Incheon မှာစျေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာ 8 ခု

ဒီနေ့မှာတော့ Incheon မှာစျေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာ 8 ခုထဲက Sinpo International Market၊ Guwol-dong Rodeo Drive၊ Square 1၊ Songdo Canal Walk တို့အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

1.Sinpo International Market
Incheon မှာရှိတဲ့ Sinpo International Market ကတော့ သမိုင်းကြောင်း ရှည်လျားစွာရှိတဲ့ ရိုးရာဈေးတစ်ခု ဖြစ်ပါတယ်။ အင်ချွန်းဆိပ်ကမ်းကို ဖွင့်လှစ်ပြီးတဲ့နောက် ယခုခေတ် Freedom Park ဧရိယာအနီးမှာ အခြေချနေထိုင်ခဲ့တဲ့ နိုင်ငံခြားသားတွေနဲ့ စျေးကို ဖွဲ့စည်းခဲ့သည်။ စျေးမှာ ပင်လယ်စာ၊ အသား၊ ဟင်းသီးဟင်းရွက်တွေ၊ အရံဟင်းလျာတွေ ဒါမှမဟုတ် အိမ်သုံးကုန်ပစ္စည်းတို့ကို ကဏ္ဍအလိုက် ခွဲခြားထားပါတယ်။ Sinpo International Market မှာ အစားအသောက်မျိုးစုံ ရနိုင်တာကြောင့်လဲ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်မှုတစ်ခုအဖြစ် လူသိများလာခဲ့ပါတယ်။ အစားအသောက်ကြိုက်တဲ့ foodie တွေ အနေနဲ့လဲ ဒီစျေးမှာရှိတဲ့ ချိုချဉ်စပ် ကြက်ကြော် ( dak-gangjeong )၊ ဂျုံခေါက်ဆွဲ ( kalguksu )၊ ဖက်ထုပ် ( mandu )၊ ပူဖောင်းပေါင်မုန့် ( gonggal-bban g ) တို့ကို စမ်းစားကြည့်သင့်ပါတယ်။ ဒီစျေးအနီးနား မှာလဲ Freedom Park နဲ့ Chinatown တို့လဲရှိပါတယ်။

တည်နေရာ – 11-5 Uhyeon-ro 49 beon-gil၊ Jung-gu၊ Incheon၊ တောင်ကိုရီးယား
ဆိုင်ဖွင့်ချိန် – နေ့စဉ် နံနက် ၁၀ နာရီမှ ည ၉း၃၀ နာရီအထိ

2.Guwol-dong Rodeo Drive
Namdong-gu မှာရှိတဲ့ Guwol-dong Rodeo Drive နေရာကလဲ Incheon မှာ စျေးဝယ်လို့ကောင်းတဲ့ ဧရိယာတစ်ခု ဖြစ်ပါတယ်။ Incheon မြေအောက်ရထားလိုင်း 1 ရဲ့ Culture & Arts Center ဘူတာနဲ့ Incheon Bus Terminal ဘူတာကြားမှာ တည်ရှိပါတယ်။ ဒီဧရိယာတဝိုက်မှာ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ စာအုပ်ဆိုင်တွေနဲ့ ရုပ်ရှင်ရုံတွေအပြင် အဝတ်အစားတွေ၊ အလှကုန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေလဲ ရနိုင်ပါတယ်။ Shinsegae Department Store၊ Lotte Department Store နဲ့New Core Outlet တို့လို စျေးဝယ်စင်တာကြီးတွေလဲ ရှိပါတယ်။ Rodeo Drive မှာ အစားအသောက်ဆိုရင်လဲ ကိုးရီးယား၊ အနောက်တိုင်းနဲ့ ဂျပန်စားသောက်ဆိုင် အစုံအလင်ကို လမ်းတလျှောက် တွေ့နိုင်ပါတယ်။

တည်နေရာ – Guwol-dong၊ Namdong-gu၊ Incheon၊ တောင်ကိုရီးယား

3.Square 1
Square 1 ကတော့ Yeonsu-gu ရဲ့ စျေးဝယ်စင်တာများစွာရှိတဲ့ အချက်အချာနေရာ ဖြစ်ပါတယ်။ Homeplus ဟိုက်ပါမားကတ်ကတော့ မြေညီထပ်မှာရှိပြီး အရောင်းဆိုင်တွေနဲ့ စာအုပ်ဆိုင်ကတော့ ပထမထပ်နဲ့ ဒုတိယထပ်မှာ ရှိပါတယ်။ တတိယထပ်မှာကတတော့ စားသောက်ဆိုင်တွေ၊ မုန့်ဆိုင်တွေရှိပြီး စတုတ္ထထပ်မှာတော့ ရုပ်ရှင်ရုံ ရှိပါတယ်။ Branded ဆိုင်များစွာရှိပြီး သွားရလာရလွယ်ကူတာကြောင့် မိသားစုလိုက် ဈေးဝယ်ထွက်လို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ သွားရင် ရှော့ပင်းမောလ်အလယ်မှာရှိတဲ့ ဧရာမလျှောကြီး သဘောကျမှာ အမှန်ပါ။ Square 1 ကတော့ Incheon မြေအောက်ရထားလိုင်း 1 ရှိ Dongchun ဘူတာအနီးမှာ တည်ရှိပါတယ်။

တည်နေရာ – 210 Cheongneung-daero၊ Yeonsu-gu၊ အင်ချွန်း၊ တောင်ကိုရီးယား
ဆိုင်ဖွင့်ချိန် – နေ့စဉ် နံနက် ၁၀း၃၀ မှ ည ၁၀ နာရီအထိ

4.Songdo Canal Walk
Songdo-dong မှာရှိတဲ့ Songdo Canal Walk ကတော့ အလယ်မှာ လူလုပ် တူးမြောင်းရှိတဲ့ ကုန်တိုက်တစ်ခု ဖြစ်ပါတယ်။ ဒီကုန်တိုက်မှာ ရာသီအလိုက် အပြင်အဆင်တွေနဲ့ အပိုင်း ၄ ပိုင်း ခွဲခြားထားပါတယ်။ အဝတ်အစားတွေ၊ အိမ်သုံးပစ္စည်းတွေနဲ့ ဆေးရုံကို နွေဦးရာသီ အပိုင်းမှာ တွေ့နိုင်ပြီး နွေရာသီအပိုင်းကတော့ အမျိုးသမီး အသုံးအဆောင် ပစ္စည်းတွေ၊ ကလေးပစ္စည်းတွေနဲ့ စားသောက်ဆိုင်တွေ ရှိရာနေရာဖြစ်ပါတယ်။ ဆောင်းဦးရာသီ အပိုင်းမှာတော့ လူငယ်တွေအတွက် အသုံးအဆောင်ပစ္စည်းတွေ၊ အားကစားပစ္စည်းတွေ ရှိပါတယ်။ ဈေးဝယ်ထွက်ပြီးရင်တော့ တူးမြောင်းတလျှောက်မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာ ခဏ အနားယူလို့ ရပါတယ်။

တည်နေရာ – 107 Artcenter-daero၊ Yeonsu-gu၊ Incheon၊ တောင်ကိုရီးယား
ဖွင့်ချိန် – နွေရာသီ- တနင်္လာ-သောကြာ နံနက် ၁၁း၃၀ မှ ၉း၃၀ နာရီ၊ စနေ-တနင်္ဂနွေ နံနက် ၁၀း၃၀ မှ ၁၀ နာရီအထိ။ ဆောင်းရာသီ- တနင်္လာ-သောကြာ နံက် 10.30 မှ 9 နာရီအထိ (စနေနဲ့ တနင်္ဂနွေပိတ်ပါတယ်)

ကျန်နေသေးတဲ့ Incheon မှာစျေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာ 4 နေရာကို သိချင်သေးရင်တော့ နောက်တပတ် ဒီလိုအချိန် ကျွန်တော်တို့ MyanGoal page ကနေဘဲ တင်ဆက်သွားမှာမလို့ စောင့်မျှော်‌နေကြပါနော်။
#shopping #incheon #korea #Myanmar #markets #myangoal


Latest