0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ဆိုးလ်မှာ စျေးဝယ်လို့အကောင်းဆုံးနေရာများ
Mar 5, 2025
—
by
Milo Kevin
in
Shopping & Promo
ဆိုးလ်ရဲ့ နာမည်ကြီး စျေးဝယ်ရပ်ကွက်တွေမှာ ငါးပြတိုက်တွေ၊ ပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေ၊ အနုပညာပြခန်းတွေနဲ့ ပန်းခြံတွေလိုမျိုး မိသားစုလိုက် သွားလို့ရတဲ့ နေရာတွေလဲ ရှိပါတယ်။ ဒါ့အပြင် ဖက်ရှင်ရှိုးတွေ၊ အနုပညာပြပွဲတွေ၊ ယဉ်ကျေးမှုပွဲတော်တွေနဲ့ တေးဂီတဖျော်ဖြေပွဲတွေကိုလည်း ခံစားနိုင်ပါသေးတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ ဆိုးလ်မှာ စျေးဝယ်လို့အကောင်းဆုံးနေရာ ၈ နေရာကို ဖော်ပြပေးလိုက်ပါတယ်။
Myeong-dong
ဆိုးလ်မှာ စျေးဝယ်ထွက်ဖို့ဆိုရင် Myeong-dong ကတော့ သွားရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ တောင်ကိုးရီးယားရဲ့ အဓိကစျေးဝယ်နိုင်တဲ့ ဧရိယာတစ်ခု ဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ ကုန်တိုက်တွေ၊ ဈေးဝယ်စင်တာတွေနဲ့ လမ်းဘေးဆိုင်တွေရှိပါတယ်။ စျေးဝယ်ထွက်ရတာ ကြိုက်တဲ့သူတွေအတွက်လဲ စျေးသက်သာတဲ့ အဝတ်အစား၊ ဖိနပ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ လက်ဝတ်ရတနာနဲ့ လက်ကိုင်အိတ်တွေ အလွယ်တကူ ဝယ်နိုင်ပါတယ်။ အသားအရေထိန်းသိမ်းတတ်တဲ့ သူတွေအတွက်လဲ ကိုရီးယားအလှကုန်နဲ့ အသားအရေထိန်းသိမ်းမှုထုတ်ကုန်တွေကို ရောင်းချပေးနေတဲ့ ဆိုင်ခွဲပေါင်း 1,000 ကျော်ရှိပါတယ်။ Myeongdong စျေးမှာ စျေးဝယ်ထွက်လည်ပတ်ရင်း ဓါတ်ပုံရိုက်လို့ကောင်းတဲ့အပြင် အထင်ကရ နေရာတွေဖြစ်တဲ့ Myeongdong Catholic Cathedral နဲ့ Myeongdong Nanta Theatre တို့ရှိပါတယ်။
Insa-dong
Insa-dong ရဲ့ လမ်းကြားတလျှောက် ရှေးဟောင်းဆိုင်တွေ၊ ရိုးရာ လက်ဖက်ရည်ဆိုင်တွေနဲ့ စာအုပ်ဆိုင်တွေ ဒါဇင်ပေါင်းများစွာရှိတဲ့ လူစည်ကားတဲ့ ဧရိယာတစ်ခု ဖြစ်ပါတယ်။ ပန်းချီပြခန်းပေါင်း 100 ခန့်လဲရှိပြီး ကိုရီးယားရိုးရာ အနုပညာလက်ရာတွေကို စိတ်ဝင်စားသူတွေအနေနဲ့ အကြိုက်တွေ့စေမှာပါ။ ရိုးရာအနုပညာတွေကို ပြသနေပြီး လူကြိုက်များတဲ့ နေရာတွေလဲဖြစ်တဲ့ Hakgojae Gallery နဲ့ Gana Art Gallery တို့မှာ နိုင်ငံတစ်ဝှမ်းက ခေတ်သစ်အနုပညာရှင်တွေရဲ့ လက်ရာတွေကို ကြည့်ရှုခွင့်ရရှိနိုင်မှာဘဲ ဖြစ်ပါတယ်။ ကိုရီးယား ရိုးရာအ၀တ်အထည် Hanbok တွေ၊ ကိုရီးယား ရိုးရာစက္ကူဖြစ်တဲ့ Hanji တွေ၊ အနုပညာလက်ရာတွေ၊ ခေတ်ဟောင်းအရုပ်၊ မြေအိုးနဲ့ ရိုးရာလက်မှုပညာတွေ လိုမျိုး ပစ္စည်းတွေအပြင် အမှတ်တရပစ္စည်းတွေကိုလဲ ဝယ်ယူရရှိနိုင်ပါတယ်။ Insa-dong ကို သွားရောက်လည်ပတ်တဲ့အခါမှာ ဂန္တဝင်ဖျော်ဖြေပွဲတွေ၊ အနုပညာပြပွဲတွေနဲ့ ကိုရီးယား လမ်းဘေးအစားအစာတွေကို မြည်းစမ်းခဲ့ကြည့်သင့်ပါတယ်။
Starfield COEX Mall
Starfield COEX Mall မှာတော့ ဖက်ရှင်နဲ့ အလှကုန်ပစ္စည်းတွေကနေ အီလက်ထရွန်းနစ်နဲ့ ဖျော်ဖြေရေး အမှတ်တံဆိပ်တွေအထိ အမှတ်တံဆိပ် 300 ကျော် ရှိပါတယ်။ နိုင်ငံတကာ အမှတ်တံဆိပ်တွေ ဒါမှမဟုတ် ကိုးရီးယား အမှတ်တရပစ္စည်း စစ်စစ်ကို ရှာနေရင်တော့ ဒီနေရာက အသင့်လျော်ဆုံး နေရာတွေဘဲ ဖြစ်ပါတယ်။ ၁၃ မီတာမြင့်တဲ့ စာအုပ်စင်တွေပေါ်မှာ စာအုပ်ပေါင်း ၅၀,၀၀၀ ကျော်ရှိတဲ့ Starfield စာကြည့်တိုက်ဟာလဲ ဒီစျေးဝယ်စင်တာဟာ မဖြစ်မနေ လာရောက်လည်ပတ်သင့်တဲ့ နေရာဖြစ်ပါတယ်။ ဒီစင်တာမှာ စျေးဝယ်ထွက်တာအပြင် ဖျော်ဖြေရေးအတွက် ခေတ်မီဆန်းသစ်တဲ့ ရုပ်ရှင်ရုံလဲ ရှိပါသေးတယ်။ ဒါ့အပြင် မိသားစုလိုက် စျေးဝယ်ထွက်တဲ့အခါမှာ အဏ္ဏဝါသက်ရှိ မျိုးစိတ်ပေါင်း 650 ကျော်ကို စုစည်းပြသထားတဲ့ ငါးပြတိုက်ကို ကလေးတွေ ကြိုက်နှစ်မှာ အမှန်ဘဲ ဖြစ်ပါတယ်။ K-Pop ပရိသတ်တွေအနေနဲ့လဲ ကိုယ်အကြိုက်ဆုံး idols တွေရဲ့ merchandise တွေကို ရရှိနိုင်ပြီး စင်တာရဲ့ အရှေ့ဘက်ခြမ်း အပြင်ဘက်မှာရှိတဲ့ နာမည်ကြီး Gangnam Style ရုပ်တုနဲ့ ဓာတ်ပုံရိုက်နိုင်ပါသေးတယ်။
တည်နေရာ- 513 Yeongdong-daero၊ Gangnam-gu၊ ဆိုးလ်၊
ဆိုင်ဖွင့်ချိန်- နေ့စဉ် နံနက် ၁၀း၃၀ မှ ည ၁၀ နာရီအထိ
Itaewon
Itaewon မှာ နိုင်ငံခြားက တင်သွင်းတဲ့ ဖက်ရှင်အမှတ်တံဆိပ်တွေ၊ သားရေပစ္စည်းတွေ၊ လက်ကိုင်အိတ်တွေ၊ ဖိနပ်တွေ၊ ကိုရီးယား အမှတ်တရပစ္စည်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို ရောင်းချပေးနေတဲ့ ဆိုင်ပေါင်း 100 ကျော် ရှိပါတယ်။ ဒေသခံ အထည်ချုပ်သမားတွေက ထူးထူးခြားခြား စိတ်ကြိုက်ချုပ်လုပ်ထားတဲ့ ၀တ်စုံတွေကို အရွယ်အစား ဆိုဒ်အမျိုးမျိုးကို ရရှိနိုင်ပါတယ်။ Itaewon ၏ ထူးခြားချက်ကတော့ စျေးဝယ်ထွက်ရင်း နိုင်ငံတကာ အစားအစာတွေပါ မြည်းစမ်းနိုင်တာဘဲ ဖြစ်ပါတယ်။ နိုင်ငံတကာ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေဟာ Hamilton Hotel Seoul ရဲ့ အနောက်ဘက် လမ်းတွေပေါ်တွင် နေရာယူထားပါတယ်။ Itaewon ဟာ ဆိုးလ်ရဲ့ အဓိက ခရီးသွားလုပ်ငန်း ဧရိယာအဖြစ်လည်း လူသိများတာကြောင့် ဂရိ၊ ပါကစ္စတန်၊ အီတလီ၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ သြစတြေးလျ၊ ပြင်သစ်နဲ့ မက္ကဆီကိုတို့ အပါအဝင် ကမ္ဘာတစ်ဝှမ်းက အစားအစာတွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါတယ်။
ကျန်နေသေးတဲ့ ဆိုးလ်ရဲ့ စျေးဝယ်လို့ အကောင်းဆုံးနေရာတွေဖြစ်တဲ့ Samcheong-dong၊ Hongdae၊ Apgujeong၊ Dongdaemun တို့အကြောင်းကို နောက်ရက်ကျ တင်ဆက်ပေးမှာမလို့ စောင့်မျှော်နေကြပါနော်။
#myangoal #shopping #korea #markets #Myanmar #seoul
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Xiaomi က 15 Series မှာ အကြမ်းဆုံးဆိုတဲ့ Ultra ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။
Next:
Bingsu (빙수) ဒါမှမဟုတ် ကိုရီးယားရေခဲခြစ်
→
Latest
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO (အမျိုးအမည်မသိ ပျံသန်းရေးယာဉ်) ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့…
Read more
: အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံ (ဘတ် ၈၄၂…
Read more
: ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့…
Read more
: Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.