လေယာဥ်တံခါးဖွင့်ခဲ့လို့ ခရီးသည်များ မေ့လဲခဲ့တဲ့ဖြစ်စဥ်

တောင်ကိုရီးယားမှာ လေယာဥ်စီးနေစဥ် လေယာဥ်တံခါးဖွင့်လိုက်တာကြောင့် လူအများအပြား စိုးရိမ်ထိန်လန့်ခဲ့တဲ့ဖြစ်စဥ်ဟာ ကိုရီးယားလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Asiana ဆိုတဲ့ လေကြောင်းလိုင်းမှာ ဖြစ်သွားတာဖြစ်ပြီး Jeju-do မှ Daegu သို့ပျံသန်းနေစဥ် ခရီးသည်တစ်ဦးမှ ရုတ်တရက် ထဖွင့်ခဲ့တာကြောင့် လေယာဥ်လည်း ချက်ချင်းဆင်းခဲ့ရပါတယ်။
ခရီးသည်တွေကတော့ တုန်လှုပ်သွားခဲ့ပြီး ဆင်းသက်ရန် ပြင်ဆင်နေစဉ် လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက်က ရုတ်တရက်ပွင့်သွားပြီး လေယာဉ်က ခန့်မှန်းခြေ ပေ ၇၀၀ မှ ၈၀၀ အမြင့်မှာ ရှိနေပါတယ်။
ခရီးသည်အများအပြားကတော့ ကြောက်ရွံ့မှုကြောင့် မူးလဲသွားပြီး မူလတန်းကျောင်းသားတွေ အပါအဝင် တချို့က အသက်ရှုကျပ်လို့ ဆင်းသက်ပြီး ဆေးရုံကို ချက်ခြင်း ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
Asiana လေကြောင်းလိုင်းက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ချက်ချင်းလုပ်ဆောင်ခဲ့ပြီး အသက် 32 နှစ်အရွယ် အမျိုးသား တစ်ယောက်ဟာ သူအသက်ရှုကြပ်လာတာကြောင့် တံခါးဖွင့်ပြီး ခုန်ဆင်းဖို့ လုပ်ကြောင်းသိရှိခဲ့ရပါတယ်။
ထိုသူကိုတော့ စက်တင်ဘာ ၅ ရက်နေ့ မှာ Daegu ခရိုင် တရားရုံးရဲ့ အရပ်ဘက်ဌာနခွဲ 12 မှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ တရားသူကြီး Chae Seong Ho က လေကြောင်းလိုင်းအား နစ်နာကြေး ₩727 သန်း (အမေရိကန်ဒေါ်လာ 545,000 ခန့်) ပေးဆောင်ရန် အမိန့်ပေးခဲ့ပါတယ်။
လေယာဥ်ကတော့ ပြန်လည်ပြုပြင်မှုတွေ လုပ်ဆောင်ပြီး ခရီးသွားပြည်သူတွေကတော့ ဆေးကုသမှု ဆက်လက်ခံယူခဲ့ကြောင်း သိရပါတယ်။
#MyanGoal #Korea #News #Entertainment #Breaking #Myanmar


Latest