0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
အိုမင်းရင့်ရော်မှုကို သက်သာစေတဲ့ အကောင်းဆုံး ကိုရီးယား အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန် 4 ခု
Mar 18, 2025
—
by
Milo Kevin
in
Shopping & Promo
အိုမင်းရင့်ရော်မှုကို သက်သာစေဖို့အတွက်ဆိုရင်တော့ ပုံမှန်အသားအရေ ထိန်းသိမ်းပြီး ကိုယ်နဲ့ကိုက်ညီတဲ့ ထုတ်ကုန်ကို အသုံးပြုရမှာဘဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ အိုမင်းရင့်ရော်မှုကို သက်သာစေတဲ့ အကောင်းဆုံး ကိုရီးယား အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန် 4 ခုကို ဖော်ပြသွားမှာဘဲ ဖြစ်ပါတယ်။ အရေးအကြောင်းတွေအတွက် ဘာလိုထုတ်ကုန်တွေ အသုံးပြုရမလဲ သိချင်ရင်တော့ အဆုံးထိ ဖတ်ဖတ်ကြည့်ကြည့်လိုက်ပါ။
1.The Plant Base Time Stop Collagen Ampoule
ဒီထုတ်ကုန်ကို သဘာဝအတိုင်းရရှိတဲ့ မှို extract 76.53% ပါ၀င်ပြီး ကော်လာဂျင်နဲ့ elasticity ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး အရေပြားကို လိုင်းကောင်းပြီး အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။ Hyaluronic acid နဲ့ panthenol ကြောင့် ရေဓာတ်ထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်စေပြီး ရှားစောင်းလက်ပတ်နဲ့ centella asiatica ကြောင့်လဲ ယားယံတာနဲ့ နီရဲတာတွေကို သက်သာစေပြီး အရေပြားကို နူးညံ့ချောမွေ့စေပါတယ်။
2.Caudalie Resveratrol Lift Night Infusion Cream
ဒီ night cream မှာတော့ စပျစ်သီးကနေ ရရှိတဲ့ antioxidant နဲ့ hyaluronic acid တို့ကြောင့် ရေဓာတ်ဖြည့်ပေးပြီး မျက်နှာအသားအရည်ကို တင်းရင်းစေပြီး တစ်ညလုံး အသားအရေကို ပြုပြင်ပေးပါတယ်။ အစွမ်းထက်တဲ့ ဖော်မြူလာကြောင့် အသားအရေကို အသစ်တဖန် ပြန်လည်ကူညီပေးပြီး ခြောက်နာရီအတွင်း 43% အစိုဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် လေးပတ်အတွင်း အသားအရေရဲ့ အသွင်အပြင်ကို 12% ကောင်းမွန်လာစေပါတယ်။
3.Missha Time Revolution Night Repair Ampoule 5X
ဒီထုတ်ကုန်ကတော့ အရေပြားအမျိုးအစားတွေ အားလုံးအတွက် သင့်လျော်ပြီး သုံးစွဲတာ 10 နာရီကြာပြီးနောက် အသားအရေကို ပြန်လည်ကောင်းမွန်လာစေဖို့ ပြုပြင်ပေးပါတယ်။ Lactobacillus ferment နဲ့ Bifida ferment filtrate အပါအဝင် probiotics အမျိုးအစား 10 မျိုးပါဝင်တဲ့ Extreme Biome 77.2% နဲ့ ပြုလုပ်ထားတာကြောင့် အရေပြားကို အားပြန်ဖြည့်ပေးပြီး အသားအရေ တောက်ပကြည်လင်လာစေပြီး texture ကိုလဲ ပိုမိုကောင်းမွန်စေပါတယ်။ ဇီးသီး၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ မုန်လာဥနဲ့ ဘလူးဘယ်ရီစတဲ့ အသီးအနှ့တွေကိုလဲ ပါဝင်တာကြောင့် နေ့စဉ်ပတ်ဝန်းကျင်က အရေပြားကို ထိခိုက်စေတဲ့ အရာတွေကနေ ကာကွယ်ပေးပါ။
4.CeraVe Skin Renewing Day Cream with Sunscreen
အိုမင်းရင့်ရော်မှုကို သက်သာစေတဲ့ အသားအရေ ထိန်းသိမ်းတဲ့ထုတ်ကုန်တွေထဲ Sunscreen ကတော့ မပါမဖြစ်ပါဘဲ။ SPF 30 ပါဝင်တဲ့ ဖော်မြူလာကြောင့် အစိုဓာတ်ထိန်းပေးပြီးခရမ်းလွန်ရောင်ခြည် UVA နဲ့ UVB ရောင်ခြည်တွေကိုလဲ ကောင်းမွန်စွာ ကာကွယ်ပေးပါတယ်။ အညစ်အကြေးတွေကို နူးညံ့သိမ်မွေ့စွာ ဖယ်ရှားပေးပြီး ယားယံခြင်းမရှိဘဲ အိုမင်းရင့်ရော်စေတဲ့ လက္ခဏာတွေကို သက်သာလာစေတဲ့ encapsulated retinol နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့အပြင် ceramides ကြောင့်လဲ သဘာဝအတိုင်း skin barrier ကို ပြန်လည်ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။ Hyaluronic acid ကို သုံးထားတဲ့ MVE နည်းပညာကြောင့်လဲ 24 နာရီကြာ ရေဓာတ်ဖြည့်ပေးဖို့အတွက် လုပ်ဆောင်ပေးပြီး အရေပြား လိုင်းကောင်းစေတာနဲ့ အရေးအကြောင်းတွေကို လျော့ပါးစေပြီး အသားအရေရဲ့ အသွင်အပြင်ကို ပိုမိုတောက်ပလာစေပါတယ်။
#myangoal #cosmetics #shopping #korea #skincare #antiaging #Myanmar
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Seokchon Lake ချယ်ရီပန်းပွဲတော် | 석촌호수 벚꽃축제
Next:
ဆိုးလ်က အကောင်းဆုံး စျေးဝယ်စင်တာ 9 ခု
→
Latest
တရုတ်ဈေးကွက်ကို စိုးမိုးထားဆဲ iPhone 17 Series
ပိုကောင်းပေမယ့် ပိုမရောင်းရတဲ့ Android Ultra တွေနဲ့ တရုတ်ဈေးကွက်ကို စိုးမိုးထားဆဲ iPhone 17 Series…
Read more
: တရုတ်ဈေးကွက်ကို စိုးမိုးထားဆဲ iPhone 17 Series
Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ်
Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ် ဒီရက်ပိုင်း…
Read more
: Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ်
Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ
Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ Apple က…
Read more
: Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ
Advance levelအထိ ကိုရီးယားဘာသာစကားကို လေ့လာသွားလို့ရမယ့် website များ
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Edu ကနေပြီးတော့ ကိုရီးယားဘာသာစကားကို လေ့လာနေ တဲ့သူတွေအတွက် Advanced…
Read more
: Advance levelအထိ ကိုရီးယားဘာသာစကားကို လေ့လာသွားလို့ရမယ့် website များ
တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ
တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ Apple ဟာ…
Read more
: တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.