0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Sleeping Mask ဆိုတာဘာလဲ ? Night Cream နဲ့ ဘာတွေကွာခြားလဲ ?
Feb 23, 2025
—
by
Milo Kevin
in
Shopping & Promo
အသားအရေထိန်းသိမ်းမှုကို ပုံမှန်လုပ်ဆောင်ရကြတဲ့အခါ Day Cream တွေ၊ Night cream တွေကို အသုံးပြုသလိုဘဲ Sleeping Mask ကိုလဲ မပါမဖြစ် အသုံးပြုကြပါတယ်။
ဒါပေမယ့် Sleeping Mask ဆိုတာ ဘာလဲ၊ ဘာအတွက်အသုံးပြုကြလဲ ? Day Cream တွေ၊ Night cream တွေလို နေ့တိုင်းသုံးလို့ရော ကောင်းလား ? ဆိုတာကို သိကြပြီးတဲ့သူတွေ ရှိသလို မသိသေးကြတဲ့ သူတွေအတွက် ဒီနေ့မှာတောာ့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။
Sleeping Mask က အသားအရေထိန်းသိမ်းဖို့အတွက် ဘာတွေလုပ်ဆောင်ပေးလဲ။
ဒီ mask ဟာလဲ ညဘက်မှာ အသားအရေထိန်းသိမ်းမှုတွေအတွက် မပါမဖြစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
အိပ်ရာမဝင်ခင် အသားအရေကို နက်ရှိုင်းစွာ ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး သဘာဝအတိုင်း အရေပြားကို ပြန်လည်ပြုပြင်တဲ့ လုပ်ငန်းစဉ်တွေမှာ ကောင်းမွန်စွာ ပံ့ပိုးပေးပါတယ်။ ဒါကြောင့် မနက် အိပ်ရာနိုးလာတဲ့ အချိန်မှာတော့ လန်းဆန်းပြီး တောက်ပတဲ့ အသွင်အပြင်ရရှိနိုင်မှာပါ။
Night Cream နဲ့ Sleeping Mask ကွာခြားချက်က ဘာလဲ။
Night Cream နဲ့ Sleep Mask နှစ်မျိုးလုံးဟာ ညအချိန်မှာ အသားအရေကို ပြန်လည်ကျန်းမာလာစေတဲ့ ထုတ်ကုန်တွေဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ခုမှာ အဓိကကွာခြားချက်ကတော့ သူတို့မှာပါဝင်တဲ့ ဖော်မြူလာနဲ့ ထိရောက်မှုဘဲ ဖြစ်ပါတယ်။
Night Cream တွေဟာ ညစဉ်ပုံမှန်အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး အသားအရေထိန်းသိမ်းမှုတွေ လုပ်တဲ့အခါမှာ တစိတ်တပိုင်းအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ရေဓာတ် ဖြည့်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ Sleeping Mask မှာတော့ အသားအရေအတွက် အရေးကြီးတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီး အိပ်ပျော်နေတဲ့အချိန်မှာ အသားအရေကို ပြန်လည်နုပျိုလာစေဖို့ အဓိကထား လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အမြဲတမ်း အသုံးပြုတာထက် တစ်ပတ်ကို ၂ ကြိမ်လောက်က အကောင်းဆုံးဖြစ်ပါတယ်။
Night Cream နဲ့ Sleeping Mask ကို တွဲသုံးလို့ရပါသလား။
အဖြေကတော့ Yes ပါ။ ဒီအသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ညအချိန် ပုံမှန်အသုံးပြုခြင်းဟာ ကိုယ့်ရဲ့ အသားအရေကို အံ့ဩစရာရလဒ်တွေ ရရှိနိုင်ပါတယ်။ အရင်ဆုံး အသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်နဲ့ အဟာရဓာတ်တွေကို ဖြည့်ဆည်းပေးဖို့အတွက် Night Cream ကို လိမ်းလိုက်ပါ။
ပြီးရင်တော့ အသားအရေ ထိန်းသိမ်းမှုအတွက် Sleeping Mask ကို နောက်ထပ် ကုသမှုအလွှာတစ်ခုအနေနဲ့ အသုံးပြုပါ။ ဒီလို skin routine ကို ပုံမှန် အသုံးပြုခြင်းဟာ ကိုယ့်ရဲ့ အသားအရေကို မနက်ခင်းမှာ ကြည်လင်တောက်ပစွာ နိုးထလာစေပါတယ်။
#sleepingmask #nightcream #myangoal #shopping #korea #cosmetics #skincare
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
iPhone SE 4 ထွက်တော့မှာလား
Next:
လူသားတွေကို အကျိုးပြုမယ့် AI တစ်ခုဖန်တီးမယ်
→
Latest
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည် စမတ်ဖုန်းတွေကို လက်ကနေ ကိုင်သုံးနေရတဲ့ ခေတ်ကနေ…
Read more
: Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ် Facebook ပေါ်မှာ သူများရဲ့ MyDay…
Read more
: Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO (အမျိုးအမည်မသိ ပျံသန်းရေးယာဉ်) ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့…
Read more
: အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံ (ဘတ် ၈၄၂…
Read more
: ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.