Your cart is currently empty!
ဆိုးလ်မှာနေရင်း ကျောင်းတက်နေကြသူတွေ အလုပ်လုပ်နေကြတဲ့သူတွေ ရှိကြလား ? စျေးဝယ်ထွက်ရတာကြိုက်တဲ့သူတွေအတွက် ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ ဆိုးလ်မှာရှိတဲ့ အကောင်းဆုံး Street Markets 8 ခုကို ဖော်ပြပေးလိုက်ပါတယ်။
Myeongdong စျေး
Myeongdong စျေးကတော့ ဆိုးလ်မြို့မှာ နေထိုင်စဉ်အတွင်း ပစ္စည်းတွေကို လက်လီစျေးတန်တန်နဲ့ ဝယ်ယူချင်ရင်တော့ သွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တောင်ကိုးရီးယားရဲ့ အဓိကစျေးဧရိယာတစ်ခုဖြစ်တာနဲ့အညီ ဒါဇင်နှင့်ချီတဲ့ ကုန်တိုက်တွေ၊ ဈေးဝယ်စင်တာတွေနဲ့ လမ်းဘေးဆိုင်တွေရှိပြီး အဓိက နာမည်ကြီးတာကတော့ လမ်းဘေးဈေးဆိုင်တွေဘဲ ဖြစ်ပါတယ်။ လူသုံးကုန်ပစ္စည်းတွေ၊ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ ဆက်စပ်ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေနဲ့ ပြည်တွင်း၊ ပြည်ပ အမှတ်တံဆိပ်ပေါင်းစုံ ရရှိနိုင်ပါတယ်။ ကိုရီးယား အလှကုန် နဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းရောင်းချတဲ့ ဆိုင်ပေါင်း 1,000 ကျော် ရှိပါတယ်။ ဆိုးလ်မှာရှိတဲ့ တခြားစျေးတွေနဲ့မတူတာက Myeongdong စျေးမှာ Myeongdong Catholic Cathedral နဲ့ Gothic ပုံစံ Myeongdong Theatre တို့လို လည်ပတ်စရာ နေရာတွေ ရှိပါတယ်။
တည်နေရာ- 83-9 Myeong-dong၊ Jung-gu၊ ဆိုးလ်၊ တောင်ကိုရီးယား
Namdaemun ဈေး
Namdaemun စျေးကတော့ ရိုးရာဈေးတစ်ခု ဖြစ်ပြီး ကိုရီးယား မြို့ဟောင်းရဲ့ တောင်ဘက်တံခါးပေါက် Namdaemun ရဲ့ ဘေးမှာ တည်ရှိပါတယ်။ ဒီစျေးကို 1414 ခုနှစ်၊ Joseon မင်းဆက်မှာ ဖွင့်လှစ်ခဲ့တဲ့ ကိုရီးယားနိုင်ငံရဲ့ ရှေးအကျဆုံး စျေးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီစျေးမှာ အရည်အသွေးမီ သားရေပစ္စည်းတွေ၊ အဝတ်အထည်၊ လက်မှုပစ္စည်းတွေ၊ သွင်းကုန်ပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ အီလက်ထရွန်းနစ်နဲ့ တိုင်းရင်းဆေးတွေကိုလဲ အမှန်တကယ် သက်သာတဲ့ နှုန်းထားတွေနဲ့ ရရှိနိုင်ပါတယ်။ Namdaemun စျေးဟာ ညဘက်မှာဆိုလဲ နေ့စဉ် ည ၁၁ နာရီကနေ နံနက် ၄ နာရီအထိ လှုပ်ရှားနေတဲ့ ညဈေးတစ်ခု ဖြစ်ပါတယ်။
တည်နေရာ- ၂၁ Namdaemunsijang 4-gil၊ Jung-gu၊ ဆိုးလ်၊ တောင်ကိုရီးယား
ဖွင့်ချိန်- တနင်္လာ-စနေ မနက် ၉ နာရီမှ ညနေ ၅း၃၀ နှင့် ၁၁ နာရီမှ နံနက် ၄ နာရီ (တနင်္ဂနွေနေ့ပိတ်ပါတယ်)
Dongdaemun ဈေး
Dongdaemun စျေးကတော့ စျေးဝယ်စင်တာ 26 ခု၊ ဆိုင်ခန်းပေါင်း 30,000 ကျော်ရှိတဲ့ စျေးကြီး တစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက “အထူးခရီးသွားလုပ်ငန်းဇုန်” (관광특구) အဖြစ် သတ်မှတ်ခြင်းခံရတဲ့ နာမည်ကြီး ခရီးသွားနေရာ တစ်ခုဖြစ်ပါတယ်။ အထည်အလိပ်၊ အဝတ်အစား၊ ဖိနပ်နဲ့ လက်ဝတ်ရတနာတွေ၊ သားရေသုံးပစ္စည်းတွေ၊ အရုပ်တွေ၊ အီလက်ထရွန်းနစ်နဲ့ ရုံးသုံးပစ္စည်းတွေအထိ ရောင်းချတဲ့ တောင်ကိုရီးယားရဲ့ အကြီးဆုံး လက်လီ လက်ကား ရနိုင်တဲ့ စျေးဝယ်ဧရိယာတစ်ခု ဖြစ်ပါတယ်။ Dongdaemun စျေးဟာ အစားအသောက်နဲ့ ပတ်သက်ပြီးတော့လဲ နာမည်ကြီးပြီး Mukja Golmok လို့ ကိုရီးယား လမ်းဘေးအစားအစာနဲ့ သရေစာအတွက် ရည်ရွယ်ထားတဲ့ လမ်းကြားလည်း ရှိပါတယ်။ ညဘက်မှာဆိုရင်လဲ ဒီစျေးဧရိယာမှာ ပွဲတော်တွေ၊ ဖက်ရှင်ရှိုးတွေ၊ ဂီတနဲ့ အကဖျော်ဖြေပွဲတွေနဲ့ ညလုံးပေါက် စည်ကားတတ်ပါတယ်။
တည်နေရာ- 272 Jong-ro၊ Jongno-gu၊ ဆိုးလ်၊ တောင်ကိုရီးယား
Gwangjang ဈေး
Gwangjang စျေးကိုတော့ 1905 ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့တဲ့ street market တစ်ခုဖြစ်ပါတယ်။ ကိုရီးယား ရိုးရာ အထည်အလိပ်တွေနဲ့ အဝတ်အစားတွေကို ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်တာကြောင့် ပိုမိုလူသိများပေမယ့် မီးဖိုချောင်သုံးပစ္စည်းတွေ၊ တင်သွင်းကုန်ပစ္စည်းတွေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အခြောက်လှန်းထားတဲ့ အစားအစာတွေကိုလဲ ရရှိနိုင်ပါတယ်။ ဒေသခံအများအပြားဟာ ကိုးရီးယားရိုးရာဓလေ့အတွက် ဆုတောင်းပစ္စည်းတွေ လာဝယ်လေ့ရှိတဲ့ အပြင် ရိုးရာမင်္ဂလာဆောင်ပစ္စည်းတွေဖြစ်တဲ့ hanbok နဲ့ pyebaek တွေ၊ သတို့သမီးလောင်းအတွက် မင်္ဂလာပွဲမှာ ပြင်ဆင်တဲ့ အစားအစာတွေအပြင် ကိုရီးယားရိုးရာ အဝတ်အထည်တွေကိုလဲ ဝယ်ယူကြလေ့ ရှိပါတယ်။ Gwangjang စျေးရဲ့ မြေညီထပ်မှာဆို စားသောက်ဆိုင်တွေ ဒါဇင်များစွာ ရှိပြီး ပထမထပ်က အပ်ချုပ်ဆိုင်တွေမှာ ရိုးရာအဝတ်အထည်တွေကို သင့်လျော်တဲ့ စျေးနှုန်းတွေနဲ့ ရရှိနိုင်ပါတယ်။
တည်နေရာ- 88 Changgyeonggung-ro၊ Jongno-gu၊ ဆိုးလ်၊ တောင်ကိုရီးယား
ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ၁၀း၃၀ နာရီအထိ
ကျန်နေသေးတဲ့ Street Markets 4 ခုကို နောက်တပတ်မှာ ပြောပြပေးသွားမှာမလို့ ဘယ် Street Markets တွေဖြစ်မလဲ ဆိုတာ သိချင်ရင်တော့ စောင့်မျှော်နေကြပါနော်။
#myangoal #shopping #Myanmar #markets #korea #seoul







Leave a Reply
You must be logged in to post a comment.