Seongsu မှာ စျေးဝယ်ဖို့ ဘယ်ဆိုင်တွေကောင်းလဲ ? part 1

Seongsu ရောက်လို့ ဘယ်ဆိုင်တွေက စျေးဝယ်လို့ ကောင်းမလဲ ဆိုတာ ပြောပြပေးသွားမှာမလို့ စျေးဝယ်ရတာ ကြိုက်တဲ့သူတွေအတွက် ဆိုင်ကောင်းကောင်း ၅ ဆိုင်ကို‌ ပြောပြပေးလိုက်ပါတယ်။ နောက်အပတ်မှာလဲ နောက်ထပ် ကျန်နေသေးတဲ့ ဆိုင်ကို ပြောပြသွားဦးမှာမလို့ ဆက်ဆက် စောင့်မျှော်နေပေးကြပါနော်။

Tamburins Seongsu Flagship Store | Tambourines Seongsu Flagship Store
Tamburins ကတော့ ရေမွှေးနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာတဝှမ်း ရေပန်းစားတဲ့ အမှတ်တံဆိပ်တခုဘဲ ဖြစ်ပါတယ်။ ဒီအမှတ်တံဆိပ်ကို Gentle Monster က ပိုင်တာဖြစ်ပြီး ရေမွှေးအပြင် hand creams တွေ ဆပ်ပြာတွေ စတာတွေကိုလဲ ရောင်းချပါတယ်။ Seongsu မှာရှိတဲ့ လူသိများတဲ့ အထင်ကရ စတိုးဆိုင်ဖြစ်ပြီး ဆိုင်ရဲ့ အပြင်ပိုကိုလဲ ထူးထူးခြားခြား ဒီဇိုင်းနဲ့ ပြင်ဆင်ထားပါတယ်။ BLACKPINK က Jennie collab လုပ်ထားတာကြောင့် ဆိုင်မှာ Jennie ရဲ့ ဓာတ်ပုံတွေကို တွေ့နိုင်ပါတယ်။ Jennie နဲ့ collab လုပ်ပြီး နောက်ပိုင်း ဒီအမှတ်တံဆိပ်က ပိုပြီး နာမည်ကြီးလာပါတယ်။

ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:00-21:00
လိပ်စာ- 8 Yeonmujang 5-gil, Seongdong-gu, Seoul
서울 성동구 연무장5길 8

Stand Oil | 스탠드오일
Seongsu ရောက်လို့ စတိုင်ကျတဲ့ အမိုက်စား အိတ်တွေကို ၀တ်ချင်တယ် ဆိုရင်တော့ Stand Oil ကို သွားကြည့်သင့်ပါတယ်။ ဒီဆိုင်ဟာ Seongsu မှာ ဈေးဝယ်ဖို့ အကျော်ကြားဆုံးနေရာတွေထဲက တခုဖြစ်ပါ။ အရောင်မျိုးစုံ၊ အရွယ်အစားအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ လက်ကိုင်အိတ်တွေ အပြင် ဦးထုပ်နဲ့ ပိုက်ဆံအိတ်တွေလို တခြားဆက်စပ်ပစ္စည်းတွေကိုလဲ တွေ့နိုင်ပါတယ်။ ဒီဆိုင်က တော်တော်လေး ကြီးပြီး အထပ် ၂ ထပ် ရှိပါတယ်။ ပထမထပ်မှာ photo booth နဲ့ နံရံတွေမှဦ virtual art display များရှိပါတယ်။ ဒုတိယထပ်မှာ လက်ကိုင်အိတ်တွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေ ရှိပါတယ်။
ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:00 မှ 20:00
လိပ်စာ- 19 Yeonmujang 11-gil, Seongdong-gu, Seoul
서울 성동구 연무장11길 19

Musinsa Standard | Musinsa Standard Seongsu
Musinsa Standard ကတော့ UNIQLO နဲ့ ဆင်တူတဲ့ ကိုရီးယား အမှတ်တံဆိပ်တခု ဖြစ်ပါတယ်။ အခြေခံ အသုံးအဆောင်တွေ၊ ဖိနပ်တွေနဲ့ အတူ ရိုးရိုးရှင်းရှင်း စတိုင်ကျတဲ့ အဝတ်အစားတွေကို ရနိုင်ပါတယ်။ Seongsu မှာရှိတဲ့ ဆိုင်ခွဲက တော်တော်လေး ကြီးပြီး အထပ်နှစ်ထပ်ရှိပါ။ ကျွန်ုပ်တို့သည် ဆောင်းရာသီတွင် လာရောက် လည်ပတ်ကြတာကြောင့် ဆောင်းရာသီအတွက် ချစ်စရာအဝတ်အစားများဖြစ်သည့် အကွက်အကျီများ၊ ကုတ်အင်္ကျီများ၊ ပဝါများနှင့် အခြားအရာများစွာကို ပြသထားသည်။ ခေတ်မီတဲ့ ကိုရီးယားစတိုင် အဝတ်အစားတွေ ဝယ်ယူချင်သူတွေ အတွက် Musinsa Standard ကို သွားကြည့် သင့်ပါတယ်။ စျေးနှုန်းတွေကလဲ သင့်တင့်ပြီး ပစ္စည်းအရည်အသွေးလဲ ကောင်းမွန်ပါတယ်။

ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:00-21:00
လိပ်စာ- 1F-2F 83 Yeonmujang-gil, Seongdong-gu, Seoul
서울 성동구 연무장길 83 1F-2F

OSOI | 오소이
Seongsu မှာ နောက်ဆုံးပေါ် ခေတ်မီတဲ့ လက်ကိုင်အိတ်တွေ ဝယ်ဖို့ ဆိုင်ရှာနေရင်တော့ OSOI ဟာလဲ နောက်ထပ် ရွေးချယ်စရာ စတိုးဆိုင် တခုဖြစ်ပါတယ်။ ဆိုင်ကိုလဲ ပြင်ဆင်ထားတာ အရမ်းလှပြီး ချစ်စရာကောင်းတဲ့ အိတ်လေးတွေလည်း အများကြီးရှိပါတယ်။ အနက်၊ အဖြူရောင် ဒါမှမဟုတ် အညိုရောင် စတဲ့ အရောင်အမျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်းမျိုးစုံကို ရှာတွေ့နိုင်ပါ။ ဒီအမှတ်တံဆိပ်ဟာ သားရေအကျီတွေနဲ့ ကုတ်အင်္ကျီတို့လို အဝတ်အစားတွေကိုလဲ ရောင်းချပေးပါသည်။ ဒီ Brand ကို ကိုရီးယား နာမည်ကြီးတွေ တော်တော်များများ ဝတ်တာ မြင်ဖူးကြမှာပါ ။

ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:30-20:00
လိပ်စာ- Seongsuil-ro 6-gil, Seongdong-gu, Seoul
서울 성동구 성수일로6길 7 1층

AderError Seongsu Space | Arthur Seongsu Space
AderError ကလဲ သူရဲ့ အနုပညာ အယူအဆတွေ၊ တခြား နာမည်ကြီး အမှတ်တံဆိပ်တွေနဲ့ collab လုပ်တာကြောင့် လူသိများတဲ့ ကိုရီးယား ဖက်ရှင်အမှတ်တံဆိပ်တခု ဖြစ်ပါတယ်။ စတိုးဆိုင်ကို ပြပွဲခန်းတခုလို တည်ဆောက်ထားတာကြောင့် ကြည့်ရတာ တကယ်ကို ပျော်စရာကောင်းပြီး ဆိုရှယ်မီဒီယာမှာ အလွန်ရေပန်းစားပါတယ်။ ဆိုင်ရဲ့ အတွင်းပိုင်း ဒီဇိုင်းကိုလဲ အာကာသဆန်ဆန် ပြင်ထားတာကြောင့် တကယ် အာကာသထဲ‌ ရောက်သွားသလို ခံစားရမှာပါ။ ဆိုင်တစ်ဝိုက်မှာ ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်လို့ရတာကြောင့် တကယ်ပျော်ဖို့ ကောင်းပါတယ်။ အလွန်ရေပန်းစားတဲ့ နေရာတခုဖြစ်တာကြောင့် အထဲကို ဝင်ဖို့ တန်းစီစောင့်ဆိုင်း ရပါတယ်။ အဝတ်အစားနဲ့ အသုံးအဆောင်တွေအပြင် Tongue လို့ခေါ်တဲ့ ကော်ဖီဆိုင်လည်း ရှိတယ်။

ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:00-21:00
လိပ်စာ- 82 Seongsui-ro, Seongdong-gu, Seoul
서울 성동구 성수이로 82
#Seongsu #shopping #seoul #korea #myanmar #MyanGoal


Latest