0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
အမျိုးသားတွေ ဝက်ခြံထွက်တာတွေကို ကာကွယ်ဖို့ ထိပ်တန်း ကိုရီးယားမျက်နှာသစ်ဆေး 10 မျိုး
Mar 14, 2025
—
by
Milo Kevin
in
Shopping & Promo
Skincare တတ်ကြတဲ့ ယောကျာ်းလေးတွေ ရှိလား? ဒါမှမဟုတ် မျက်နှာမှာ ဝက်ခြံတွေထွက်လို့ ဘာမျက်နှာသစ်ဆေး သုံးရင်ကောင်းမလဲ စဥ်းစားရခက်နေလား ? ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ အမျိုးသားတွေ ဝက်ခြံထွက်တာတွေကို ကာကွယ်ဖို့ ထိပ်တန်း ကိုရီးယားမျက်နှာသစ်ဆေး 10 မျိုးကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
1.Cosrx Low pH Good Morning Gel Cleanser
ဒီ hypoallergenic cleansing gel ကတော့ အရေပြားထဲက ပိုလျှံနေတဲ့ sebum တွေ၊ တနေ့လုံးကပ်ညှိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးဖို့ ကူညီပေးတဲ့အပြင် အရေပြားကို ခံနိုင်ရည်ရှိစေပြီး ပြန်လည်တောက်ပလာစေပါတယ်။ ဒီမျက်နှာသစ်ဆေးကို အရေပြားအထူးကု ဆရာဝန်တွေနေလဲ စမ်းသပ်ထားပြီး လက်ဖက်ပင်ဆီနဲ့ သဘာဝ BHA ပါဝင်တာကြောင့် အသားအရေကို ချောမွေ့စေပြီး ကြည်လင်တောက်ပသော အသားအရေကို ရရှိစေပါတယ်။ ဒီအလှကုန်အမှတ်တံဆိပ်က ထုတ်ကုန်အားလုံးကို parabens, sulfates, နဲ့ phthalates တို့လို အရေပြားယားယံစေတတ်တဲ့ ဓာတုပစ္စည်းတွေမပါဘဲ ပြုလုပ်ထားပါတယ်။
2.Etude House Soon Jung pH 6.5 Whip Cleanser
အမွှေးအကြိုင်ကင်းစင်ပြီး ဒီမျက်နှာသစ်ဆေးရဲ့ ဖော်မြူလာမှာ အကောင်းဆုံး pH ပါဝင်ပြီး အရေပြားရဲ့ သဘာဝအတိုင်း အနီးကပ်ဆုံးဖြစ်တဲ့ pH 6.5 ပါတာကြောင့် ဝက်ခြံနဲ့ ရေဓာတ်ခန်းခြောက်စေတဲ့ အခြေအနေတွေကို ကာကွယ်ပေးပါတယ်။ Centella asiatica က ရရှိပြီး Panthenol နဲ့ Madecassoside ပါတဲ့ Panthensoside နဲ့ ပြုလုပ်ထားတာကြောင့် အသားအရေ ရောင်ရမ်းမှုကို သက်သာစေတဲ့အပြင် ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်သက်သာစေပါတယ်။ ဒီမျက်နှာသန့်စင်ဆေးမှာ parabens လို ဓာတုပစ္စည်းတွေမပါဘဲ သဘာဝပါဝင်ပစ္စည်းတွေနဲ့ဘဲ ပြုလုပ်ထားတာကြောင့် sensitive အသားအရေအပါအဝင် အသားအရေအမျိုးအစားအားလုံးအတွက် သင့်လျော်ပါတယ်။
3.Yadah Anti-Trouble Bubble Cleanser
အက်စစ်ပါဝင်မှုနည်းတဲ့ ဒီမျက်နှာသစ်ဆပ်ပြာမှာ ကိုရီးယား အနက်ရောင် ရက်စ်ဘယ်ရီ အမြစ် (bokbunja ဟုလည်းခေါ်)၊ လက်ဖက်စိမ်း၊ ရှားစောင်းလက်ပတ်နဲ့ Rosemary extract တို့ ပါဝင်တာကြောင့် ရောင်ရမ်းတာကို သက်သာဖို့နဲ့ sebum ထွက်တာကို ထိန်းထားပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ရရှိနိုင်ပါတယ်။ Salicylic acid ကြောင့်လဲ အရေပြားဆဲလ်သေတွေနဲ့ ချွေးပေါက်တွေထဲက အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် လက်ဖက်ပင်ဆီကလဲ အရေပြား နီမြန်းတာ၊ ရောင်ရမ်းတာတွေကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကိုလဲ လျော့ပါးစေတာကြောင့် ချောမွေ့ကြည်လင်တဲ့ အသားအရေကို ရရှိစေပါတယ်။
4.Pyunkang Yul Acne Facial Cleanser
ဒီမျက်နှာသစ်ဆေးကတော့ သန့်စင်တဲ့အခါမှာ နူးညံ့တဲ့ ခံစားချက်ကိုရပြီး အဆီပိုတွေ၊ အမည်းစက်တွေ၊ ဘက်တီးရီးယားနဲ့ အရေပြားဆဲလ်သေတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဝက်ခြံတွေကို ဖြေရှင်းဖို့ အထူးထုတ်လုပ်ထားပါ။ /ဒီမျက်နှာသစ်ဆေးမှာ salicin ပါဝင်တဲ့ အဖြူရောင် မိုးမခအခေါက်နဲ့ ဖော်စပ်ထားပြီး အရေပြားထဲ ရောက်တဲ့အခါမှာ အရေပြားဆဲလ်သေတွေနဲ့ ချွေးပေါက်တွေထဲက အဆီပိုတွေကို ဖယ်ရှားပေးတဲ့ salicylic acid အဖြစ်ကို ပြောင်းလဲပေးပါတယ်။ Forsythia suspensa နဲ့ Centella asiatica အပြင် တိုင်းရင်းဆေးတွေမှာ အသုံးပြုတဲ့ Tiger Lily Extract တို့ပါဝင်တာကြောင့် ချွေးပေါက်တွေထဲထိ စိမ့်ဝင်စေ အသားအရေ ရောင်ရမ်းမှုတွေကို သက်သာစေပြီး အရေပြားကို ပြန်လည်နုပျိုစေပါတယ်။
5.Cosrx Salicylic Acid Daily Gentle Cleanser
ဒီမျက်နှာသစ်ဆေးကတော့ ဝက်ခြံပေါက်တတ်တဲ့ အသားအရေနဲ့ ချွေးပေါက်ကျယ်တာ၊ အသားအရောင် မညီညာတို့လို အရေပြားပြဿနာရှိသူတွေအတွက် သင့်လျော်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမျက်နှာသစ်ဆေးမှာ အရေပြားပေါ်က အညစ်အကြေးတွေ၊ မိတ်ကပ်တွေကို ညင်သာစွာ ဖယ်ရှားပေးကာ အသားအရေကို ကြည်လင်ဝင်းပစေတာကြောင့် ဖြစ်ပါတယ်။ မိုးမခအခေါက်ရေ၊ လက်ဖက်ပင်ဆီ၊ 0.5% salicylic acid၊ BHA (beta hydroxy acid) နဲ့သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာကြောင့် အရေပြားကို ပတ်ဝန်းကျင်ကနေ ထိခိုက်စေတဲ့အရာတွေကို ကာကွယ်ပေးပြီး အသားအရေ ရောင်ရမ်းတာ၊ ယားယံတာတွေကို သက်သာစေပါတယ်။
ကျန်နေသေးတဲ့ မျက်နှာသစ်ဆေး 5 မျိုးကိုတော့ နောက်ရက်ကျရင် ထပ်မံတင်ဆက်ပေးမှာမလို့ စောင့်မျှော်နေကြပါနော်။
#acne #myangoal #cosmetics #shopping #korea #skincare #Myanmar #cleanser
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
part 2/ Sensitive Skin အတွက် အကောင်းဆုံး Korean Moisturizer 10 မျိုး
Next:
iOS 18.4 မှာပါဝင်လာမယ့် Emoji အသစ်များ
→
Latest
Apple ရဲ့ တိုက်ရိုက် စပိုင်ဝဲလ် သတိပေးချက် စနစ်
Pegasus လိုမျိုး ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံပြီး အစိုးရအဆင့် အထူးထောက်လှမ်း စပိုင်ဝဲလ်တွေနဲ့ သင့် iPhone ကို…
Read more
: Apple ရဲ့ တိုက်ရိုက် စပိုင်ဝဲလ် သတိပေးချက် စနစ်
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.