Your cart is currently empty!
ဒီနေ့မှာတော့ ကျန်နေသေးတဲ့ Incheon မှာစျေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာ 4 နေရာကို ဖော်ပြလိုက်ပါတယ်။
5.Triple Street
Songdo IBD၊ Yeonsu-gu မှာရှိတဲ့ Triple Street ကတော့ ဈေးဝယ်လို့ကောင်းတဲ့ ဧရိယာတစ်ခု ဖြစ်ပါ။ Hyundai Premium Outlets Songdo၊ Triple Street၊ Honestar Mall နဲ့ Homeplus တို့ဟာ Technopark ဘူတာ (Incheon မြေအောက်ရထားလိုင်း 1) နဲ့ Campus Town အကြားမှာ တည်ရှိသောကြောင့် ဒီဧရိယာတဝိုက်ဟာ စျေးဝယ်ပြီး လည်ပတ်ကြည့်ရှုလို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ စျေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ VR နဲ့ ပတ်သက်တာတွေအပြင် စာအုပ်ဆိုင်တွေ၊ ကလေးကစားစရာ နေရာတွေကြောင့် မိသားစုလိုက် တစ်နေ့တာကုန်ဆုံးဖို့ ကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
တည်နေရာ- 33-3 Songdogwahak-ro 16 beon-gil၊ Yeonsu-gu၊ အင်ချွန်း၊ တောင်ကိုရီးယား
ဆိုင်ဖွင့်ချိန်- နေ့စဉ် နံနက် ၁၀း၃၀ မှ ည ၁၀ နာရီအထိ
6.Lotte Department Store Incheon Terminal
Incheon Terminal မှာရှိတဲ့ Lotte Department Store ကတော့ များသောအားဖြင့် Incheon မြို့ကို လာရောက်လည်ပတ်တဲ့သူတွေ အများဆုံး လာရောက်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာက ဇိမ်ခံဖက်ရှင်တံဆိပ်တွေ၊ ဖိနပ်နဲ့ အလှကုန်အမှတ်တံဆိပ်တွေလဲ ဒီစျေးဝယ်စင်တာမှာ ရှိပါတယ်။ အီလက်ထရွန်းနစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေဆိုရင်လဲ ထိပ်တန်း နည်းပညာအမှတ်တံဆိပ်တွေလဲ ရှိပါတယ်။ ကုန်တိုက်ရဲ့ B1 အထပ်မှာရှိတဲ့ Food Hall မှာ ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်မျိုးစုံရှိပါတယ်။ ကိုရီးယား၊ ဂျပန် အစားအသောက်ကနေ အမေရိကန်၊ ဥရောပ အစားအသောက်တွေအထိ ရှိပါတယ်။
တည်နေရာ- 35 Yeonnam-ro၊ Gwangyo-dong၊ Nam-gu၊ Incheon၊ တောင်ကိုရီးယား
ဖွင့်ချိန်- တနင်္လာ-ကြာသပတေးနေ့ နံနက် ၁၀း၃၀ မှ ၈ နာရီ၊ သောကြာ-တနင်္ဂနွေ မနက် ၁၀း၃၀ မှ ၈း၃၀ နာရီ
7.Hyundai Premium Outlet Songdo
Songdo မှာရှိတဲ့ Hyundai Premium Outlet Mall ကတော့ Songdo Technopark ဘူတာရဲ့ ဆန့်ကျင်ဘက်မှာ တည်ရှိပြီး ဒီစျေးဝယ်စင်တာရဲ့ အပြင်အဆင်ကတော့ ဆွဲဆောင်မှုအပြည့်ရှိပါတယ်။ ခေတ်မီတဲ့ ဆိုင်မျက်နှာစာ အပြင်အဆင်တွေ၊ ကျယ်ဝန်းတဲ့ လမ်းကြားမှာ တည်ရှိပြီး ဒီနေရာမှာ အမှတ်တံဆိပ်ပေါင်း 300 ကျော်ကို တွေ့ရှိနိုင်ပါတယ်။ B1 အထပ်မှာရှိတဲ့ Premium စျေးကွက်ကတော့ ဥရောပစတိုင် အတွေ့အကြုံကို ခံစားရစေမှာဘဲ ဖြစ်ပါတယ်။ ကုန်တိုက်မှာ ကိုရီးယား ရိုးရာ စားသောက်ဆိုင် အပါအဝင် ဆိုင်ပေါင်း 25 ဆိုင်ကျော်ရှိပါတယ်။ Premium Outlet Mall ဆိုတဲ့အတိုင်း စျေးတွေကတော့ မြောက်တဲ့ပါပါတယ်။ ဒါပေမဲ့ ဒီကုန်တိုင်မှာ အလည်အပတ်ထွက်ရင်း Premium အမှတ်တံဆိပ်ပေါင်းစုံကို ကြည့်ရတာတော့ စိတ်ကျေနပ်မှု ရရှိစေမှာပါ။
တည်နေရာ- 123 Songdo Gukje-daero, Songdo 1(il)-dong, Yeonsu-gu, Incheon, South Korea
ဆိုင်ဖွင့်ချိန်- နေ့စဉ် နံနက် ၁၀း၃၀ မှ ည ၉ နာရီအထိ
8.Incheon Complex Fish Market
Incheon Complex Fish Market ကတော့ ဈေးနှုန်းချိုသာပြီး လတ်ဆတ်တဲ့ ပင်လယ်စာတွေကို ရနိုင်တဲ့ မြို့ရဲ့ အဓိကစျေးတွေထဲက တစ်ခုဖြစ်ပါတယ်။ Hang-dong ရှိ Yeonan Pier မှာ တည်ရှိပြီး စျေးဟာ သမိုင်းကြောင်း ရှည်လျားပြီး Yeonan Pier Fish Market လို့လဲ ခေါ်လေ့ရှိပါတယ်။ ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းခြေက လတ်လတ်ဆတ်ဆတ်ရတဲ့ ပင်လယ်စာမျိုးစုံကို စျေးနှုန်းသက်သက်သာသာနဲ့ ရရှိနိုင်ပါတယ်။ စျေးမှာ ပင်လယ်စာတွေကို ကဏ္ဍအလိုက်ခွဲခြားထားပြီး ဒီစျေးမှာ ငါးအရှင်ကို ဝယ်ယူပြီး အစီမ်းစားကြည့်လို့ရတဲ့ စားသောက်ဆိုင်တွေလဲ ရှိပါတယ်။
တည်နေရာ- 37 Yeonanbudu-ro 33 beon-gil၊ Jung-gu၊ အင်ချွန်း၊ တောင်ကိုရီးယား
ဆိုင်ဖွင့်ချိန်- နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ
#shopping #incheon #korea #Myanmar #markets #myangoal







Leave a Reply
You must be logged in to post a comment.