0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Niacinamide ပါတဲ့ ကိုရီးယား အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းများ
Mar 1, 2025
—
by
Milo Kevin
in
Shopping & Promo
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ အလှအပရေးရာ စိတ်ဝင်စားတဲ့သူတွေ အသားအရေထိန်းသိမ်းတတ်တဲ့ သူတွေအတွက် Niacinamide ပါတဲ့ ကိုရီးယား အလှကုန်ပစ္စည်း ၁၀ မျိုးကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
Anua Peach 70% Niacinamide Serum
ဒီ serum ကို အသားအရေ နူးညံ့ပြီး မွှေးစေဖို့ 70% ကို မက်မွန်သီးမှည့်ကနေ ထုတ်ထားတဲ့ peach fruit extract နဲ့ niacinamide 5% တို့ ကြွယ်ဝစွာ ထည့်သွင်းထားပါတယ်။ Betaine Salicylate (BHA) နဲ့ ဖော်စပ်ထားတာကြောင့် နက်ရှိုင်းစွာ အာဟာရဖြည့်တင်းပေးပြီး ဗီတာမင် B12 နဲ့ Hyaluronic Acid တို့ကြောင့်လဲ ရေဓာတ်ကို ကောင်မွန်စွာ ပေးစွမ်းပါတယ်။ ဒီ serum က အသားအရည်ကို ချောမွေ့စေပြီး အရောင်မညီညာတွေကို လျော့ပါးစေတာကြောင့် အသားအရေကို ကျန်းမာတောက်ပလာစေမှာပါ။ Niacinamide ကြောင့်လဲ မွဲခြောက်နေတဲ့ အသားအရေကို ထိရောက်စွာ တောက်ပစေပြီး ပိုမိုနူးညံ့စေကာ အသားအရေကို အားဖြည့်ပေးပါ။
The Ordinary Niacinamide 10% + Zinc 1%
ဒီ serum ကတော့ နာမည်ကြီး အကျော်ကြားဆုံး serum တွေထဲက တစ်ခုဖြစ်ပြီး ပေါ့ပါးပြီး စေးကပ်မှုမရှိတဲ့ ဒီ texture ကြောင့် အဆီပြန်တတ်ပြီး sensitive အသားအရေရှိသူတွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ 10% niacinamide နဲ့ 1% zinc တို့ကို ပေါင်းစပ်ထားတဲ့အပြင် တခြားပါဝင်ပစ္စည်းတွေကြောင့်လဲ ဝက်ခြံ၊ ချွေးပေါက်တွေနဲ့ အဆီပိုတွေကို လျော့ပါးစေပြီး အရေပြားရဲ့ အပြင်ဘက်ဆုံး အလွှာကို ရေဓာတ်ဖြည့်ပေးပါတယ်။
Beauty of Joseon Glow Serum Propolis + Niacinamide
ဒီပျားရည်နဲ့တူတဲ့ serum ကတော့ ကိုရီးယားရိုးရာ ဆေးဖက်ဝင်အပင်တွေကို ပါဝင်ပစ္စည်းအဖြစ် ပေါင်းစပ်ထုတ်လုပ် ထားပါတယ်။ 60% propolis extract နဲ့ niacinamide 2% တို့နဲ့ ဖော်စပ်ထားတာကြောင့် ချွေးပေါက်ကျယ်ခြင်းနဲ့ အရေပြား ရောင်ရမ်းခြင်းတို့ကို သက်သာစေမှာပါ။ ဘက်တီးယားပိုးမွှားတွေကို သန့်စင်စေပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေကြောင့် အရေပြားပေါ်က အနာကျက်ခြင်းကို လျင်မြန်စေပါတယ်။ Niacinamide ကလဲ အသားအရောင် မညီမျှမှုတွေကို လျှော့ချပေးပြီး တောက်ပလာစေပါတယ်။ ဒီ serum က အသားအရောင်ကို ထိထိရောက်ရောက် ထိန်းညှိပေးကာ ချွေးပေါက်ကျဥ်းစေပြီး ဝက်ခြံပြဿနာတွေကို ဖြေရှင်းပေးတာကြောင့် အသားအရေကို ကြည်လင်လာစေပါတယ်။
Cosrx AC Collection Blemish Spot Clearing Serum
အသားအရေခြောက်သွေ့တတ်ပြီး ယားယံတတ်တဲ့ အသားအရေရှိသူတွေအတွက် ဝက်ခြံအမာရွတ် အစက်အပြောက်တွေကို ပျောက်ကင်းချင်ရင်တော့ ဒီဆန်းသစ်ပြီး နူးညံ့သိမ်မွေ့စွာ လိမ်းလို့ရမယ့် serum က အသင့်လျော်ဆုံးပါ။ ဒီဖော်မြူလာမှာ Centella Asiatica၊ 4% niacinamide နဲ့ bee propolis တို့ ပါဝင်တာကြောင့် အစက်အပြောက်တွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ချွေးပေါက်တွေကို ကျဉ်းစေပြီး ရေဓာတ် ဖြည့်ပေးနိုင်တာကြောင့် ဝက်ခြံထွက်တာကို တားဆီးချင်သူတိုင်း မရှိမဖြစ်သုံးဖို့ လိုအပ်ပါတယ်။
Isntree TW-Real Eye Cream
ဒီ cream ကတော့ အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေကို တိုက်ဖျက်ပြီး သော မျက်လုံးအောက် ဧရိယာတဝိုက်ကို နူးညံ့သိမ်မွေ့အောင် ဖန်တီးဖော်စပ် ထားပါတယ်။ Niacinamide ကို ထည့်သွင်း အသုံးပြုထားပြီး မျက်ကွင်းညိုတာတွေလို မျက်စိနားတဝိုက်အတွက် အဓိက ရည်ရွယ်ထုတ်လုပ် ထားတာကြောင့် ဒီ eye cream ဟာ အသားအရေ လိုင်းကောင်းခြင်း၊ အရေပြား ရောင်ရမ်းခြင်းနဲ့ ခြောက်သွေ့ခြင်းတွေကို တိုက်ဖျက်ပေးပြီး ကိုယ့်ရဲ့မျက်လုံးကို လန်းဆန်းနုပျိုစေပါတယ်။ 61% Lactobacillus Ferment Lysate ကြွယ်ဝစွာပါဝင်တဲ့ ဒီနူးညံ့တဲ့ဖော်မြူလာကြောင့် အရေပြားကို သဘာဝအတိုင်း အတားအဆီးလုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးပြီး niacinamide သည် အသားအရောင်ကို ထိရောက်စွာ တောက်ပစေပြီး အမည်းစက်တွေကို လျော့ပါးစေပါတယ်။
ကျန်နေသေးတဲ့ ကိုရီးယား အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်း ၅ မျိုးကိုတော့ နောက်ရက်ကျရင် ကျွန်တော်တို့ MyanGoal ကနေဘဲ တင်ဆက်ပေးသွားမှာမလို့ စောင့်မျှောိနေကြပါနော်။
#myangoal #shopping #korea #Myanmar #cosmetics #Niacinamide #skincare
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Apple ကနေ စက်ရုပ်တီထွင်ဖို့လုပ်
Next:
2026 မှာ ခေါက်ဖုန်း Foldable iPhone ထွက်မယ်လို့ သိရပါပြီ။
→
Latest
Google ကနေ လာမယ့် မေလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Google I/O Keynote
Google ကနေ လာမယ့် မေလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Google I/O Keynote…
Read more
: Google ကနေ လာမယ့် မေလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Google I/O Keynote
စျေးမတက်မယ့် iPhone အသစ်များ
စျေးမတက်မယ့် iPhone အသစ်များ လက်ရှိကမ္ဘာ့စျေးကွက်မှာ မှတ်ဉာဏ်ချစ်ပ်ပြားရှားပါးမှုနဲ့ သိုလှောင်မှုအပိုင်း စျေးနှုန်းတွေ မြင့်တက်နေပေမဲ့ Apple ကတော့…
Read more
: စျေးမတက်မယ့် iPhone အသစ်များ
iPhone 17 နဲ့ iPhone Air အသုံးပြုသူတွေကြားမှာ အခုတလော ရေပန်းစားနေတဲ့ Bugs တစ်ခု
iPhone 17 နဲ့ iPhone Air အသုံးပြုသူတွေကြားမှာ အခုတလော ရေပန်းစားနေတဲ့ Bugs တစ်ခု…
Read more
: iPhone 17 နဲ့ iPhone Air အသုံးပြုသူတွေကြားမှာ အခုတလော ရေပန်းစားနေတဲ့ Bugs တစ်ခု
iPhone 17 စီးရီးဟာ ကုမ္ပဏီသမိုင်းတစ်လျှောက် လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး စံချိန်တင်နိုင်ခဲ့တဲ့ Lineup တစ်ခု ဖြစ်လာ
Apple ရဲ့ Q2 ဘဏ္ဍာရေးနှစ် အစီရင်ခံစာအရ iPhone 17 စီးရီးဟာ ကုမ္ပဏီသမိုင်းတစ်လျှောက် လူကြိုက်အများဆုံးနဲ့…
Read more
: iPhone 17 စီးရီးဟာ ကုမ္ပဏီသမိုင်းတစ်လျှောက် လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး စံချိန်တင်နိုင်ခဲ့တဲ့ Lineup တစ်ခု ဖြစ်လာ
iOS 26.5 မှာ iPhone အတွက် လှပတဲ့ wallpaper အသစ်များ
iOS 26.5 မှာ iPhone အတွက် လှပတဲ့ wallpaper အသစ်တွေကို ထည့်သွင်းပေးထားပြီး အဆိုပါစနစ်ရဲ့…
Read more
: iOS 26.5 မှာ iPhone အတွက် လှပတဲ့ wallpaper အသစ်များ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.