Samsung Galaxy S27 Ultra နဲ့ S27 Pro ဘက်ထရီတွေကို Certification မှာ ဓာတ်ပုံနဲ့တကွ တွေ့မြင်ရပြီ

Galaxy S27 Pro နဲ့ Galaxy S27 Ultra တို့ဟာ ဒီရက်ပိုင်း Certification တွေ ပတ်ဝင်နေတာ ကြာပြီဖြစ်ပြီး၊ အခုဆိုရင် သူတို့ရဲ့ Battery တွေကို Safety Korea database မှာ ဓာတ်ပုံတွေနဲ့တကွ တွေ့လိုက်ရပြီ ဖြစ်ပါတယ်။

ဒီ ဘက်ထရီတွေရဲ့ Model Number တွေက EB-BS957CBY နဲ့ EB-BS958DBY ဖြစ်ကြပြီး S27 Pro နဲ့ S27 Ultra ရဲ့ Model Number တွေဖြစ်တဲ့ SM-S957 နဲ့ SM-S958 တို့နဲ့ ကွက်တိ သွားကိုက်ညီနေပါတယ်။ Battery  နှစ်ခုစလုံးကို တရုတ်နိုင်ငံက Zhuhai CosMX Power က ထုတ်လုပ်ပေးတာဖြစ်ပြီး၊ စိတ်မကောင်းစရာတစ်ခုကတော့ ပုံထဲမှာ Battery Capacity စာသားတွေကို သဲသဲကွဲကွဲ ဖတ်လို့ မရတာပါပဲ။

ဒါပေမဲ့ တကယ်တော့ Capacity ကိန်းဂဏန်းတွေကို အားလုံး သိပြီးသားပါ။ ဒီ Capacity တွေဟာ ပြီးခဲ့တဲ့ July လတုန်းကတည်းက Leak ထွက်ခဲ့တာဖြစ်ပြီး၊ September လမှာ တရုတ်ရဲ့ 3C က Certification ပေးခဲ့ပြီး ဖြစ်ပါတယ်။

S27 Ultra ရဲ့ Battery ဟာ Rated Capacity 5,534 mAh ရှိတာကြောင့် Typical Capacity အနေနဲ့ 5,700 mAh ဖြစ်လာဖို့ ရှိပါတယ်။

S27 Pro ရဲ့ Battery ကတော့ Rated Capacity 5,087 mAh ရှိလို့ Typical Capacity 5,200 mAh ဖြစ်လာနိုင်ပါတယ်။

ဖုန်း နှစ်ခုစလုံးဟာ Galaxy S26 Ultra လိုပဲ 60W Wired Charging ထောက်ပံ့ပေးဖို့ Certification ရထားပါတယ်။

ဒီ Typical ကိန်းဂဏန်းတွေသာ မှန်ခဲ့ရင် S27 Ultra ရဲ့ ဘက်ထရီဟာ S26 Ultra ရဲ့ 5,000 mAh ထက် 700 mAh (14%) ပိုများလာမှာဖြစ်ပြီး၊ ပိုသေးတဲ့ S27 Pro တောင်မှ S26 Ultra ထက် 200 mAh (4%) ပိုများနေမှာပါ။

Samsung ဟာ သူတို့ရဲ့ Ultra Model တွေမှာ 5,000 mAh ဘက်ထရီကိုပဲ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ S Pen ကို ဆက်လက် ထိန်းသိမ်းထားချင်တာကြောင့် 7,000 mAh Prototype ဘက်ထရီကို စမ်းသပ်ကြည့်ခဲ့သေးပေမဲ့ နောက်ဆုံးမှာတော့ ဒီထက် သေးငယ်တဲ့ ဘက်ထရီ Size ကိုပဲ ရွေးချယ်ခဲ့တာလို့ သိရပါတယ်။ S27 Series ကို ဘယ်တော့ တရားဝင် Launch လုပ်မလဲဆိုတာ မရေရာသေးပေမဲ့ နောက်ဆုံး ထွက်ထားတဲ့ Report တွေအရ Samsung ဟာ ပုံမှန် မိတ်ဆက်နေကျ အချိန်ဇယားအတိုင်း ပြန်သွားနိုင်တယ်လို့ သိရပါတယ်။


Latest