part 2 / ဆိုးလ်မှာရှိတဲ့ အကောင်းဆုံး Street Markets 8 ခု

ဆိုးလ်မှာရှိတဲ့ အကောင်းဆုံး Street Markets 8 ခုထဲက ကျန်နေသေးတဲ့ Street Markets တွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

5.Gyeongdong ဈေး
Gyeongdong ဈေးကတော့ အိမ်လုပ်ဆေးဝါးတွေ၊ ဆေးမြစ်တွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ရောင်းချပေးတဲ့ ဆိုင်ပေါင်း ၁၀၀၀ ကျော်ရှိတဲ့ ရိုးရာစျေး ဖြစ်ပါတယ်။ Dongdaemun မှာတည်ရှိပြီး အာရှဆေးဖက်ဝင်အပင်တွေနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို သက်သာတဲ့ စျေးနှုန်းနဲ့ ရနိုင်တာကြောင့် ဒီစျေးဟာ တရုတ်နဲ့ ဂျပန်ခရီးသွားတွေကြား အထူးရေပန်းစားပါတယ်။ ဒီစျေးမှာ လူကြိုက်အများဆုံး ပစ္စည်းအချို့ကတော့ ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ရရှိဖို့ ဂျင်ဆင်းနီ ၊ သွေးပေါင်ချိန် ကောင်းဖို့အတွက် အသုံးပြုတဲ့ ဇီးသီးမျိုးစုံနဲ့ ဖျော်ရည်တွေကို လန်းလန်းဆန်းဆန်းဖြစ်အောင် ထည့်သွင်းလေ့ရှိတဲ့ ဂန္ဓမာပန်းပွင့်တွေ ဖြစ်ပါတယ်။

တည်နေရာ- 3 Gosanja-ro 36-gil၊ Dongdaemun-gu၊ ဆိုးလ်၊ တောင်ကိုရီးယား
ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ

6.Noryangjin ငါးလက်ကားဈေး
Noryangjin ငါးလက်ကားဈေးကတော့ ဆိုးလ်ဘူတာကနေ 15 မိနစ် ရထားစီးရင် ရောက်တဲ့ စျေးဖြစ်ပါတယ်။ ဒီဈေးကို သွားဖို့ အကောင်းဆုံးအချိန်ကတော့ ပင်လယ်စာ လေလံပွဲတွေ ကျင်းပတဲ့ မိုးလင်းခါနီးအချိန်ဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာကနေ လတ်လတ်ဆတ်ဆတ်ရတဲ့ ပင်လယ်စာတွေကို အလွန်သက်သာတဲ့ စျေးနှုန်းတွေနဲ့ ရောင်းချနေတဲ့ ဆိုင်ပေါင်း 800 ခန့်ရှိပါတယ်။ စျေးအပေါ်ထက်မှာဆိုလဲ ကိုရီးယားနဲ့ ဂျပန်ဟင်းလျာတွေကို လတ်ဆတ်ပြီး အရသာအရှိဆုံး ပင်လယ်စာတွေနဲ့ ချက်ပြုတ်ထားတဲ့ စားသောက်ဆိုင်များစွာရှိပါတယ်။

တည်နေရာ- 674 Nodeul-ro၊ Noryangjin-dong၊ Dongjak-gu၊ ဆိုးလ်၊ တောင်ကိုရီးယား

7.Seoul Folk Flea Market
Seoul Folk Flea Market ကတော့ Hwanhakgyo တံတားနဲ့ Sinseol-dong ဘူတာတစ်လျှောက် ပြခန်းပေါင်း ၉၀၀ ကျော်နဲ့ ရှေးဟောင်း ပစ္စည်းစုဆောင်းသူတွေကို ဆွဲဆောင် နေတဲ့ စျေးတစ်ခုဖြစ်ပါတယ်။ ဒီစျေးမှာ အလှဆင်ကျောက်တွေ၊ ရှေးဟောင်း လက်နှိပ်စက်တွေနဲ့ မြေအိုးစစ်စစ်တွေကိုပါ ရှာတွေ့နိုင်ပါတယ်။ Seoul Folk Flea Market ရဲ့ အများဆုံး ရောင်းချတဲ့ ပစ္စည်းတွေကတော့ ရိုးရာပစ္စည်းမျိုးစုံ၊ ရိုးရာလက်မှုပညာ၊ ဒေသထွက်ကုန်တွေနဲ့ ဖက်ရှင်ပစ္စည်းတွေ အများဆုံး ဖြစ်ပါတယ်။ ရောင်းချတဲ့ ကုန်ပစ္စည်း အမျိုးအစားအလိုက် သီးသန့်ဇုန်တွေ ခွဲခြားထားပါတယ်။ အရသာရှိတဲ့ street foods တွေအတွက် ဧရိယာ သပ်သပ်ထားပေး ထားတာကြောင့် ဗိုက်ဆာလာရင် စိတ်ပူစရာမလိုပါဘူး။ Pungmulpae လို့ခေါ်တဲ့ တောင်ကိုးရီးယား ရိုးရာဖျော်ဖြေပွဲကိုလဲ ကြည့်နိုင်ပါတယ် ။ Seoul Folk Flea Market ကတော့ တစ်ပတ်ရစ်ပစ္စည်းတွ၊ ထူးထူးဆန်းဆန်း အမှတ်တရပစ္စည်းတွေနဲ့ လျှော့စျေးချထားတာတွေလဲ ရှိတာကြောင့် ဒီလိုမျိုးပစ္စည်းတွေ ဝယ်ယူဖို့ စိတ်ဝင်စားသူတွေအတွက် မဖြစ်မနေ လာရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
တည်နေရာ- ၂၁ Cheonho-daero 4-gil၊ Sinseol-dong၊ Dongdaemun-gu၊ ဆိုးလ်၊ တောင်ကိုရီးယား

ဖွင့်ချိန်- ဗုဒ္ဓဟူး-တနင်္လာနေ့ နံနက် ၁၀ နာရီမှ ည ၇ နာရီ (အင်္ဂါနေ့မှာ ပိတ်ပါတယ်)

8.Yongsan အီလက်ထရွန်းနစ်စျေးကွက်
Yongsan Electronics Market ကတော့ အီလက်ထရွန်းနစ်ဆိုင်ပေါင်း 5,000 ခန့်ရှိတဲ့ ဧရာမလက်ကားစျေး တစ်ခုဖြစ်ပါတယ်။ ရုံးသုံးပစ္စည်းတွေ၊ ဒစ်ဂျစ်တယ်ကင်မရာတွေ၊ ကွန်ပျူတာ၊ ဗီဒီယိုဂိမ်း၊ DVD နဲ့ တခြား gadget မျိုးစုံကို ရှာနိုင်ပါတယ်။ အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ ပတ်သက်တာတွေ လိုချင်ရင်တော့ ရာနှင့်ချီတဲ့ ကိုရီးယားလုပ် အစိတ်အပိုင်းတွေကို တွေ့နိုင်ပြီး လိုအပ်ရင်လဲ တပ်ဆင်ဖို့အတွက် ကူညီပေးပါတယ်။ အချို့စတိုးဆိုင်တွေကိုဆို ကိုယ်လိုချင်တဲ့ ထုတ်ကုန်တွေအတွက် စျေးဆစ်ကြည့်ပြီး အကောင်းဆုံး လျှော့စျေးတွေနဲ့ တန်တန်လေး ဝယ်ယူနိုင်ပါတယ်။ ဒီစျေးက စျေးနှုန်းတွေက ဆိုးလ်မှာရှိတဲ့ လက်လီစတိုးဆိုင် အများစုထက် 5% မှ 30% ခန့် သက်သာပါတယ်။

တည်နေရာ- 15-2 Hangangno 2(i)-ga၊ Yongsan-gu၊ ဆိုးလ်၊ တောင်ကိုရီးယား
ဖွင့်ချိန်- တနင်္လာ-သောကြာ နံနက် ၉ နာရီမှ ၈ နာရီအထိ၊ စနေနှင့် တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ

#myangoal #shopping #seoul #korea #Myanmar #Markets


Latest