Your cart is currently empty!
အသားအရေထိန်းသိမ်းမှုကို ပုံမှန်လုပ်ဆောင်ရကြတဲ့အခါ Day Cream ကိုအသုံးပြုသလိုဘဲ Night cream ကိုလဲ မပါမဖြစ် အသုံးပြုရပါတယ်။ ဒါပေမယ့် Night cream ဆိုတာ ဘာလဲ၊ ဘာအတွက်အသုံးပြုကြလဲ ဆိုတာကို သိကြပြီးတဲ့သူတွေ ရှိသလို မသိသေးကြတဲ့ သူတွေအတွက် ဒီနေ့မှာတောာ့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။
Night Cream က ဘာတွေလုပ်ပေးသလဲ?
ညဘက်မှာဆိုရင် အရေပြားဟာ ပြန်လည်အားဖြည့် ပြုပြင်ရေး လုပ်ငန်းစဥ်ကို ပြုလုပ်တာကြောင့် အဲ့အချိန်မှာ UV ၊ လေထုညစ်ညမ်းမှု၊ ရောဂါပိုးမွှားတွေ စတာတွေကနေ ကာကွယ်ပေးတဲ့ အရေပြားအလွှာတွေကို ဂရုစိုက်ပေးဖို့ အထူးအရေးကြီးပါတယ်။ ဒါကြောင့် Night Cream ကို ညဘက်မှာ အရေပြားကို ပြန်လည်ကောင်းမွန်လာအောင် အသုံးပြုပါတယ်။
ကျန်းမာသန်စွမ်းပြီး ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရေပြားကို ပြန်လည်ကောင်းမွန်စေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဖော်ထားတဲ့ night cream ကို သုံးသင့်ပါတယ်။ Ceramides၊ antioxidants တွေဖြစ်တဲ့ omega fatty acids နဲ့ vitamin C၊ glutathione နဲ့ superoxide တို့လို အရေပြားကို ကာကွယ်ပေးနိုင်တာတွေကို သုံးထားတဲ့ night cream ကို အသုံးပြုခြင်းတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ Night Cream က ဘာကြောင့် ညဘက်မှာဘဲ အသုံးပြုရတာလဲ?
Night Cream တွေဟာ ညအချိန်မှာ အသားအရေကို ရေဓာတ်ဖြည့်တင်ပေးပြီး ပြန်လည် ပြုပြင်မှုလုပ်ငန်းစဉ်ကို ကောင်းမွန်စွာ ထောက်ပံပေးပါတယ်။ ဒါကြောင့် အိပ်ရာမဝင်မီ လိမ်းပေးတာက လန်းဆန်းတောက်ပတဲ့ မျက်နှာကို ရရှိစေပါတယ်။
Night Cream နေ့တိုင်းသုံးလို့ရလား?
Night Cream ကို ဘယ်လောက်ဘဲ သုံးရမယ်လို့ မသတ်မှတ်ထားပေမယ့် ကိုယ့်ရဲ့ အသားအရေ အမျိုးအစားနဲ့ Night Cream ရဲ့ ပါဝင်ပစ္စည်းတွေပေါ်မှာလဲ မူတည်ပါသေးတယ်။ အသားအရေခြောက်သွေ့တဲ့သူတွေအတွက် ညတိုင်းလိမ်းပေးတာက ရေဓာတ်ကို အကောင်းမွန်ဆုံး ထိန်းသိမ်းပေးပြီး ကျန်းမာတောက်ပတဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။ ထိခိုက်လွယ်တတ်တဲ့ အသားအရေရှိရင်တော့ အရေပြား ဟန်ချက်ညီမှုကို ထိန်းညှိပေးနိုင်တဲ့ Night Cream ကပိုသင့်လျော်ပါတယ်။
တောင်ကိုရီးယားမှ ထုတ်ကုန်များကို အချိန်နဲ့တပြေးညီ ဝယ်ယူရရှိနိုင်အောင်လုပ်ဆောင်ပေးမယ့် MyanGoal Shopping
Address – Bypyeong Station Shopping Mall, Ground Floor, Incheon, South Korea
010-2497-1478
10:00am to 8:00pm







Leave a Reply
You must be logged in to post a comment.