ကိုရီးယားရှိ တက္ကသိုလ် အိပ်ဆောင် ( 기숙사 ) ကတော့ ကိုရီးယားမှာ ရေပန်းအစားဆုံး ကျောင်းသား အတွက် နေထိုင်စရာ တစ်ခုဖြစ်ပါတယ်။ ကျောင်းဝင်းထဲမှာ နေထိုင်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေက ရှိပါတယ်။
အိပ်ဆောင်တွေမှာ နေမယ်ဆိုရင်တော့ ရေဖိုး၊ လျှပ်စစ်မီးဖိုးစတဲ့ အသုံးစရိတ်တွေကို သက်သာစေပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့အချိန်တိုင်း အေးလို့ heater ဖွင့်ချင်ရင်ဖြစ်ဖြစ် ဒါမှမဟုတ် ပူလာလို့ aircon ဖွင့်ချင်လို့ မရပါဘူး။ (တက္ကသိုလ်တစ်ခုနဲ့တစ်ခု မတူညီတဲ့ စည်းကမ်းတွေကိုလဲ ချမှတ်ထားကြပါတယ်။) ကျောင်းဝင်းထဲမှာ နေထိုင်ချင်တယ်ဆိုရင်တော့ ကျောင်းကသတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်အချို့ (ပညာရေးစွမ်းဆောင်ရည် – academic performance) ကို လိုက်နာပေးရပါမယ်။
အိပ်ဆောင်က ကျောင်းဝင်းထဲမှာဘဲမလို့ အတန်းတွေကို သွားရလာရတာတော့ လွယ်ကူပါတယ်။ ကျောင်းအိပ်ဆောင်ထဲ နေမယ်ဆိုရင် တစ်ယောက်ထဲ နေရတာမဟုတ်ဘဲ အခန်းဖော်တစ်ယောက်နဲ့ အခန်းကို မျှပြီးနေရတာဘဲ ဖြစ်ပါတယ်။ သူများနဲ့နေရတာ မကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ သူစိမ်းတစ်ယောက်နဲ့ အတူနေထိုင်ရတာ အဆင်ပြေရင်တော့ မတူညီတဲ့ နိုင်ငံ နောက်ခံတွေ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကိုလဲ ဖလှယ်နိုင်မှာဘဲ ဖြစ်ပါတယ်။ နိုင်ငံတကာ ကျောင်းသားတွေနဲ့အတူ နေထိုင်ရတာမလို့ အတွေးအမြင်၊ အယူအဆအသစ်တွေ သိနိုင်မှာဘဲ ဖြစ်ပါတယ်။
အဆောင်ရဲ့ အခန်းအရွယ်အစားကတော့ ကျဉ်းပါတယ်။ အခန်းထဲမှာ ကုတင်နှစ်လုံး၊ စားပွဲနှစ်လုံးနှင့် ဗီရိုသေးသေးလေးတွေ ပါရှိပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေကိုတော့ သေချာလေး ထိန်းသိမ်းထားဖို့တော့ လိုအပ်ပါတယ်။
ဒါ့အပြင် ကုတင်နှစ်ခုကြားရှိ နေရာဟာ လူတစ်ဦးလောက်ဘဲ သွားလာလို့ ရပါတယ်။ ပရိဘောဂတွေကတော့ သန့်ရှင်းသပ်ရပ် ကောင်းမွန်ပြီး ကျောင်းသားတွေအတွက် နားနေခန်းလည်း ရှိပါတယ်။ စျေးအနည်းအများအပေါ် မူတည်ပြီး သီးသန့်ရေချိုးခန်းပါတာနဲ့ ဘုံရေချိုးခန်းကို အသုံးပြုရတာလဲ ကွာပါသေးတယ်။ အဝတ်လျှော်စက်ကိုလဲ မျှသုံးရတာမလို့ လျှော်ရမယ့် အဝတ်တွေကို ပုံမှန်လေးလျှော်သွားတာ အကောင်းဆုံး ဖြစ်မှာဘဲ။ မဟုတ်ရင် အများကြီးစုပြီး လျှော်တဲ့အခါ လူများတဲ့အချိန်ဆို အကြာကြီး စောင့်နေရမှာဘဲ ဖြစ်ပါတယ်။
ကျောင်းအဆောင်တွေမှာ အိမ်ပြန်ချိန်ကို သတ်မှတ်ထားပြီး ညနက်တဲ့အထိ နေလို့မရပါဘူး။ တစ်ကျောင်းနဲ့ တစ်ကျောင်း ကန့်သတ်ထားတဲ့ အချိန်တွေ မတူနိုင်တာကြောင့် ကိုယ့်တက်မယ့်ကျောင်းကို အရင်လေ့လာထားရပါမယ်။ ဒါ့အပြင် အဆောင်ထဲမှာ အရက်လဲ လုံးဝသောက်လို့မရပါဘူး။ ကျောင်းက ဒီလိုချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် နောက်လာမယ့် semster တွေမှာ ကျောင်းဝင်းအတွင်း နေထိုင်နိုင်မှာ မဟုတ်ပါဘူး။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ်
09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်

Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar
(+95) 09-440094094

Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea.
(+82) 010-24971478
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ်
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်







Leave a Reply
You must be logged in to post a comment.