Part 2 / Incheon မှာရှိတဲ့ အကောင်းဆုံးစျေး 8 ခု

အရင်ရက်က Incheon မှာရှိတဲ့ အကောင်းဆုံးစျေး 8 ခုထဲက Incheon Complex ငါးဈေး၊ Sorae ငါးဈေး၊ Sinpo နိုင်ငံတကာစျေးကွက်၊ Ganghwa ရိုးရာစျေး အကြောင်းတွေကို ဖော်ပြပေးခဲ့ပါတယ်။ ဒီနေ့မှာလဲ ကျန်နေသေးတဲ့ စျေးတွေဖြစ်တဲ့ Singi ဈေး၊ Daeryong ဈေး၊ Incheon Moraenae ဈေး၊ Bupyeong ဈေးတွေ အကြောင်းကို ထပ်မံတင်ဆက် ပေးလိုက်ပါတယ်။

5.Singi ဈေး
ဧရိယာ ၃၃၀၀ စတုရန်းမီတာကျယ်ဝန်းပြီး စတိုးဆိုင်ပေါင်း ၁၂၀ ခန့်ရှိတဲ့ Singi စျေးကတော့ Juan-dong မှာ နေထိုင်သူတွေ အတွက်သာမက Michuhol-gu ဧရိယာတစ်ခုလုံးအတွက်ပါ အစားအသောက်မျိုးစုံကို ရရှိနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီစျေးကို 1983 ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဈေးဟောင်းဖြစ်ပေမယ့် ခေတ်မှီစက်ပစ္စည်းတွေကို တပ်ဆင်ထားပြီးသန့်ရှင်းသပ်ရပ်တဲ့ စျေးဝယ်စင်တာအဖြစ် အဆင့်မြှင့်ပြောင်းလဲခဲ့ပါတယ်။ တခြား ရိုးရာဈေးတွေလိုမျိုးဘဲ ဒီဈေးမှာလဲ နာမည်ကြီး စားသောက်ဆိုင်များစွာ ရှိပါတယ်။ buchimgae (ကိုရီးယား ပန်ကိတ်မုန့်) ရောင်းချတဲ့ဆိုင်တွေ၊ အရသာရှိတဲ့ ခေါက်ဆွဲပူပူကို ဟင်းခတ်အမွှေးအကြိုင် ပြုလုပ်ထားတဲ့ ဟင်းရည်ကလဲ လမ်းသွားလမ်းလာတွေကို ဆွဲဆောင်နေပါတယ်။

တည်နေရာ- 547၊ Michuhol-daero၊ Michuhol-gu၊ အင်ချွန်း၊ ကိုရီးယားသမ္မတနိုင်ငံ
ဆိုင်ဖွင့်ချိန်- နေ့စဉ် နံနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ

6.Daeryong ဈေး
ကိုရီးယားစစ်ပွဲမှာ Hwanghae ခရိုင်ရှိ Yeonbaek ကနေ ထွက်ပြေးလာသူတွေဟာ Hangang မြစ်ကမ်းပါးတစ်လျှောက် နယ်နိမိတ်မျဉ်း ရေးဆွဲထားသောကြောင့် သူတို့ရဲ့ ဇာတိမြို့ကို မပြန်နိုင်တာကနေ အသက်မွေးဝမ်းကြောင်းအတွက် ကုန်ပစ္စည်းတွေရောင်းဝယ် ဖောက်ကားလာကြပါတယ်။ ဒါကြောင့် Daeryong စျေးဟာ Gyodongdo ကျွန်းကို ယာယီရွှေ့ပြောင်းနေထိုင်ကြတဲ့သူတွေ အသက်မွေးဝမ်းကြောင်းပြုလုပ်ရန်အတွက် Yeonbaek စျေး အသွင်အပြင်အတိုင်း ပြန်လည်ဖန်တီးပေးထားတဲ့ လမ်းကြားဈေး တစ်ခုဖြစ်ပါတယ်။ 2014 ခုနှစ် ဇူလိုင်လမှာ Gyodongdaegyo တံတားကို ဖွင့်လှစ်လိုက်တာဟာ Daeryong ဈေး 1960 ခုနှစ်က ရုပ်ရှင်တွေထဲ ရောက်သွားသလို ခံစားနိုင်တာကြောင့် ခရီးသွားတွေ လာ‌ရောက်လည်ပတ်မှု များလာခဲ့ပါတယ်။ ဒါကြောင့် ကိုရီးယားရဲ့ သမိုင်းဝင်စျေးတစ်ခု ဖြစ်တာနဲ့ အညီ ခရီးသွားတွေ အလာများပြီး လိုအပ်တဲ့ ပစ္စည်းအစုံအလင်ကို တစ်နေရာထဲမှာ ရနိုင်ပါတယ်။

တည်နေရာ- ၃၅၊ Gyodongnam-ro၊ Gyodong-myeon၊ Ganghwa-gun၊ အင်ချွန်း၊ ကိုရီးယားသမ္မတနိုင်ငံ
ဖွင့်ချိန်- နေ့စဉ် နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ

7.Incheon Moraenae ဈေး
Incheon မြို့လယ်ခေါင် Guwol-dong မှာရှိတဲ့ Incheon Moraenae Market ကတော့ 1982 ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပါတယ်။ စတည်ထောင်ကတည်းက ခေတ်မီတဲ့ ရိုးရာစျေးဖြစ်အောင် အစီအစဥ်ကို သေချာချမှတ်ခဲ့ပါတယ်။ ဒီရိုးရာဈေးမှာ ပွဲတော် တော်တော်များများလဲ ပြုလုပ်လေ့ရှိပြီး ညဘက်ထွက်ရတာ ကြိုက်တဲ့သူတွေအတွက် Incheon မြို့ရဲ့ ပထမဆုံးညဈေး Yahan Market နဲ့ ပူပြင်းသောနွေရာသီမှာ ဘီယာကြမ်းနဲ့ nogari(ငါးခြောက်) တို့ကိုစျေးနှုန်းချိုသာစွာ ရောင်းချတဲ့ Nomaek ပွဲတော်တို့ ရှိပါတယ်။တခြားရိုးရာဈေးတွေထက် ပိုကြီးတဲ့ ဒီဈေးမှာ Minyeong Hwareo Gongjang၊ 032 Dakgangjeong နဲ့ Sexy Tteokbokki တို့လို နာမည်ကြီး စားသောက်ဆိုင်တွေအပြင် ဆန်မုန့်တွေ၊ ပင်လယ်စာ၊ သစ်သီးတွေ၊ မုန့်တွေ အပါအဝင် အစားအသောက်မျိုးစုံကို ရနိုင်တဲ့ ဆိုင်တွေလည်း ရှိပါတယ်။ Incheon မြေအောက်ရထားလိုင်း 2 ရှိ Moraenae Market ဘူတာနဲ့လဲ ချိတ်ဆက်ထားတာကြောင့် သွားရလာရ လွယ်ကူပါတယ်။

တည်နေရာ- 42-8၊ Hogupo-ro 810beon-gil၊ Namdong-gu၊ Incheon၊ ကိုရီးယားသမ္မတနိုင်ငံ
ဆိုင်ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ

8.Bupyeong ဈေး
1958 ခုနှစ်မှာ Bupyeong Public Market လို့ခေါ်တဲ့ လမ်းဘေးဈေးအဖြစ် စတင်ခဲ့ပြီး ယခုအခါမှာတော့ Bupyeong Market ရိုးရာ အစဉ်အလာရှိပြီး ခေတ်မီတဲ့ မြို့လယ်ခေါင်က စျေးတစ်ခုဖြစ်လာပါပြီ။ဒီစျေးမှာ ကမ္ဘာလှည့်ခရီးသည်အများစုကို ဆွဲဆောင်နိုင်တဲ့ အရာကတော့ ရိုးရာအစားအစာတွေရနိုင်တဲ့ နာမည်ကြီးစားသောက်ဆိုင်တွေဘဲ ဖြစ်ပါတယ်။ Bupyeong Market ဧရိယာတစ်ဝိုက်မှာလဲ အဝတ်အစားနဲ့ IT ပစ္စည်းတွေကို အဓိကရောင်းချတဲ့ Bupyeong Station မြေအောက်ဈေးဝယ်စင်တာ၊ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပင်လယ်စာတွေကို ရောင်းချတဲ့ Bupyeong Kkang Market၊ စိုက်ပျိုးရေး ထုတ်ကုန်တွေ၊ ပင်လယ်စာခြောက်တွေ၊ ကုန်ပစ္စည်းမျိုးစုံ ရောင်းဝယ်နိုင်တဲ့ Bupyeong General Market တို့ရှိပါတယ်။ မြေအောက်ရထား ဘူတာရုံနှစ်ခုစာ အရွယ်အစာရှိတဲ့ Bupyeong စျေးမှာ ကုန်ပစ္စည်း အစုံအလင်ကို တစ်နေရာထဲမှာ ရရှိနိုင်ပါတယ်။

တည်နေရာ- ၃၈-၃၊ Buheung-ro 316beon-gil၊ Bupyeong-gu၊ Incheon၊ ကိုရီးယားသမ္မတနိုင်ငံ
ဆိုင်ဖွင့်ချိန်- နေ့လယ်မှ ည ၈ နာရီအထိ

#myangoal #shopping #incheon #korea #Myanmar #markets


Latest