲ?
1. သင့် iPhone Duo ရဲ့ Settings ထဲကို သွားပါ။
2. Display & Brightness ကို နှိပ်ပါ။
3. Shift Left Edge ဆိုတာလေးကို On လိုက်ပါ၊ ပြီးရင် ပေါ်လာတဲ့ ပေါ့ပ်အပ်ထဲက Enable ကို နှိပ်လိုက်ပါ။
နောက်ဆုံးအဆင့်မှာတော့ ဒီ Setting ငြိမ်သွားဖို့အတွက် iPhone Duo ကို Restart ချပေးရမယ်လို့ ပေါ်လာပါလိမ့်မယ်။ ဒါပေမဲ့ စက်တစ်ခုလုံး Reboot ကျသွားတာမျိုး မဟုတ်ဘဲ စခရင်လေး ခဏ မည်းသွားပြီးတော့ ခုနက Settings စခရင်ဆီ အလိုအလျောက် ပြန်ရောက်သွားမှာပါ။
အဲဒီနောက်မှာ Home Screen ဆီ Swipe တာဆွဲပြီး ထွက်ကြည့်လိုက်ရင် အပြင်စခရင်ရဲ့ ဘယ်ဘက်ဘေးမှာ နက်မှောင်တဲ့ Black Border လေး ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ Cover ရဲ့ ရှေ့ဘောင် ကြောင့် Screen ပေါ်က စာတွေ၊ ပုံတွေ ကွယ်သွားတာမျိုး လုံးဝ ရှိတော့မှာ မဟုတ်ပါဘူး။
Apple ကတော့ သူတို့ရဲ့ ပထမဆုံး Foldable) အတွက် တရားဝင် Cover အမျိုးအစား (၂) မျိုး ထုတ်လုပ်ပေးထားပါတယ်။ အထက်မှာ ပြောခဲ့တဲ့ iPhone Duo Case ရယ်၊ Screen ကွယ်သွားတာမျိုး လုံးဝ မရှိတဲ့ Folio with Kickstand ကာဗာတို့ပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး Apple Knowledge နဲ့ ပတ်သက်တဲ့ သတင်းတွေကို အမြဲသိချင်တယ်ဆိုရင်တော့ MyanGoal Telecom Page လေးကို Like and Follow လေးလုပ်ထားဖို့ မမေ့ပါနဲ့ဦး။






